တိုလုဝိလရုပ်ပွားတော် သည် သီရိလင်္ကာနိုင်ငံ၊ အနုရာဒပူရမြို့ တည်ရှိသည့် ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ၁၉၀၀ ပြည့်နှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ရုပ်ပွားတော်ကို ၄ ရာစု သို့မဟုတ် ၅ ရာစုက ပြုလုပ်ခဲ့သည်။ နှမ်းဖတ်ကျောက်ကို ထွင်းထုထားကာ သီရိလင်္ကာရှိ မူလအခြေအနေအတိုင်း ထိန်းသိမ်းထားရှိသည့် အကောင်းဆုံးလက်ရာများထဲမှ တစ်ခု ဖြစ်သည်။ ဤရုပ်ပွားတော်သည် သမာဓိရုပ်ပွားတော်နှင့် ဆင်တူသည်။ ရုပ်ပွားတော်၏ အချို့အင်္ဂါရပ်များကို ကြည့်ရှုခြင်းဖြင့် မသုရကျောင်း၏ လွှမ်းမိုးမှုများ ပါရှိနေသည်ကို သိနိုင်သည်။ ယခုအခါ ရုပ်ပွားတော်ကို ကိုလမ်ဘိုအမျိုးသားပြတိုက်တွင် ထိန်းသိမ်းထားရှိသည်။

တိုလုဝိလရုပ်ပွားတော်
ခုနစ်၄ - ၅ ရာစု
အမျိုးအစားကျောက်ထွင်းရုပ်တု
တည်နေရာအနုရာဒပူရ

ပုံပန်းသွင်ပြင် ပြင်ဆင်ရန်

တိုလုဝိလဗုဒ္ဓရုပ်ပွားတော်သည် သမာဓိရုပ်ပွားတော်တို့နှင့်အတူ သီရိလင်္ကာနိုင်ငံ၏ ရှေးခေတ်ကျောက်ပန်းရံများထဲတွင် အကောင်းဆုံးတစ်ခုလည်း ဖြစ်သည်။[၁][၂] သီရိလင်္ကာတွင် တွေ့ရှိရသည့် ဗုဒ္ဓရုပ်ပွားတော်များထဲတွင် မူလအခြေအနေအတိုင်း အကောင်းဆုံးထိန်းသိမ်းထားရှိသည့် ရုပ်ပွားတော်လည်း ဖြစ်သည်။[၃] နှမ်းဖတ်ကျောက်တုံးတစ်ခုတည်းကို ထွင်းထားသည့် ရုပ်ပွားတော် ဖြစ်သည်။ သမာဓိရုပ်ပွားတော်နှင့် နီးနီးစပ်စပ် ဆင်တူပြီး အနည်းငယ် သေးငယ်သည်။ ရုပ်ပွားတော်တော်သည် အမြင့် ၉ လက်မ (၁.၇၅ မီတာ) ရှိသည်။ ရုပ်ပွားတော်၏ ခြေထောက်များသည် ခွေထားပြီး လက်များသည်လည်း တရားထိုင်နေဟန် ဖြစ်သည်။ dhyana မုဒြာပုံစံ ဖြစ်သည်။ ထိုင်နေသည့် ပုံစံသည် weerasana ဖြစ်သည်။ ပခုံးအကျယ်သည် ၃ ပေ ၅ လက်မ (၁.၀၄ မီတာ)၊ ဒူးခေါင်းနှစ်ခုအကြား အကျယ်သည် ၅ ပေ ၉ လက်မ (၁.၇၅ မီတာ )ရှိသည်။[၄][၅]

