ဇောတိဝါဒ ဆိုသည်မှာ လူသေလျှင် တဖန် ပဋိသန္ဓေမနေ၊ ဆုံးခြင်း ပျောက်ခြင်းသာ ဖြစ်သည်။ ဟူ၍ ယုံကြည်သောဝါဒ ဖြစ်သည်။ ဘုရားရုပ်ပွားဆင်းတု ကိုးကွယ်ခြင်း၊ ရဟန်းသံဃာတို့ကို ကိုးကွယ်ခြင်းလည်း မရှိဟု ဆိုလေသည်။ ဤကဲ့သို့သောဝါဒမျိုးကို ရှေးမြန်မာမင်းများ လက်ထက်တော်အခါ၌ ဖြန့်ဖြူးဝံ့ကြသည်မှာလည်း အံ့ဩစရာပင် ဖြစ်သည်။ သက္ကရာဇ် ၁၁၂၅-ခုနှစ်၌ ဇောတိဝါဒ ပေါ်ပေါက်ခဲ့၍ ဆုံးမစီရင်ခဲ့သော်လည်း သက္ကရာဇ် ၁၂၀၀-ပြည့်နှစ်သို့ တိုင်အောင် ဤဝါဒများ မပျောက်ကွယ်ပဲ ရှိလေသည်။ [၁]

ကိုးကားပြင်ဆင်

  1. ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ မြန်မာမင်းလက်ထက်တော် စာတမ်းများ၊ ၁၉၆၇၊ စက်တင်ဘာလ၊ (ပ)အကြိမ်၊ စာ- ၁၂၃