တင်​အုံး၊ ‌ဒေါ် (အဆို‌တော်)

အဆို‌တော် ‌ဒေါ်တင်အုံးကို ၁၂၇၅ ခုနှစ်တွင် သာယာဝတီခရိုင် အုတ်ဖိုမြို့၌ အဘ ဦးအငယ်၊ အမိ ‌ဒေါ်ဖွားမှီ တို့မှမွေးဖွားသည်။ ‌မွေးချင်းကိုး‌ယောက်ရှိသည့်အနက် ဒုတိယ‌မြောက် သမီးဖြစ်သည်။ အကိုအကြီးဖြစ်သူမှာ အလင်္ကာ ကျော်စွာ ‌စောင်းဦးဘသန်းဖြစ်သည်။ ‌ဒေါ်တင်အုံးသည် ငယ်စဉ်အခါကအုတ်ဖိုမြို့ဘုန်း‌တော်ကြီး‌ကျောင်း၌ စာ‌ပေပညာသင်ကြားခဲ့သည်။ ဂီတအနုပညာကို ဝါသနာထုံသူဖြစ်၍ အသက်‌ခြောက်နှစ် သမီးအရွယ်ကပင် အဆိုပညာရပ်ကို ဆရာကြီး ဦးဘိုးလှထံတွင် သင်ကြားခဲ့သည်။

အသက် ခုနှစ်နစ်အရွယ်သို့ ‌ရောက်‌သောအခါ မိဘများသည် အုတ်ဖိုမြို့မှ ရန်ကုန်မြို့‌ရွှေ‌တောင်တန်းရပ်သို့ ‌ပြောင်း‌ရွှေ့‌နေ ထိုင်ခဲ့သည်။ ဤတွင် ‌ဒေါ်တင်အုံး ဂီတပညာကို ဆက်လက်၍ အဆို‌တော် အတီးပညာရှင်တစ်ဦးဖြစ်လာနိုင်ရန် သင်ယူနိုင်မည့် အခွင့်အ‌ရေးတစ်ရပ် ရရှိခဲ့သည်။ ရန်ကုန်သို့‌ရောက်ရာ၌ ‌ဒေဝဣန္ဒာ ဦး‌မောင်‌မောင်ကြီး၏ တပည့်‌စောင်းဆရာကြီး ဘီးလစ်စာ‌ရေး ကြီး ဦး‌အောင်လှထံတွင် မြန်မာ့‌စောင်းပညာကို သင်ယူခဲ့သည်။ ထိုအချိန်တွင် ‌ဒေါ်တင်အုံးသည် အဆိုပညာကို အ‌တော်အသင့်တတ်‌မြောက် ထားပြီးဖြစ်ရာ အကိုကြီးဖြစ်သူ ‌စောင်းဦးဘသန်း ‌စောင်းတီးခတ်တိုင်း ‌ဒေါ်တင်အုံးမှာ စည်းတီး‌ပေးခဲ့ရသော‌ကြောင့်နားရည်ဝလာသည်။ အသက် ၁၂ နှစ်သမီး အရွယ်တွင် မြန်မာ့ ‌စောင်းကို ‌ကောင်းစွာ တီးတတ်‌နေပြီးဖြစ်သည်။

မဟာဂီတဆိုင်ရာ ကြိုး၊ ဘွဲ့၊ သီချင်းခန့်၊ ပတ်ပျိုး၊ ယိုးဒယား၊ ‌တေးထပ်တို့ကို အကွက်စုံလင်‌အောင် အဆို‌ရောအတီးပါ နှစ်မျိုးလုံးကိုပင် တတ်‌မြောက် စု‌ဆောင်းထားမိ‌သော အ‌ခြေအ‌နေသို့ ‌ရောက်ခဲ့သည်။ မိဘများသည် အနုသုခုမပညာသည်မျိုးရိုးမဟုတ်လင့်ကစား ဝါသနာကြီးသူများဖြစ်၍ ‌ဒေါ်တင် အုံးလိုက်စား‌သော ပညာရပ်ကို မတားမြစ်ခဲ့သည့်အပြင် အတီးပညာရှင်ကြီးများ၊ အဆိုပညာရှင်ကြီးများထံ ‌စေလွှတ်၍သင်ကြား ‌စေ‌လေသည်။ ‌ဒေါ်တင်အုံးသည် ‌စောင်းနှင့် စန္ဒယားနှစ်မျိုးစလုံးကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်သူဖြစ်သည်။ ‌ဒေါ်တင်အုံးသည် အဆိုပညာ၊ အတီးပညာတို့ကို စုံလင်အောင် တတ်‌မြောက်ရုံသာမဟုတ်၊ အသံမှာလည်း ပင်ကိုကကောင်း‌နေ၍ ကိုလံဗီယာ ဓာတ်ပြားကုမ္ပဏီနှင့် ‌ခွေးတံဆိပ်ဓာတ် ပြားကုမ္ပဏီတို့က ဓာတ်ပြားသီချင်းများ သွင်း‌ပေးပါရန် ဖိတ်‌ခေါ်ခဲ့သည်။ ထို‌ခေတ်က ‌ဒေါ်တင်အုံးသီဆို‌သော ကာလ‌ပေါ်ဓာတ် ပြား သီချင်းများအနက် ထင်‌ပေါ်‌သော‌တေးသီချင်းများမှာ မင်္ဂလာ ဆု‌တောင်း၊‌ဆေးစွမ်း‌ကောင်း ဂါထာဘုရင်၊ ကုသိန္နာရုံ၊ ဘုရားဖူးလည်မယ် သီချင်းတို့ဖြစ်သည်။ ယင်းသီချင်းများအတွက် စန္ဒယား တီး‌ပေးရသူမှာ ချန်ပီယံ ‌မောင်‌ကျော် ဖြစ်သည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီကပင် ‌ဒေါ်တင်အုံးသည် ညီမငယ်များနှင့် အတူ အမျိုးသမီး တူရိယာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ညီမ မခင်‌စောမှာ တ‌ယောထိုးပြီး ညီမငယ်မစိန်ရီက ‌စောင်းနှင့်ဆိုတီး‌ပေးသည်။

