ဌေးဌေးမြင့် (မြန်မာ ၁၃၁၂-) သည် မြန်မာလူမျိုး တေးသံရှင်တစ်ဦး ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

ဦး သာနုနှင့် ဒေါ် ရင်မြိုင်တို့မှ သက္ကရာဇ် ၁၃၁၂ ခုတွင် ရန်ကုန်မြို့၌ မွေးသည်။ အမည်ရင်းမှာ ခင်ဌေးရီ ဖြစ်သည်။

ရန်ကုန်တိုင်း သမဝါယမအသင်းစုတွင် အထက်တန်းစာရေးလုပ်ရင်း ၁၉၆၂ ခုတွင် ဂီတနယ်သို့ ဝင်ကာ တေးနံ့သာမြိုင် အဖွဲ့နှင့် အသံလွှင့်သည်။ [၁]

ကျော်ကြားသော တေးများ ပြင်ဆင်ရန်

  • စံဘဲရှင်
  • အရိုင်းသဘင်သည်မလေး မိမော်လွင်
  • ဇေယျာရွှေမြေ
  • စကားဝါပန်း
  • အစိန္တေယျ
  • အတုအယောင်
  • အသဲပန်းတခက် (ညွန့်ဝင်း နှင့်)
  • အသွင်ပြောင်းလာခဲ့သော်
  • ချစ်တယ်ဆိုတာ မုန်းတာလား
  • ချစ်သဲအတွက် ချစ်သဲ

ကိုးကား ပြင်ဆင်ရန်

  1. "တေးချစ်သူများမှ တေးချစ်သူများသို့"။ သပြေ တေးမဂ္ဂဇင်း။ ၁၉၇၅၊ ဩဂုတ်။