အရှင် ဉာနိက (အင်္ဂလိပ်: Ven. U Nyanika) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်သည်။ မြောင်းမြဆရာတော် ဟူ၍လည်းသိရှိကြ၏ ။

အရှင် ဉာနိက
ပညာရေး
  • သာသနာ့ဓဇသီရိပရဝဓမ္မာစရိယ
  • ဘီအေ (သက္ကတဘာသာ) (အိန္ဒိယ)
အခြားအမည်များမြောင်းမြဆရာတော်
ဓမ္မအမည်ဉာနိက
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား(1917-08-08)ဩဂုတ် ၈၊ ၁၉၁၇
ဘုရားကုန်းကျေးရွာ၊ ပုသိမ်မြို့မြန်မာနိုင်ငံ
ကွယ်လွန်ဇွန် ၃၊ ၁၉၉၇(1997-06-03) (အသက် ၇၉)
ကွယ်လွန်ရသည့် အကြောင်းရင်းကင်ဆာ[၁]
ဂုဏ်ပြုခံရမှုများအဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၉၁)

ထေရုပ္ပတ္တိ ပြင်ဆင်ရန်

အရှင်ဉာနိက ဆရာတော်လောင်းလျာကို ၁၂၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ အင်္ဂါနေ့တွင်ဖွားမြင်သည်။ ပုသိမ်မြို့၊ ဘုရားကုန်းရွာတွင် ဦးဖိုးထင်၊ အမိဒေါ်စိန်တို့မှဖွားမြင်သည်။ ငယ်စဉ်၌ ကွမ်းခြံကြီးကျေးရွာကျောင်း ဆရာတော်ထံတွင် ရှင်သာမဏေဝတ်၍ ဘွဲ့တော်မှာရှင်ဉာနိကဖြစ်သည်။

၁၂၉၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့တွင် မြောင်းမြမြို့၊ ပဇောတာရုံကျောင်းတိုက်၊ မြောင်းမြဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်တော်မူသည်။ ထို့နောက်ကျောင်းတိုက်အများအပြားတို့တွင် ပရိယတ္တိစာပေများကိုသင်ယူသည်။

သာသနာ့ဓဇသီရိပရဝဓမ္မာစရိယအောင် မြင်တော်မူခဲ့သည်။ စာသင်ခဲ့သည့်ကျောင်းတိုက်များတွင်စာဝါပို့ချရင်းသက္ကတ၊ ဟိန္ဒီစာပေနှင့်ရှင် အာဒိစ္စဝံသဆရာတော် ထံတွင်အင်္ဂလိပ်စာပေကိုသင်ယူသည်။ ၁၃၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဒေလီမြို့၊ ဟန်ဆရာ့ဂျ်တက္ကသိုလ်မှ ဘီအေ (သက္ကတဘာသာ) ဂုဏ်ထူးကိုအောင်မြင်ခဲ့သည်။ ၁၃၄၄ ခုနှစ်တွင် ဆရာတော်ဦးသေဋ္ဌိလာဘိဝံသနှင့် အင်္ဂလန် သို့ကြွရောက်၍ သာသနာပြုသည်။

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

၁၃၅၉ ခုနှစ်၊ နယုန်လဆန်း ၃ ရက်နေ့၊ ခရစ်နှစ် ၁၉၉၇ ဇွန်လ ၃ ရက်နေ့တွင် လန်ဒန်မြို့၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

