ဆွေးနွေးချက်:Portal:သင်္ချာ

Active discussions

သင်္ချာဝေါဟာရနှင့် အမည်များပြင်ဆင်

ဘာသာပြန်ပြီး အသံဖလှယ်ပြီး ဝေါဟာရများပါ။ အသစ်မပြန်ခင်ရှာကြည့်ပြီး ကိုးကားဖို့၊ ပြင်ဆင်ဖို့ပါ။ ပြင်ဆင်ဆွေးနွေးချက်များကို အထူးမျှော်လင့် ကြိုဆိုပါတယ်ခင်ဗျာ။ မင်းသန့် (talk) ၀၅:၅၀၊ ၂၈ ဒီ​ဇင်​ဘာ​ ၂၀၁၄ (UTC)

အမှတ် အင်္ဂလိပ်အမည် အနက်တူ ၁ အနက်တူ ၂ Part of Speech ဝါစင်္ဂ မြန်မာအမည် အခြားမြန်မာအမည် ၁ အခြားမြန်မာအမည် ၂ မှတ်ချက်
1 mathematics math maths noun နာမ် သင်္ချာ
2 mathematician noun နာမ် သင်္ချာပညာရှင် သင်္ချာသမား
3 mathematical adjective နာမဝိသေသန သင်္ချာဆိုင်ရာ
4 mathematical philosophy သင်္ချာဆိုင်ရာအတွေးအခေါ် သင်္ချာအတွေးအခေါ်
5 mathematical symbol သင်္ချာသင်္ကေတ
6 mathematical notation သင်္ချာအသုံးအနှုန်း
7 mathematics eduation သင်္ချာပညာရေး Note that in English, it's "math education", not mathematical education, so it should be "သင်္ချာပညာရေး", not "သင်္ချာဆိုင်ရာ ပညာရေး"
8 areas of mathematics သင်္ချာပညာရပ်နယ်ပယ်များ
9 fundamental noun နာမ် အခြေခံ အုတ်မြစ်
10 fundamental adjective နာမဝိသေသန အခြေခံကျသော
11 mathematical logic သင်္ချာယုတ္တိဗေဒ
12 proof noun နာမ် သက်သေပြချက်
13 Gödel noun (proper) နာမ် (ပုဂ္ဂလ) ဂူဒယ် Original German pronunciation is taken instead of a more commonplace American pronunciation. See Forvo
14 incompleteness theorem မပြည့်စုံခြင်းသီအိုရမ်
15 model theory မိုဒယ်သီအိုရီ model ဆိုတဲ့စကားက သင်္ချာ logic မှာ တိကျတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီဘာသာရပ်မှာ သေချာတတ်ကျွမ်းသူ၊ မြန်မာစာနှံ့စပ်သူများရှိပါ မြန်မာပြန်ရန် ကြိုးစားကြည့်ပါ။ သို့သော် ဘာသာပြန်ရလဒ်က ကွင်းကွက်တိုတောင်း မဖြစ်ရင် ဒီအတိုင်း အသံထွက်ကိုလိုက်ပြီးရေးတာက ပိုသင့်တော်မယ်။
16 recursion noun နာမ် ထပ်ကာကျော့ခြင်း ထပ်ပြန်ကျော့ခြင်း
17 recursion theory ထပ်ကာကျော့သီအိုရီ ထပ်ပြန်ကျော့သီအိရီ
