ဇော်ဝင်း (သစ်ထွင်း)
ဇော်ဝင်း (သစ်ထွင်း)သည် မန္တလေးမြို့ရှိ ပန်းချီဆရာ တစ်ဦးဖြစ်သည်။ နာမည်ရင်းမှာ ဇော်ဝင်းဖြစ်ပြီး အဖ သခင်သိုက်ထွန်း(မြောင်းမြ)နှင့် အမိ ဒေါ်ပိုက်စိန်တို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကျိုက်ပိကျေးရွာ၌ ၁၉၄၄-ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်၊ နေ့တွင် ဖွားမြင်သည်။ မွေးချင်းမောင်နှမ သုံးဦး ရှိသည့်အနက် သားဦးဖြစ်သည်။ အမည်တွင် (သစ်ထွင်း)ဟု ဂုဏ်ပုဒ်တတ်ရခြင်းမှာ ပန်းချီကားတစ်ခုကို လက်နှင့်မဆွဲဘဲ ခဲ၊ ဇင့် ဘလောက်များကဲ့ သစ်သားပြားပေါ်တွင် လိုချင်သလို သစ်ကို ထွင်းပြီး စက္ကူပေါ်တွင် ဆေးရောင်တစ်ရောင်ခြင်းအတွက် ပုံနှိပ်သလို ရိုက်နှိပ်ရသော အတတ်ကို ကျွမ်းကျင်သောကြောင့် ဖြစ်သည်။
ပညာသင်ဘဝ
ပြင်ဆင်ရန်၁၉၆၃-ခုနှစ်တွင် အခြေခံပညာ အထက်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်မြို့ရှိ ပန်းချီပန်းပုကျောင်းသို့ ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၉၂-ခုနှစ်တွင် တရုတ်ပြည်၊ ဘေဂျင်းမြို့ရှိ ဗဟိုအနုပညာအကယ်ဒမီကျောင်းသို့ တက်ရောက်ခဲ့သည်။
သင်ကြားခဲ့သောဆရာများ
ပြင်ဆင်ရန်ဦးမျိုးသန့်၊ ဦးလွန်းကြွယ်၊ Mတင်အေး၊ ဦးသိန်းဟန်၊ ဦးအောင်သွင်၊ ကူယွမ်ပါမောက္ခ(တရုတ်)၊ ရန်ရှင်းရန့်(တရုတ်)၊ ဖန်းထောင်(တရုတ်)၊ ပါမောက္ခလီဟုန်ရင်(တရုတ်)နှင့် မြင်ဆရာ၊ ကြားဆရာများ။
ထမ်းဆောင်ခဲ့ဘူးသော ဌာနနှင့် ရာထူးများ
ပြင်ဆင်ရန်(၁၉၇၁-၁၉၇၃)ခုနှစ်တွင် ရန်ကုန်မြို့၊ ငွေစာရင်းရုံး၌ စာရင်းစစ် အဆင့်(၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၇၄-၁၉၉၀) ခုနှစ်အထိ မန္တလေးပန်းချီပန်းပုကျောင်း၌ ပန်းချီနည်းပြအဖြစ် တာဝန်ယူခဲ့သည်။ (၁၉၉၀-၁၉၉၈)ခုနှစ်အထိ မန္တလေးပန်းချီပန်းပုကျောင်း၌ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၉၈-၂၀၀၀)ခုနှစ်အထိ ရန်ကုန်မြို့၊ ယဉ်ကျေးမှုတက္ကသိုလ်၌ ကထိက တာဝန်ယူခဲ့သည်။ (၂၀၀၀-၂၀၀၂)ခုနှစ်အထိ မန္တလေးမြို့၊ ယဉ်ကျေးမှုတက္ကသိုလ်၌ ကထိက တာဝန် ဆက်လက်ထမ်းဆောင်ခဲ့သည်။
မိသားစု
ပြင်ဆင်ရန်ဇနီးမှာ ဒေါ်ခင်နှင်းဆွေ ဖြစ်ပြီး ဦးဇေယျာဦးနှင့် ဦးဇေယျာအေး(ဒု-နည်းပြ၊ ပန်းချီပန်းပုကျောင်း၊ မန္တလေးမြို့)ဟူသော သားနှစ်ဦးရှိသည်။
သွားရောက်ခဲ့သော နိုင်ငံများ
ပြင်ဆင်ရန်- (၁၉၆၄-၆၇) တရုတ်ပြည်သူ့သမ္မတနိုင်ငံ
- (၁၉၉၁-၉၂) တရုတ်ပြည်သူ့သမ္မတနိုင်ငံ
- (၂၀၁၂) အိန္ဒိယသမ္မတနိုင်ငံ
- (၂၀၁၂)နီပေါနိုင်ငံ
- (၂၀၁၆)စင်ကာပူနိုင်ငံ
ထုတ်ဝေခဲ့သော စာအုပ်များ
ပြင်ဆင်ရန်- ခဲပုံကြမ်း (၁၀၀)
- ဇော်ဝင်း(သစ်ထွင်း) အတ္ထုပ္ပတ္တိအကျဉ်း
- သစ်ထွင်းပုံနှိပ်ပန်းချီ
- ပန်းချီကားထဲက ရတနာပုံ
- မင်ခြစ်ပန်းချီ
- ခဲရှုခင်း (၁၀၀) ဒုတိယတွဲ
- ကျွန်တော်တစ်သက်လုံးဆွဲခဲ့သော ခဲပန်းချီ(၂၀၁၆။ ဇွန်လ)
ကိုးကား
ပြင်ဆင်ရန်- ↑ ကျွန်တော်တစ်သက်လုံးဆွဲခဲ့သော ခဲပန်းချီ(၂၀၁၆။ ဇွန်လ)