ဤရုပ်ပွားတော်နှင့် ခေတ်ကာတူညီသည့် အခြားရုပ်ပွားတော်များ၏ နားသည် ရှည်လျားပြီး တွဲကျနေသည်။ တိုလုဝိလရုပ်ပွားတော်တွင်မူ ထိုကဲ့သို့ မရှိပေ။ နောက်ထပ် ထူးခြားသည့်တစ်ခုမှာ လည်ပင်း၏ အရှေ့ဘက်တွင် အစင်းကြောင်းသုံးခု ဆွဲထားသည်မှာ အိန္ဒိယနိုင်ငံမှ Mathura School ၏ လွှမ်းမိုးမှုများ ရှိသည်ကို သိနိုင်သည်။ ထိုင်းနိုင်ငံ၊ Chaiya ရှိ Wat Phra Borom That ကျောင်းတော်တွင် တည်ရှိသည့် ထိုင်တော်တူရုပ်ပွားတော်များသည် တိုလုဝိလရုပ်ပွားတော်ကဲ့သို့သော အနုရာဒပူရမှ ရုပ်တုများ၏ လွှမ်းမိုးမှုများတည်ရှိနေသည်။[၅][၆]

သမိုင်း ပြင်ဆင်ရန်

သမိုင်းပညာရှင်များက ရုပ်ပွားတော်ကို ၄ - ၅ ရာစုကာလ အနုရာဒပူရနောက်ပိုင်းအချိန်များက ပြုလုပ်ခဲ့သည်ဟု ယုံကြည်ကြသည်။ [၁][၄]ရှေးဟောင်းသုတေသနပညာရှင် Harry Charles Purvis Bell. က အနုရာဒပူရမြို့ရှိ တိုလုဝိလရွာကို ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများ ၁၉၀၀ ပြည့်နှစ်တွင် လုပ်ဆောင်ခဲ့ရာ ရုပ်ပွားတော်ကို တွေ့ရှိခဲ့သည်။ ဤရုပ်ပွားတော်သည် အနုရာဒတွင် တွေ့ရှိခဲ့သည့် အကောင်းဆုံးသော သမိုင်းဝင်ပစ္စည်းတစ်ခု ဖြစ်သည်ဟု Harry Charles Purvis Bell. ဟု ဆိုခဲ့သည်။[၄][၅] နောင်အခါတွင် ရုပ်ပွားတော်ကို ကိုလံဘိုအမျိုးသားပြတိုက်သို့ ပို့ဆောင်ခဲ့ပြီး ယနေ့ထက်တိုင် ထားရှိခဲ့သည်။ ပြတိုက်သည် ရှေးခေတ်သီရိလင်္ကာနိုင်ငံ၏ အကောင်းဆုံးသော ပန်းပုလက်ရာများ ရှိသည့် နေရာတစ်ခုဟု သတ်မှတ်ထားကြသည်။ ရုပ်ပွားတော်ကို အဆောက်အဦ အဓိကဝင်ပေါက်အရှေ့ဘက်တွင်ပင် သိသာစွာ မြင်တွေ့နိုင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Siriwera၊ W. I. (2004)။ History of Sri Lanka။ Dayawansa Jayakody & Company။ pp. 282, 287။ ISBN 955-551-257-4
  2. Smith၊ Vincent Arthur (1911)။ A history of fine art in India and Ceylon, from the earliest times to the present day။ Oxford: Clarendon Press။ p. 92။
  3. Colombo National Museum။ Department of National Museums, Ministry of Cultural Affairs and National Heritage။ 8 January 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 March 2010 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ Diganwela၊ T. (1998)။ කලා ඉතිහාසය [History of Art] (Sinhalaဘာသာစကားဖြင့်)။ Wasana Publishers။ p. 23။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  5. ၅.၀ ၅.၁ ၅.၂ Sarachchandra၊ B. S. (1977)။ අපේ සංස්කෘතික උරුමය [Cultural Heritage] (Sinhalaဘာသာစကားဖြင့်)။ Silva, V. P.။ p. 119။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  6. Jacq-Hergoualc'h၊ Michel; Hobson, Victoria (2002)။ The Malay Peninsula: crossroads of the maritime silk road (100 BC-1300 AD), Part 313။ Brill။ p. 146။ ISBN 978-90-04-11973-4