18 set noun နာမ် အစု
19 group noun နာမ် အုပ်စု အစုမှာ structure သိပ်မရှိ။ Naive set theory အရဆိုလျှင် collection of objects ပဲ။ group မှာ structure ရှိတယ်။ ဒါကြောင့် "အုပ်" ပါတာ group ဖြစ်သင့်တယ်။
20 ring noun နာမ် ကွင်း ကွင်းက အုပ်စုထက်ပိုပြီး တည်ဆောက်ပုံရှိသွားပြီ။
21 axiom noun နာမ် အက်ဆီယမ် မူလဘူတသစ္စာ အခြေခံယူဆချက် အက်ဆီယမ်ကို မူလဘူတသစ္စာ၊ အခြေခံယူဆချက် စသည်ဖြင့် ပြန်မယ်ဆို ပြန်လို့ရပေမယ့် ရှည်တယ်။ ဒါကြောင့် အက်ဆီယမ်ကပဲ သင့်တော်မယ်ထင်လို့ ဒီအတိုင်းပဲ ထားထားပါတယ်။
22 naive set theory ရိုးရိုးအစုသီအိုရီ
23 theory noun နာမ် သီအိုရီ သီအိုရီကို နိယာမတို့ ဘာတို့ ပြန်ချင် ပြန်နိုင်ပေမယ့် သီအိုရီဆိုတဲ့စကား မြန်မာစကားမှာ အတော်တွင်ကျယ်ပြီး ဖြစ်တယ်လို့ ယူဆလို့ ဒီလိုပဲ ပြန်လိုက်ပါတယ်။
24 axiomatic adjective နာမဝိသေသန အက်ဆီယမ်ကျကျ
25 category noun နာမ် ကတ်တဂိုရီ သာမန်အင်္ဂလိပ်စကား category ကို အမျိုးအစားလို့ မြန်မာဝီကီမှာသုံးပေမယ့် သင်္ချာက category က တည်ဆောက်ပုံ structure တွေပါတယ်၊ ပြီးတော့ class နဲ့ရှုပ်ထွေးနိုင်တယ်။ class နဲ့ category နဲ့ သင်္ချာမှာမတူပါ။ ဒါကြောင့် category ကို အသံထွက်အတိုင်းပဲ ရေးထားပါတယ်။
26 topos noun နာမ် တိုပို topos ဆိုတဲ့စကားက သင်္ချာမှာ တိကျတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီဘာသာရပ်မှာ သေချာတတ်ကျွမ်းသူ၊ မြန်မာစာနှံ့စပ်သူများရှိပါက မြန်မာပြန်ရန် ကြိုးစားကြည့်ပါ။ သို့သော် ဘာသာပြန်ရလဒ်က ကွင်းကွက်တိုတောင်း မဖြစ်ရင် ဒီအတိုင်း အသံထွက်ကိုလိုက်ပြီးရေးတာက ပိုသင့်တော်မယ်။
27 number noun နာမ် ကိန်း
28 numeral noun နာမ် နံပါတ် ဂဏန်း
29 algebra noun နာမ် အက္ခရာသင်္ချာ
30 abstract algebra modern algebra ခေတ်သစ်အက္ခရာသင်္ချာ အက္ခရာသင်္ချာသစ် abstract algebra ဆိုတဲ့ အင်္ဂလိပ်အသုံးက modern algebra ဆိုတဲ့ အင်္ဂလိပ်အသုံးထက် ပိုပြီး တွင်ကျယ်တိကျတယ်၊ ဒါပေမယ့် abstract ကို မြန်မာပြန်ရတာ သိပ်အဆင်မချောလို့ modern ကိုပဲ ပြန်ထားတယ်။ You are all welcome to take a crack at it.