တိသရဏ ဗုဒ္ဓဝိဟာရ ပြင်ဆင်ရန်

အင်္ဂလန်တွင် မြန်မာရဟန်းတော်တို့၏ ပထမဆုံး ဝိဟာရ (သို့) ဘုန်းတော်ကြီးကျောင်းကို ဘာမင်ဟမ်မြို့၌ ၁၉၇၈ တွင် တည်ထောင်ခဲ့ကာ တည်ထောင်သူမှာ ဦးရေဝတဓမ္မဖြစ်သည်။ ထို့နောက်ပေါပေါက်လာသော ဝိဟာရများတွင် ဦးဉာနိကကျောင်းထိုင်ခဲ့သော လန်ဒန်ဝိဟာရနှင့် တိသရဏ ဝိဟာရ (Tisarana Vihara) တို့ ဖြစ်သည်။ လန်ဒန်မြို့ ဗုဒ္ဓဝိဟာရကျောင်းသည် လန်ဒန်တွင်ရှိပြီး တိသရဏစင်တာကျောင်းသည် မူလက ဘာမင်ဂမ်မြို့အနီးရှိ ဝတ်ဗာဟမ့်တန်မြို့တွင် တည်ရှိခဲ့၍ ၁၉၈၉ တွင် လန်ဒန်သို့ ပြောင်ရွှေ့းခဲ့သည်။[၂] ၁၉၉၄ တွင် ဩစတေးလျသို့ ကြွရောက်ခဲ့ပြီး ပါးသ် (Perth) မြို့၌ တိသရဏဝိဟာရကျောင်းကိုလည်း တည်ထောင်ခဲ့သည်။[၃]

သာသနာပြုမှုများ ပြင်ဆင်ရန်

ညောင်တုန်းမြို့နှင့် မြောင်းမြမြို့တို့တွင် နှစ်ပေါင်းလေးဆယ်ခန့် စာပေသင်ကြားပေးခဲ့သည်။ မြန်မာအစိုးရက ဝိနယပါရဂူအဖြစ် အသိအမှတ်ပြုခဲ့သည်။

အင်္ဂလန်၊ ပြင်သစ်၊ ဆွီဒင်၊ အီတလီ၊ အမေရိကန်၊ ကနေဒါ စသည့်နိုင်ငံများတွင် ပရိယတ်၊ ပဋိပတ်သာသနာတော်ကို ဖြန့်ချိခဲ့သည်။ ကျမ်းစာပေါင်း (၁၂) ကျမ်းရေးသားခဲ့သည်။ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးတွင် ဗဟိုသံဃာ့ဝန်ဆောင် တာဝန်ယူဆောင်ရွက်ခဲ့ကာ ကြောင်ပန်း၊ ကျောက်ပုံနှင့် နာမည်ကြီးဝိနိစ္ဆယဖြစ်သော လူသေလူဖြစ်ဝါဒဝိနိစ္ဆယ တို့တွင် ပါဝင်ဆောင်ရွက်တော်မူသည်။ [၄]

ဂုဏ်ပြုမှုများ ပြင်ဆင်ရန်

၁၃၅၂ ခုနှစ် (၁၉၉၁) တွင် နိုင်ငံတော်မှ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ချီးမြှင့်ခဲ့သည်။

စာပေလက်ရာများ ပြင်ဆင်ရန်

ပြုစုခဲ့သော စာပေအချို့မှာ[၃] :

မြန်မာဘာသာ ပြင်ဆင်ရန်

  • ကမ္ဘာ့သာသနာပြု ပထမကျော် - အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်အရှင် သေဋ္ဌိလ၏ ဘဝဖြစ်စဉ်နှင့် ကမ္ဘာ့သာသနာပြုမှတ်တမ်း
  • ဒုလ္လဘ သာသနာ (အင်္ဂလိပ်-မြန်မာ)
  • ကလေးများအတွက် ဗုဒ္ဓဘာသာ

အင်္ဂလိပ်ဘာသာ ပြင်ဆင်ရန်

  • A History of the Minor Pali Grammer in Burma
  • How the Abhidhamma Teaching contributes to the Practical Meditation
  • An Introduction of Buddhism into Burma.
  • Sasana, hard to encounter (အင်္ဂလိပ်-မြန်မာ)
  • Buddhism for the Young.

ကိုးကား ပြင်ဆင်ရန်

  1. About the passing of Ven. U Nyanika
  2. Buddhism in United Kingdom, Dhammaduta
  3. ၃.၀ ၃.၁ AUTHORS - SAYADAWS (PAST AND PRESENT), myanmarnet.com
  4. ဆရာတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း - နေဝင်း(လန်ဒန်)။ p.85