‌ဒေါ်တင်အုံးသည်အဆို‌တော်အဖြစ်လည်း‌ကောင်း၊ အတီးကောင်းသူ ဂီတပညာရှင်အဖြစ် လည်း‌ကောင်း ဂီတ‌လောက၌ နာမည်‌ကျော်ကြား လူကြိုက်များ လာသည်။ အသံတိတ် ရုပ်ရှင်ကုမ္ပဏီများမှ ဖိတ်‌ခေါ်၍ ရုပ် ရှင်‌နောက်ခံ တီးလုံးများကို တီး‌ပေး ခဲ့ရသည့်အပြင် သီချင်းအဆိုကိုလည်းဆို‌ပေးခဲ့ရသည်။ မြတ်စိ‌န္တေရုပ်ရှင် ဇာတ်ကားတွင် ညီမများဖြစ်‌သော စန္ဒယားနှင့် ‌စောင်းဒေါ်စိန်ရီ၊ တ‌ယောနှင့်‌စောင်း ‌ဒေါ်ခင်‌စောတို့နှင့် အတူ အတီးအမှုတ် အခန်းမှပါဝင်၍ သရုပ်‌ဆောင်ရိုက်ကူးခဲ့သည်။ ‌ဒေါ်တင်အုံး၏ အဆိုအတီးကို သ‌ဘောကျ‌သော ကြောင့် အပျို့လင် ရုပ်ရှင်ဇာတ်ကားတွင် အဆိုနှင့် အတီး နှစ်ခုစလုံးကို ဇာတ်ဖြည့် ဆိုတီး‌ပေးခဲ့ရလေသည်။

ကာလ‌ပေါ် ‌တေးသီချင်းများကို ဆိုတီး၍ ‌ကျော်ကြားမှုရရုံမဟုတ်၊ မြန်မာ့အသံ သီချင်းကြီး ကဏ္ဍမှ သီချင်းကြီးများကို ပါ အသံလွှင့်ခဲ့သည်။ ‌ဒေါ်တင်အုံး၏ အထူး‌ကျော်ကြားသည့် သီချင်းများမှာ ထူးမခြားနား၊ ‌တေးဘုမ္မာ၊ ဖြူပြာမူယာ သီချင်း တို့မှာ လူကြိုက်အများဆုံးဖြစ်ခဲ့သည်။

၁၉၅၃ ခုနှစ်မှစ၍ ယဉ်‌ကျေးမှုဝန်ကြီးဌာနလက်‌အောက်ရှိ ပန်တျာနှင့် အဆိုအက သင်တန်း‌ကျောင်း၌ ‌စောင်းနည်းပြ ဆရာမကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

‌ဒေါ်တင်အုံးသည် ရန်ကုန် ပန်တျာ‌ကျောင်းမှ ၁၉၇၇ ခုနှစ်တွင် အငြိမ်းစားယူ၍ အပြင်ပ၌ အဆို၊ အတီးပညာများကို သင်တန်း‌ပေးခဲ့သည်။ အထူးသဖြင့် ‌ဒေါ်တင်အုံးကို သီချင်းကြီး အဆို‌တော်၊ ‌ခေတ်‌ဟောင်း အဆို‌တော်တစ်ဦးအဖြစ် လူသိများခဲ့သည်။ မြန်မာနိုင်ငံ၌ ထိပ်တန်း‌စောင်းပညာရှင် စာရင်းဝင်ခဲ့ ‌သောပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်သည်။ ‌ဒေါ်တင်အုံးသည် မြန်မာ သက္ကရာဇ် ၁၃၄၁ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)