31 commutative adjective နာမဝိသေသန ပတ်လည်ညီ commutative ဆိုတာ ရှေ့နောက်၊ ဘယ်ညာ order စီစဉ်ပုံ နှစ်မျိုးလုံး တူညီတာကို ပြောတာ၊ ရှေ့နောက်ဘယ်ညာညီ လို့ပြန်ရမှာ ရှည်တာရယ်၊ နောက်ပြီး ပုံတွေမှာ commutative diagram တွေမှာ polygon တစ်ခု commutative ဖြစ်တယ်ဆိုတာ မြန်မာလိုဆိုရင် အဲဒီ ပုံကို ဘယ်လိုပတ်ပတ်ညီတာကို ပြောတာမို့ "ပတ်လည်ညီ"လိုက်တယ်။ ပိုကောင်းမယ်ထင်တာရှိရင် ပြင်လိုက်ပါ။ ဘက်ညီကို symmetric အတွက်သုံးမှာမို့ ဘက်ညီကို ဒီမှာ မသုံးလိုက်ပါ။
32 symmetric adjective နာမဝိသေသန ဘက်ညီ
33 geometry noun နာမ် ဂျီဩမေတြီ မြန်မာစကားမှာတွင်ကျယ်ပြီး
34 number theory noun နာမ် ကိန်းသီအိုရီ
35 analysis noun နာမ် ခွဲခြမ်းစိတ်ဖြာသင်္ချာ
36 analytic adjective နာမဝိသေသန ခွဲခြမ်းစိတ်ဖြာသင်္ချာနည်းကျ
37 arithmetic noun နာမ် ဂဏန်းသင်္ချာ
38 arithmetic adjective နာမဝိသေသန ဂဏန်းသင်္ချာနည်းကျ
39 natural number သဘာဝကိန်း
40 prime number သုဒ္ဓကိန်း
41 integer noun နာမ် ကိန်းပြည့်
42 rational number ရာရှင်နယ်ကိန်း အပိုင်းကိန်း ဒီနေရာမှာ အပိုင်းကိန်းကို သုံးရတာသိပ်သဘောမကျပါ။ အပိုင်းကိန်းဆိုတာ fraction ပဲ။ rational number တွေဟာ fraction တွေပဲလို့ ဆိုပေမယ့် fraction သဘောကကျယ်ပြန့်တယ်၊ rational ကတိကျတယ်။ ပြီးတော့ irrational ကလာဦးမှာဆိုတော့ ရာရှင်နယ်မဟုတ်သော ဆိုရင်ရှည်ဦးမယ်။ အဲဒီတော့ ရာရှင်နယ်/အီရာရှင်နယ်ပဲ ကောင်းမယ်ထင်တယ်။
43 irrational number အီရာရှင်နယ်ကိန်း
44 complex number ကိန်းရှုပ် ကွန်ပလက်စ်ကိန်း ကိန်းရောလို့ပြန်ချင်ပေမယ့်၊ ကိန်းရောက မြန်မာလို fraction နဲ့ပတ်သက်ပြီးရှိပြီးမို့။ ကွန်လက်စ်ကိန်းဆိုတာ သိပ်သဘောမကျပါ။ ရှည်ပြီး စ သတ် ပါမပါ အငြင်းပွားစရာရှိပါတယ်။
45 algebraic number ကိန်းရင်း ဒီနေရာမှာ အင်္ဂလိပ်ဘာသာကနေ တိုက်ရိုက်မပြန်တာ သတိထားမိမယ်ထင်ပါတယ်။ အနက်က ပိုလီနိုမီရယ် ကိန်းရင်း (root) အနေနဲ့ရေးရတဲ့ ကိန်းမို့ ကိန်းရင်းပေ့ါ။
46 polynomial noun နာမ် ပိုလီနိုမီရယ်
47 transcendental number ကိန်းလွန် transcendental က ကိန်းရင်းမဟုတ်တာ ဆိုတော့ ကိန်းလွန်ပေ့ါ။
48 discrete adjective နာမဝိသေသန ပိုင်းစသီးခြား အသံထွက်အတိုင်းရေးဖို့ စိတ်ကူးပေမယ့် discreet နဲ့ရောမှာစိုးလို့ မြန်မာလိုရအောင်ဘာသာပြန်လိုက်တယ်။
49 combinatorics noun နာမ် ကွန်ဘိုင်နတိုးရစ် ရေတွက်ခြင်းဗေဒလို့ပြန်ချင်ပေမယ့် ရေတွက်တယ်ဆိုတာ combinatorics ရဲ့တစ်စိတ်တစ်ပိုင်းပဲမို့ အသံထွက်အတိုင်းပဲ ရေးလိုက်တယ်။
50 code noun နာမ် ကုတ် ကုဒ်
51 coding noun နာမ် ကုတ်ဒင်း ကုတ်ရေးခြင်းမပြန်သင့်လို့ထင်ပါတယ်။ coding theory က coding က ပိုကျယ်ပြန့်သလားလို့။
52 coding theory ကုတ်ဒင်းသီအိုရီ
