တဘိ

ခြေမကို ခွဲထားသော ဂျပန်ခြေအိတ်

တဘိ (足袋) သည် သားရေဖိနပ်နှင့်အတူ ၁၅ ရာစုနှစ်များက ဝတ်ဆင်သည့် ဂျပန်ရိုးရာ ခြေအိတ်ဖြစ်သည်။

တဘိတစ်စုံကို မြင်ရပုံ

အသုံးပြုမှု ပြင်ဆင်ရန်

တဘိကို အမျိုးသားရော အမျိုးသမီးပါ ဇိုးရိကဲ့သို့သော ဖိနပ်များနှင့် ဝတ်ဆင်ကြသည်။ တစ်ခါတစ်ရံတွင် ဂဲတနှင့် ဝတ်ဆင်လေ့ရှိသည်။ တဘိကို ကီမိုနိုကဲ့သို့သော အဝတ်အစားများနှင့် တွဲဖက်ကာ ဝတ်ဆင်ကြသည်။ တဘိသည် ခြေချောင်းနှစ်ခုကြားတွင် ခွဲခြားထားသဖြင့် သားရေဖိနပ်များနှင့် ဝတ်ဆင်ရာတွင်လည်း လွယ်ကူသည်။

ဆာမူရိုင်းများသည် တဘိကို ဝတ်ဆင်လေ့ရှိသည်။

ပုံစံများ ပြင်ဆင်ရန်

တဘိ၏ ပုံမှန်အရောင်မှာ အဖြူရောင် ဖြစ်သည်။ အဖြူရောင်တဘိကို လက်ဖက်ရည်ပွဲကဲ့သို့သော ပုံမှန်အချိန်တွင်သာ ဝတ်ဆင်ကြသည်။ အမျိုးသားများသည် တစ်ခါတစ်ရံ အပြာရောင် သို့မဟုတ် အနက်ရောက်တဘိများကို ခရီးသွားရန်အတွက် အသုံးပြုကြသည်။ အရောင်ဖြင့် ပြုလုပ်ထားသည့် တဘိများလည်း ရှိပေသည်။

ဂျိခ - တဘိ ပြင်ဆင်ရန်

ဂျိခတဘိ ဆိုသည်မှာ တဘိအမျိုးအစားတစ်ခု ဖြစ်သည်။ ပိုမိုလေးလပြီး မာကျောသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး တစ်ခါတစ်ရံ အောက်ခြေကို ရာဘာဖြင့် ပြုလုပ်ထားသည်။

ခေတ်သစ်ပုံစံများ ပြင်ဆင်ရန်

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်