Wikipedia Standard ပြင်ဆင်ရန်

အင်္ဂလိပ်စာမျက်မှာကနေ ဘာသာပြန်ဆိုတဲ့ အခါမှာ မူရင်းမှာ 'ဖြစ်နိုင်သည်'၊ 'ယူဆသည်' ဟု ရေးသားထားသည့် များကို မြန်မာဘာသာတွင် 'ဖြစ်သည်' သည်ဖြင့်ရေးသားခြင်းက ဝီကီစံနှုန်းများနဲ၌ မသင့်တော်လို့ ပြင်ဆင်ထားပါတယ်။ Yarzaryeni (ဆွေးနွေး) ၀၃:၃၁၊ ၁၈ ဧပြီ ၂၀၁၆ (UTC)အကြောင်းပြန်ရန်

အသံဖလှယ်ခြင်း ပြင်ဆင်ရန်

မြန်မာ/ဗမာ ကိစ္စတော့မဟုတ်ပါ။ (/ba̱mar/)ဗမာ နဲ့ ဘားမား ဆိုတာ တကယ်တော့ အလွဲကြီးပါ။ ပြဿနာအစက မူရင်းအသံကို အနီးစပ်ဆုံး မယူမိဘဲ (ဟိုကတစ်ဆင့်/ဒီကတစ်ဆင့်) အသံဖလှယ်ကျတော့ ပထမ နဲနဲလွဲ၊ အဲဒီအလွဲကို သက်ဆိုင်ရာ နောက်ဘာသာတစ်မျိုးနဲ့ ထပ်ပြန်တော့ ပိုလွဲ။ အင်္ဂလိပ်တွေက ဗမာ ဆိုတာ ဘယ်လိုနားကြားလွဲပြီး Burma ( wikitionary /bûːrma/, Oxford /ˈbɜːmə/) ဘား(ရ်)မား/ဘားမာ လို့ အသံထွက်ခဲ့ကြသလဲမသိဘူး။ အင်္ဂလိပ်အလွဲ။ Britain (Oxford /ˈbrɪtn/,wikitionary /ˈbɹɪ.tən/, /ˈbɹɪ.tn̩/) ကိုလည်း အရင်ဒီကလူတွေက ဗြိတိန် လို့ဘာလို့ရေးခဲ့ကြသလဲမသိဘူး။ အဲ့ခေတ်တုံးက Britain အသံထွက်ကို မကြားဖူးပဲ စကားလုံးကို ရှေးရိုးအသံဖလှယ်တဲ့ပုံစံ : R တွေ့ရင် ြ (ယရစ်) ရေး၊ ဘ ကို ြ နဲ့ရေးရိုးထုံးစံ သိပ်မရှိ( လုံးဝမရှိဟုထင်)လို့ B တွေ့ရင် "ဘ" သုံးမဲ့အစား "ဗ"သုံး၊ ဗ က ြ နဲ့ရေးရိုးရှိသည်ကြောင့်ထင်။ tain က "တိန်" လို့ မထွက်ဘဲ (schwa > တာ(န်)) လို့ထွက်ရတာကို မကြားမိလို့လားမသိ။ အနီးစပ်ဆုံးအသံ "ဘရစ်တန်" က လုံးဝမနီးစပ်တဲ့အသံ ဗြိတိန် ဖြစ်။ ဟိုကလဲလွဲ ဒီကလဲလွဲ။ ဟီး။Aungookingofcelestials (ဆွေးနွေး) ၁၉:၅၁၊ ၁၄ မတ် ၂၀၂၀ (UTC)အကြောင်းပြန်ရန်

A clash of facts between Mywiki & Enwiki ပြင်ဆင်ရန်

  • In English wiki, I quote "Today in Burmese the name is still spelled Mranma, but over time the "r" sound disappeared in "most dialects of the Burmese language" and was replaced by a "y" glide, so although the name is spelled "Mranma", it is actually pronounced Myanma." (en:Names of Myanmar#"Mranma")
  • In Myanmar wiki, it is quote, "နောက်ပိုင်း မြန်မာဘာသာ စကားမှာ “ရ (Ra)” သံ ထည့်ရွတ်တာ ပျောက်ကွယ်သွားတဲ့ အတွက် “မရမာ၊ မိုင်းရ်မာ” (Mirma/Mranma) ကနေ “မြမ္မာ၊ မြန်မာ” (Myanmar) ဆိုပြီး လက်ရှိသိတဲ့ လူမျိုးနာမည် “မြန်မာ” အဖြစ် ပြောင်းသွားခဲ့သည်။ (စကားချပ် – မြန်မာ စကားနဲ့ ဘာသဗေဒ သဘောတူတဲ့ ရခိုင်၊ ထားဝယ်နဲ့ ယော လူမျိုးတွေရဲ့ အသုံးမှာ မျက်မှောက် ခေတ်အထိ “ရ (Ra )” သံ ထည့်ရွက်နေဆဲဆိုတာ သတိပြုနိုင်သည်။ " unquote. (မြန်မာနှင့် ဗမာ)

Those two sentences taken from different wikis factually conflict with each other. If you ask me which is more likely to be true, my simple reply is "it's out of question; everybody knows!". I edited a sentence in this article as exactly written in enwiki because the whole passage is a translation of that of enwiki. ( hope someone would change that sooner) Aungookingofcelestials (ဆွေးနွေး) ၁၀:၂၂၊ ၁၁ အောက်တိုဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "မြန်မာနိုင်ငံ၏ အမည်များ" သို့ ပြန်သွားရန်။