53 combinatorial adjective နာမဝိသေသန ကွန်ဘိုင်နတိုးရစ် ကွန်ဘိုင်နတိုးရစ်ဆိုင်ရာ ကွန်ဘိုင်နတိုးရစ်ကျကျ
54 enumerative combinatorics ရေတွက်ခြင်းဆိုင်ရာ ကွန်ဘိုင်နတိုးရစ်
55 optimization noun နာမ် (ဘောင်တွင်း)အကောင်းဆုံးအဖြေရှာခြင်း (ဘောင်တွင်း)ကို ဖြုတ်လိုက ဖြုတ်နိုင်တယ်လို့ အကြံပြုပါတယ်။ အများအားဖြင့် optimization တွေဟာ constrained optimization တွေဖြစ်ပေမယ့် unconstrained optimization ကို ဘောင်မဲ့ အကောင်းဆုံးအဖြေရှာခြင်းလို့ ပေးမလားလို့။
56 graph noun နာမ် ဂရပ် graph theory က graph ဟာ ပုံ၊ ဇယား စတာနဲ့ မပြည့်စုံပါ။ ဂရပ်ဆိုတာ အတိုဆုံးပါပဲ။
57 order theory အဆင့်သီအိုရီ ကြီစဉ်ငယ်လိုက်သီအိုရီ ဆိုရင် နည်းနည်း ရှုပ်ပြီး တစ်မျိုးဖြစ်မယ်၊ ပြီးတော့ ကြီးစဉ်ငယ်လိုက်ဆိုတာ ကြီးတာက ငယ်တာကိုသွားတာ၊ ငယ်စဉ်ကြီးလိုက် order တွေကျ ဘယ်လိုလုပ်မလဲ။ ဒီ order တွေဟာ အမှန်တော့ အဆင့်စီတာပဲဆိုပြီး order အဆင့်လို့ ပြန်လိုက်တယ်။
58 lattice noun နာမ် ဇကာကွက် a lattice often looks like a real ဇကာကွက်
59 calculus noun နာမ် ကဲကုလပ် It's too specific and "weird" to Burmese ears to be translated. So, let's just use "ကဲကုလပ်".
60 vector noun နာမ် ဗက်တာ vector ကို မြား လို့ဆိုရင် ကျဉ်းတယ်၊ မှားတယ်ထင်လို့ ဗက်တာလို့ပဲ ပြန်လိုက်တယ်။
61 approximation theory နီးစပ်ခန့်မှန်းသီအိုရီ "နီးစပ်" ပါအောင်ထည့်ဖို့ အဆိုပြုပါတယ်။ "ခန့်မှန်း" သက်သက်ဆိုရင် predict ဖြစ်သွားမှာစိုးလို့။
62 function noun နာမ် ဖန်ရှင် It's again too specific and "weird" to Burmese ears to be translated.
63 potential noun နာမ် ပိုတင်ရှယ် It's again too specific and "weird" to Burmese ears to be translated.
64 harmonic adjective နာမဝိသေသနာ ဟာမောနစ် ဟာမောနစ်က အသံထွက်မှန်နဲ့ ပိုနီးစပ်တယ်ထင်ပါတယ်။ ဟာမိုနီက တွင်ကျယ်ပြီးဖြစ်ပေမယ့် ဒါက ဟာမောနစ် ဖြစ်တဲ့အတွက် မတူပါ။
65 Fourier noun (proper) နာမ် (ပုဂ္ဂလ) ဖိုးရီးယား
66 Haar noun (proper) နာမ် (ပုဂ္ဂလ) ဟား
67 operator noun နာမ် အော်ပရေတာ တွက်ချက်မှုဆိုတာက ကျဉ်းလွန်းတယ်။ ဒါကြောင့် အော်ပရေတာ။ မြန်မာစာမှာ နည်းနည်းလည်း တွင်ကျယ်ပြီးလို့ ယူဆတယ်။
68 linear algebra မျဉ်းညီချိုးကျအက္ခရာသင်္ချာ လီနီယာအက္ခရာသင်္ချာ Please discuss which is better.
69 universal adjective နာမဝိသေသန ယူနီဗာဆယ် It's again too specific and "weird" to Burmese ears to be translated.
70 Euclid noun (proper) နာမ် (ပုဂ္ဂလ) ယူကလစ်
71 trigonometry noun နာမ် တြီဂိုနိုမေတြီ It's again too specific and "weird" to Burmese ears to be translated.
