ဇရပ် သည် မြန်မာနိုင်ငံ၏ ကျေးရွာများ၌ နေရာအနှံ့နီးပါးတွင် တွေ့ရသည့် အဆောက်အဦတစ်ခု ဖြစ်သည်။ ၎င်းကို ခရီးသွားများအတွက် အမိုးအကာအဖြစ် ဆောက်လုပ်ခြင်း ဖြစ်သည်။ ထို့အပြင် ရပ်ရေးရွာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ရာတွင်လည်း ထိုဇရပ်တွင်ပင် ရွာသူရွာသားတို့သည် ဆွေးနွေးတိုင်ပင်ကြသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်ရဟန်းများသည် ဇရပ်တွင် နေထိုင်ကာ ဥပုသ်သီတင်း ဆောက်တည်ကြသည်။ ဗုဒ္ဓဘာသာကျောင်းတော်များ၏ အနီးတွင် ဇရပ်များ တစ်ခုသို့မဟုတ်တစ်ခုထက်ပို၍ တည်ရှိလေ့ရှိသည်။ ဇရပ်အလှူ ပြုလုပ်သူများသည် ဇရပ်ကို လမ်းမများတွင် ဆောက်လုပ်ကြပြီး ခရီသွားလာသူများ မောပန်းသည့်အခါ နားနေရန်နှင့် သောက်သုံးရန်အတွက်လည်း ရေချမ်းစင်ကို ထားရှိကြသည်။

မြန်မာ့ရိုးရာဇရပ်ကို ရုပ်ပုံဆွဲထားခြင်း

ဇရပ်တစ်ခုတည်ဆောက်ရာတွင် လုပ်အားပေးမှုများ၊ ငွေကြေးနှင့် အလုပ်သမား စသည်တို့ကို ဒါနအဖြစ်ပါဝင်ကာ ဆောင်ရွက်ကြသည။ ဇရပ်များကို တည်ဆောက်ရာတွင် ကိုယ်ပိုင်အိမ်အများစု တည်ဆောက်ခြင်းထက် အချိန်ကြာလေ့ရှိပြီး ငွေကုန်ကြေးကျလည်း ပိုများလေ့ရှိသည်။ လုပ်အားသည် ဒေသတွင်းရှိ လုပ်အားပေးမှုဖြင့် ဇရပ်ကို တည်ဆောက်ကြပြီး ငွေကြေးမှာမူ ဒေသတွင်း သို့မဟုတ် တရပ်တကြေးမှ အလှူငွေဖြင့် ဆောက်လုပ်ကြလေ့ရှိသည်။[၁][၂]

ကုန်းဘောင်ခေတ်တွင် တည်ဆောက်ခဲ့သည့် သုဓမ္မာဇရပ်

အချိန်ပြောင်းလဲလာသည်နှင့်အမျှ အချို့သော ဇရပ်များတွင် အင်္ဂါရပ်အစိတ်အပိုင်းများကို တိုးချဲ့လာကြသည်။ ဥပမာအားဖြင့် ဇီဝိတဒါနသံဃာ့ဆေးရုံသည် ဇရပ်ကို ဆေးကုရာနေရာအဖြစ် စတင်ခဲ့သည်။[၃]

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Chambers၊ William and Robert (1857)။ Chambers's Information for the People, Vol. II။ Philadelphia: J.B. Lippincott & Co.။ as seen at Google Books
  2. Community Service - A Myanmar TraditionCommunity Service - A Myanmar Tradition။ 27 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-06-04 တွင် ပြန်စစ်ပြီး။
  3. Health and HelplinesThe Yangon Directory။ 3 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-06-04 တွင် ပြန်စစ်ပြီး။