Sesbania bispinosa
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးရင်းသေး: Faboideae
မျိုးဇာတ်: Sesbanieae
မျိုးစု: Sesbania
မျိုးစိတ်:
S. bispinosa
ဒွိနာမ
Sesbania bispinosa
Synonyms

Sesbania aculeata (Willd.) Pers. 1807

ညံပင် (Sesbania bispinosa) သည် မျိုးရင်း 'လီဂူမီးနိုးစီအီး'၊ မျိုးရင်းခွဲ 'ပက်ပီ လီအိုနေးတီး'တွင်ပါဝင်သည်။ ယင်းကို သိပ္ပံအမည်အားဖြင့် 'ဆက်စဗေးနီးယား အကျူလီအေးတား'ဟု ခေါ်သည်။ ညံပင်သည် ဆူးရှိသောသစ်နုပင်မျိုးဖြစ်သည်။ ဆောင်း ရာသီတွင် အကိုင်းစွန်း ခြောက်သွေ့ညိ|ုးနွမ်းတတ်သော ညံ ချုံဖုတ်မျိုးလည်းရှိသည်။ ညံပင်သည် စိမ့်မြေများတွင် အများ အားဖြင့်ပေါက်ရောက်သည်။ အမြင့် ၆ ပေမှ ၈ ပေထိရှိသည်။ အရွက်မှာ ၆ လက်မမှ ၁၂ လက်မထိရှိသည်။ ရွက်ကြောမတွင် ဆူးများပါရှိသည်။ ရွက်မြွာအစုံ ၃ဝ မှ ၄ဝ ထိရှိသည်။ အပွင့် မှာ 'ရေစီမို့'မျိုးဖြစ်၍၊ အရှည် ၂ လက်မမှ ၃ လက်မထိရှိ သည်။ ညံပွင့်အရောင်မှာ အဝါရောင်တွင် ခရမ်းရောင်အပြောက် ကလေးများပါရှိသည်။ အသီးမှာ သီးတောင့်ဖြစ်၍၊ အရှည် ၆ လက်မမှ ၁၂ လက်မထိ ရှိသည်။

ညံပင်ကို အိန္ဒိယနိုင်ငံတွင် အနှံ့အပြားတွေ့ရသည်။ ယိုးဒယားနိုင်ငံတွင်လည်း ပေါက်သည်ဟုသိရသည်။ ညံပင်ကို ကျွဲနွားစာအတွက်သော်လည်းကောင်း၊ လျှော်မျှင်အတွက်သော်လည်းကောင်း စိုက်ပျိုး ကြသည်။ တစ်ခါတစ်ရံ မြေဩဇာကောင်းမွန်စေရန်အတွက် လည်း ညံပင်ကိုစိုက်ကြသည်။ ညံစေ့မှ အာဟာရဓာတ်ကြွယ်ဝ သဖြင့် ယင်းကိုစားသုံး နိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ညံပွင့်နှင့်ညံရွက်တို့ကို တို့စရာအဖြစ်စားသုံးကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)