72 Non-Euclidean geometry ယူကလစ်လွန်ဂျီဩမေတြီ ယူကလစ်မဟုတ်သော ဂျီဩမေတြီ
73 Affine geometry အက်ဖိုင်းဂျီဩမေတြီ It's too specific and weird to Burmese ears to be translated.
74 Projective geometry ပရိုဂျက်တစ်ဂျီဩမေတြီ It's too specific and weird to Burmese ears to be translated.
75 convex adjective နာမဝိသေသန ခုံးထွက်
76 concave adjective နာမဝိသေသန ခုံးခွက်
77 convex geometry ခုံးထွက်ဂျီဩမေတြီ
78 differential noun နာမ် ဒစ်ဖရန်ရှယ် ကဲကုလပ်မှ   ကဲ့သို့သော နာမ်အနေဖြင့်သုံးသည့် differential ကို ဆိုလိုခြင်းဖြစ်သည်။
79 differential geometry ဒစ်ဖရန်ရှယ်ဂျီဩမေတြီ It's too specific and weird to Burmese ears to be translated.
80 Riemann noun (proper) နာမ် (ပုဂ္ဂလ) ရီမန်
81 Riemannian geometry ရီမန်ဂျီဩမေတြီ
82 Lie, Marius Sophus noun (proper) နာမ် (ပုဂ္ဂလ) လီး၊ မားရီးရပ် ဆိုးဖတ် အသံထွက်အတွက် Forvo ကိုကြည့်ပါ။
83 Lie group လီးအုပ်စု “လိုင်း” မဟုတ်ပါ၊ နော်ဝေလူမျိုး သင်္ချာပညာရှင်တစ်ဦးရဲ့ နာမည် “လီး” ကို အစွဲပြုမှည့်ခေါ်သောကြောင့်ပါ။ သင်္ချာသုံး အင်္ဂလိပ်ဝေါဟာရတွေမှာလည်း ဒီလို unfortunate and unintentional double entendre တွေရှိပါတယ်။ မတတ်နိုင်ပါ။
84 topology noun နာမ် တိုပေါ်လော်ဂျီ It's too specific and "weird to Burmese ears" to be translated.
85 general topology အထွေထွေတိုပေါ်လော်ဂျီ
86 algebraic topology အက္ခရာသင်္ချာနည်းကျ တိုပေါ်လော်ဂျီ
87 geometric topology ဂျီဩမေတြီနည်းကျ တိုပေါ်လော်ဂျီ
88 differential topology ဒစ်ဖရန်ရှယ်တိုပေါ်လော်ဂျီ
89 applied mathematics အသုံးချသင်္ချာ “အသုံးကျ” သင်္ချာဟု ဘာသာမပြန်ရန်၊ မရေးရန် အဆိုပြုပါသည်။ applied ကို အသုံးကျ ဟု ဆိုပါက applied မဟုတ်သော pure mathematics မှာ အသုံးမကျသော သင်္ချာဖြစ်သွားလိမ့်မည်။ အသုံးချ သင်္ချာက အသုံးချဖို့ ဦးစွာစဉ်းပြီး၊ အသုံးချရေးကို အမြဲခေါင်းထဲထည့်ကာ လုပ်သည့် သင်္ချာဖြစ်သည်။
90 pure mathematics သင်္ချာသန့်သန့်
91 mathematical modeling သင်္ချာမော်ဒယ်တည်ဆောက်ခြင်း “မော်ဒယ်” မှာ မြန်မာစာ၌တွင်ကျယ်ပြီး
