ဆုထက်

မြန်မာ ဂိမ်းStreamer ၊ မော်ဒယ် နှင့်သရုပ်ဆောင်

ဆုထက် သည် သရုပ်ဆောင် ၊မော်ဒယ် နှင့် ဂိမ်း streamerတစ်ဦးဖြစ်သည်။[၁][၂]

ဆုထက်
မွေးဖွားဆုထက်ထက်
(1994-09-05) စက်တင်ဘာ ၅၊ ၁၉၉၄ (အသက် ၂၉)
ရန်ကုန်မြန်မာ
နိုင်ငံလူမျိုးဗမာ
အခြား အမည်များZero
အလုပ်အကိုင်သရုပ်ဆောင် ၊ မော်ဒယ် ၊ ဂိမ်း streamer
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၆-ယခု
အရပ်၅ပေ ၅လက်မ

၂၀၁၉တွင် ထုတ်လွှင့်သော အဆောင် ရုပ်သံဇာတ်လမ်းတွဲဖြင့် သူမအား လူသိများသည်။[၃][၄]

အစောပိုင်းဘဝ နှင့် ပညာရေး ပြင်ဆင်ရန်

ဆုထက်ကို စက်တင်ဘာ ၅၊ ၁၉၉၄တွင် ရန်ကုန်၌ မွေးဖွားခဲ့သည်။ သူမတွင် အစ်ကိုတစ်ယောက်ရှိသည်။ အထက ၁ ဒဂုံမှ အထက်တန်းအောင်မြင်ခဲ့ပြီး နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)တွင် အင်္ဂလိပ်ဘာသာရပ်ကို သင်ကြားခဲ့ကာ ၂၀၁၅ခုနှစ်တွင် ဘီအေဘွဲ့ ရရှိခဲ့သည်။[၁]

သရုပ်ဆောင် အလုပ်အကိုင် ပြင်ဆင်ရန်

ဆုထက်သည် Miss Myanmar International 2017တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးဇကာတင် ၁၀ယောက်တွင် ပါဝင်ခဲ့သည်။ မော်ဒယ်အဖြစ် ကြိုးစားအားထုတ်မှုများကို ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများမှ သတိပြုမိပြီး မကြာမီတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရရှိခဲ့သည်။ သူမ ပထမဆုံး သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားမှာ ၂၀၁၇တွင် ထုတ်လွှင့်ခဲ့သော အိမ်ထောင် ဇာတ်ကားဖြစ်သည်။
၂၀၁၈တွင် သည်းထိတ်ရင်ဖို ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သော အဆောင် တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။၎င်းရုပ်သံဇာတ်လမ်းတွဲကို ဇွန် ၁၊ ၂၀၁၉ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့ပြီး ပြည်တွင်းတွင် အောင်မြင်မှုရရှိကာ သူမအားလည်း လူသိများလာခဲ့သည်။ Fortune TV Groupမှ စစ်တမ်းများ ကောက်ခဲ့ပြီး ပရိသတ်များ၏ တောင်းဆိုချက်အရ အဆောင် ဇာတ်လမ်းတွဲ အတွဲ (၂)ကို ဆက်လက်ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူမသည် အဆောင် ဇာတ်လမ်းတွဲ အတွဲ (၂)တွင် ဆက်လက်သရုပ်ဆောင်ခဲ့ကာ ထိုရုပ်သံဇာတ်လမ်းတွဲကို ဇန်နဝါရီ ၁၁၊ ၂၀၂၀တွင် ထုတ်လွှင့်ခဲ့သည်။[၅][၆]၂၀၁၉တွင် ဥတုမှားတဲ့ဆောင်း ရုပ်ရှင်ဇာတ်ကားကြီးတွင် ငြိမ်းသော်၊ နန်းဆုဦး၊ ခင်ဇာခြည်ကျော်တို့နှင့် တွဲဖက်၍ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၃]2018 Star Awardsပွဲတွင်လည်း သူမကို Star Fairyအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။၂၀၂၀တွင် Yangon In Love ရုပ်ရှင်၌ အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။[၂]

Streaming လုပ်ငန်း ပြင်ဆင်ရန်

၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် Streamingစတင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် CS: GO နှင့် အခြားအွန်လိုင်းဂိမ်းများကိုဆော့သော ပထမဆုံးအမျိုးသမီး Streamerများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ထိုနှစ်ကုန်တွင် ရေပန်းအစားဆုံး ပြည်တွင်း ဂိမ်းstreamerများတွင် ပါဝင်လာခဲ့သည်။[၁]၂၀၁၉တွင် စင်္ကာပူနိုင်ငံအခြေစိုက် Impunity Esportsအဖွဲ့မှ သူမကို Brand Ambassadorအဖြစ်ခန့်အပ်ခဲ့သည်။[၇]

ရိုက်ခဲ့သော ဇာတ်ကားများ ပြင်ဆင်ရန်

ရုပ်ရှင်ဇာတ်ကားများ ပြင်ဆင်ရန်

  • အိမ်ထောင်(၂၀၁၇)
  • ဥတုမှားတဲ့ဆောင်း(၂၀၂၀)
  • Yangon In Love

ရုပ်သံဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

ရိုက်ကူးခဲ့သော ခုနှစ် ဇာတ်လမ်းတွဲ အမည် ထုတ်လွှင့်ပြသခဲ့သော ရုပ်သံလိုင်း မှတ်ချက်
၂၀၁၉ အဆောင် Fortune TV
၂၀၂၀ အဆောင်အိပ်မက်နိဒါန်း Fortune TV
2021 The Fifth Question Fortune TV
2021 Active Now Lalakyi
2022 Colorful Dreams Canal +
၂၀၂၂ အခြားတစ်ဘက် Channel K

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ "Game Streaming ကို Entertainment တခုဖြစ်အောင် ကြိုးစားနေတဲ့ Su Htat" (in my)၊ The Myanmar Times၊ 29 May 2020။ 3 June 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 3 June 2020။ 
  2. ၂.၀ ၂.၁ "A chat with - Actress & Streamer Su "Zero" Htat" (in en)၊ Eleven Media Group၊ 26 May 2020။ 
  3. ၃.၀ ၃.၁ "ကိုယ်ပျော်မွေ့တဲ့အရာကို အောင်မြင်အောင်လုပ်တာ တရားပါတယ်ဆိုတဲ့ Streamer ဆုထက်" (in my)၊ Duwun၊ 12 November 2019။ 
  4. အဥ္ဇလီသင်း။ "သရုပ်ဆောင်ရော gamer ပါ နှစ်ခုလုံးကို ဆက်လုပ်သွား မယ်ဆိုတဲ့ ဆုထက်"၊ The Standard Time Daily Journal၊ December 26, 2019။ 3 June 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 3 June 2020။ 
  5. "မျက်ရည်အတု မသုံးချင်လို့ ရှိသမျှခံစားချက်တွေစုပြီး ညှစ်ထုတ်ခဲ့ရတယ်ဆိုတဲ့ ဆုထက်". Myanmarload (in Burmese). 8 January 2020.
  6. နှင်းစုမွန် (September 15, 2019). "အဆောင်(အိပ်မက်နိဒါန်း) အတွဲ-၂ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားပြုလုပ်". The Standard Time Daily.
  7. Gaming Noodle. "Impunity Esports Announced Myanmar Female Streamer As Brand-Ambassador". Gaming Noodle. Retrieved February 7, 2020.