92 mathematical physics သင်္ချာကဲရူပဗေဒ သင်္ချာသုံး၊ သင်္ချာဆိုင်ရာ စသည်ဖြင့် ဘာသာပြန်ဖို့ စဉ်းစားမိသော်လည်း၊ သင်္ချာကဲ (သင်္ချာနည်းများ ပိုကဲ၍ သုံးသော၊ ပါသော) ဆိုတဲ့ အဓိပ္ပာယ်နဲ့ သင်္ချာကဲရူပဗေဒလို့ ဘာသာပြန်လိုက်တယ်။ သင်္ချာသုံး ရူပဗေဒဆိုရင် အခြားရူပဗေဒနယ်ပယ်တွေက သင်္ချာမသုံးသလိုဖြစ်မယ်၊ အဲဒီလိုမှ မဟုတ်ဘဲ။ သင်္ချာဆိုင်ရာ ဆိုရင်သိပ်မဆိုးပေမယ့် အခြားရူပဗေဒနယ်ပယ်တွေက သင်္ချာနဲ့မဆိုင်သလိုများ အဓိပ္ပာယ်သက်ရောက်နေမလားလို့ပါ။
93 differential equation ဒစ်ဖရန်ရှယ်ညီမျှခြင်း see differential for the same remark
94 partial differential ပါရှယ်ဒစ်ဖရန်ရှယ် တစ်စိတ်တစ်ပိုင်း ဒစ်ဖရန်ရှယ် တစ်စိတ်တစ်ပိုင်း ဒစ်ဖရန်ရှယ်ဆိုတာက ရှည်တာရယ်၊ အနက်ကို မမိတာရယ်ကြောင့် ပါရှယ်လို့ပဲ အသံဖလှယ်လိုက်ပါတယ်။
95 ordinary differential equation ရိုးရိုးဒစ်ဖရန်ရှယ် ညီမျှခြင်း
96 integral equation အင်တီဂရယ်ညီမျှခြင်း
97 dynamical systems ပြောင်းလဲလှုပ်ရှားစနစ်များ
98 control theory ထိန်းချုပ်မှုသီအိုရီ
99 calculus of variations ပြောင်းလဲမှုကဲကုလပ်
100 theoretical adjective နာမဝိသေသန သဘောတရားရေးရာ သဘောတရားဆန်ဆန် သဘောတရားကဲ
101 computer science ကွန်ပျူတာသိပ္ပံ
102 computability theory တွက်ချက်နိုင်စွမ်း သီအိုရီ ထပ်ပြန်ကျော့သီအိုရီ နှင့် အတူတူ
103 complexity theory ရှုပ်ထွေးမှုအဆင့်သီအိုရီ
104 cryptography noun နာမ် ဝှက်စာဗေဒ
105 statistics noun နာမ် စာရင်းအင်းဗေဒ ရန်ကုန်စီးပွားရေးတက္ကသိုလ်က Department of Statistics ကို စာရင်းအင်းဌာနလို့ ခေါ်ပါတယ်တဲ့။ အဲဒီလို တရားဝင်ဘာသာပြန်ထားပြီးသား ရှိတော့လည်း ရှိပြီးသားပဲ ယူသုံးလိုက်ပါတယ်။ Accounting (စာရင်းကိုင်ပညာ) နဲ့ statistics နဲ့ ဘာမှမဆိုင်ပါ၊ ဒါပေမယ့် မြန်မာလိုကတော့ နီးစပ်နေပါ၊ မတတ်နိုင်ပါ။ ဗေဒဆိုတာလေး ထည့်လိုက်တော့ နည်းနည်းတော့ ခံ့ညားသွားတာပေ့ါ။
106 stochastic process random process ကျပန်းဖြစ်စဉ် အမှန်က stochastic process ဆိုတာပိုမှန်တယ်၊ ဒီ process တွေက ကျပန်းသက်သက် မဟုတ်ပါ။ ဒါပေမယ့် အင်္ဂလိပ်လိုမှာကိုက တစ်ခါတစ်ရံ random process လို့ခေါ်တော့လည်း ကျပန်းဖြစ်စဉ်လို့ပဲ ပြန်လိုက်ပါတယ်။ ပိုကောင်းတဲ့အမည်ရှိရင် အကြံပေးပါ။
107 mathematical economics သင်္ချာဘောဂဗေဒ
108 game theory ဂိမ်းသီအိုရီ ဒီစာလုံးက မြန်မာစာမှာ တွင်ကျယ်ပြီး
109 mathematical finances သင်္ချာသုံးဘဏ္ဍာရေး
110 localization ပိုင်းခြေဖန်တီးခြင်း ဒီဘာသာပြန်က မူရင်းစာလုံးရဲ့ ဂျီဩမေတြီ သဘောထက် အက္ခရာ သင်္ချာ သဘောကိုပဲ ပိုမိပါတယ်။ ဒါပေမယ့် နေ့စဉ်အသုံးမှာ ဂျီဩမေတြီမှာ သုံးရင်တောင်မှ အက္ခရာသင်္ချာကို အားကိုးပြီး ပိုင်းခြေဖန်တီးတာပဲဆိုတော့ လောလောဆယ် ဒီအတိုင်းပဲ ထားထားပါတယ်။ ဒေသန္တရပြုခြင်း ဆိုရင်ကော သိပ်ပြီးများ ထူးဆန်းနေမလား။ မြန်မာထဲက အဆင့်မြင့် ဂျီဩမေတြီ ပညာရှင်များရှိပါက ဆွေးနွေး အကြံပေးပါခင်ဗျား။
111 space ရပ်ဝန်း
112 attractor ဆွဲငင်ခြေ

Last updated: မင်းသန့် (ဆွေးနွေး) ၂၂:၀၁၊ ၄ ဧပြီ ၂၀၁၇ (UTC)

Non-Euclidean geometry ကို ယူကလစ်လွန် ဂျီဩမေထရီ ဆိုတာထက် ယူကလစ်မဟုတ်သော ဂျီဩမေထရီ ဆိုရင် ပိုကောင်းမလား။ နောက်ပြီး Linear ကို လီနီယာ လို့တိုက်ရိုက်မပြန်ဘဲ မြန်မာမှု အနီးစပ်ဆုံး ပြန်ရင် ကောင်းမယ်ထင်ပါတယ်။ သင်္ချာကတော့ ကျတော် ကျွမ်းကျင်တဲ့အပိုင်းမဟုတ်လို့ သေချာမသိပါဘူးဗျာ။ အကြံပေးကြည့်တာပါ။ Dr Lotus Black (ဆွေးနွေး) ၀၂:၂၃၊ ၃ ဧပြီ ၂၀၁၇ (UTC)
ယူကလစ်မဟုတ်သော ဂျီဩမေတြီ ကိုကျွန်တော်ထပ်ဖြည့် လိုက်ပါတယ်။ အဲဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတော့ မရှိသေးဘူး၊ နောက်တော့ ရေးကြတာပေါ့။ လီနီယာကို ကျွန်တော် မျဉ်းညီချိုးကျ လို့ ပြန်ထားပါတယ်။ ကျွန်တော်လည်း လီနီယာကို လီနီယာလို့ ရေးတာထက် မျဉ်းညီချိုးကျ လို့ ရေးတာ ပိုပြီးကြိုက်ပါတယ်။ ခက်တာက ကျွန်တော်တို့တွေ ဘာရေးရေး၊ အသုံးမှ မတွင်ကျယ်ဘဲ။ အသုံးတွင်ကျယ်ဖို့ကတော့ အများကြီး လိုသေးတယ်။ ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အခြားဆွေးနွေးချက်များပြင်ဆင်

မြန်မာဝီကီ အားနည်းနေသေးတဲ့အတွက် သင်္ချာ portal အောက်က အချို့ portal (ဥပမာ - set theory၊ category theory စသည်) တို့ကို ဖြုတ်ထားပါတယ်။ နောင်အားကောင်းလာမှ ပြန်လုပ်ချင် လုပ်ကြတာပေ့ါ။

ဖြစ်နိုင်ရင် portal ပါ topic အကုန်လုံးအတွက် အနည်းဆုံး stub တစ်ခုတော့ ရှိပြီးဖြစ်အောင် ကြိုးစားရအောင်။ မင်းသန့် (talk)

Trigonometry နောက် topic ခေါင်းစဉ်တွေ မြန်မာလိုမပြန်ရသေးပါခင်ဗျာ။ မင်းသန့် (talk) ၀၄:၅၉၊ ၂၇ ဒီ​ဇင်​ဘာ​ ၂၀၁၄ (UTC) မင်းသန့် (talk) ၁၅:၃၇၊ ၂၉ ဒီ​ဇင်​ဘာ​ ၂၀၁၄ (UTC)

စာမျက်နှာ "Portal:သင်္ချာ" သို့ ပြန်သွားရန်။