တော်ဝင် အလေး အရုပ်များ
နောက်ခံသမိုင်း
ပြင်ဆင်ရန်Royal weights ခေါ် တော်ဝင် အလေးရုပ်များကို အေဒီ ၁၃ ရာစုခန့်မှ စ၍ မြန်မာအင်ပါယာ အတွင်းတွင် တိရစ္ဆာန်ပုံသဏ္ဌာန်ဖြင့် အမျိုးအစား အုပ်စု ၃ မျိုး (သို့မဟုတ် ၄ မျိုး) ဖြင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ခဲ့ကြသည်။ ဘုရင့်နောင်၊ ရှင်စောပု စသော အမျှော်အမြင်ကြီးသော ဘုရင်များက မတူညီသော စံသတ်မှတ်ချက်များကို တန်းတူညီအောင် စံအလေးချိန် အတိအကျ သတ်မှတ် ပြဋ္ဌာန်းခဲ့သည်ကို Royal Orders of Burma ခေါ် မြန်မာနိုင်ငံ ပြန်တမ်းများတွင် တွေ့ရသည်။ အရောင်းအဝယ် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများကို ဝယ်ယူစေခြင်းဖြင့် ဘုရင့် အခွန်ဘဏ္ဍာ ရရှိရန် အလို့ငှာ ဘုရင် အသီးသီးက ထုတ်လုပ် ဖြန့်ဖြူးခဲ့ကြသည်ဟု ဆိုသည်။
တော်ဝင် အလေးရုပ်များကို 'ဘိန်းအလေး' (Opium Weights) များဟု မူလက အသိများခဲ့သည်။[၁] အများအားဖြင့် ဟင်္သာနှင့် ခြင်္သေ့ ပုံစံ ကြေးရုပ်များကို ၁ ပိဿာ၊ ၅၀၊ ၂၀၊ ၁၀၊ ၅၊ ၁ ကျပ်သား စသည်ဖြင့် ကြေးရုပ်များကို ကုန်ရောင်း ကုန်ဝယ် ပြုလုပ်ရာတွင် စံအလေး အဖြစ်သတ်မှတ်၍ ချိန်တွယ် ရောင်းဝယ်ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ပုံစံအမျိုးမျိုးရှိသော အောက်ခံခုံများ ပါရှိသည်။ အခြေခံအားဖြင့် ဒဿမစကေးအရ 2 မှ 4000 ဂရမ်အထိ အလေးချိန် ရှိကြသည်။
အသုံးပြုပုံ
ပြင်ဆင်ရန်မူလက ၎င်း ရှေးဟောင်း အလေး အရုပ်များကို အသုံးပြုပုံ ၃ နည်း ရှိခဲ့သည်။[၂]
- အလေး ချိန်တွယ်ရန် အသုံးပြုခြင်း
- ဗေဒင် ကိန်းခန်းအရ မိမိနေ့နံနှင့် ကိုက်ညီသည့် လာဘ်ဝင် အန္တရာယ်ကင်းစေသည့် အဆောင် အဖြစ် အသုံးပြုခြင်း
- ငွေကြေး အဖြစ် အလေးချိန်ဖြင့် တန်ဘိုးဖြတ်ပြီး ငွေပေးချေမှုများတွင် အသုံးပြုခြင်း
ထို့ပြင် အမိုးခုံးပုံသဏ္ဌာန် စကျင်ကျောက်အလေးအကြီးစားများကို လက္ကား ရောင်းဝယ်သူများကလည်း အသုံးပြုခဲ့သည်။[၃] အချို့က ယင်းကိ "ရာဇူ အလေး" ဟု ခေါ်သည်။
အလေးများကို ရောင်းဝယ်ဖောက်ကားရန်အတွက်သာမက ဘာသာရေးနှင့် နိုင်ငံရေးရည်ရွယ်ချက်များအတွက်လည်း ကောင်းကင်ဘုံရှိ နတ်ဝိညာဉ်တန်ခိုးများနှင့် မြေကြီးပေါ်ရှိ ဘုရားရှင်၊ ဘုရင်တို့၏ ကိုယ်စားပြု အဆောင် အဖြစ်လည်း အသုံးပြုခဲ့သည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ဘုရင် အသီးသီးက သင်္ကေတများနှင့် စာသားများ ထည့်သွင်းတတ်ပြီး နန်းတွင်းထုတ် အလေး ရုပ်များကို 'တရားဝင်' အလေးများ၊ တစ်နည်းအားဖြင့် 'တော်ဝင် အလေးများ' ဟု သတ်မှတ်ကြသည်။
တော်ဝင်အလေးများကို သီပေါမင်း ပါတော်မူပြီး၊ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သော်လည်း ယနေ့တိုင် ရံဖန်ရံခါ အသုံးပြုနေကြပါသည်။ 1917 ခုနှစ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နှင့် ကျီယန်စု နှင့် အခြားဝေးကွာသော ဒေသများမှ လူများသည် မြန်မာနိုင်ငံ အရှေ့ပိုင်း အင်းလေးကန်ရှိ ဈေးများသို့ တိရစ္ဆာန်အလေးများ အစုံအလင် အသုံးပြုနေဆဲ ဖြစ်သည်။ ရှေးရိုးစွဲ ကုန်သည်များနှင့် တိုင်းရင်းဆေးဆရာအချို့သည် မြန်မာနိုင်ငံ အထက်ပိုင်းရှိ တိရိစ္ဆာန်အလေးများကို အသုံးပြုနေကြဆဲဖြစ်သည်။ မြန်မာပြည်၏ အခြားနေရာများတွင် ရံဖန်ရံခါ တိရစ္ဆာန်အလေးချိန်ကို ရွာဈေးများတွင် တွေ့ရှိနိုင်သည်။
ရှေးဟောင်းပစ္စည်း မြတ်နိုးသူများက ယင်းတို့ကို အတိတ် အမှတ်တရ ပစ္စည်းများအဖြစ် သိမ်းထားတတ်ကြသည်ကိုလည်း တွေ့ရသည်။[၄] ကမ္ဘာ့ လေလံ ဝဗ်ဆိုက်များတွင်လည်း လေလံတင် ရောင်းချနေသည်များကိုလည်း တွေ့ရတတ်သည်။[၅] စိတ်ဝင်စားဖွယ် အွန်လိုင်း ပြခန်းများကိုလည်း ဝင်ရောက် ကြည့်ရှုနိုင်သည်။[၆]
ပုံစံအမျိုးကွဲများ
ပြင်ဆင်ရန်သမိုင်းပညာရှင် ဆရာကြီး ဦးမောင်မောင်တင် က အလောင်းဘုရား၏ မော်ကွန်းထိမ်း ဖြစ်သူ နန္ဒဗဟု ၏ ပေစာမှတ်တမ်းများအရ သိရှိရသော မြန်မာ မင်းအဆက်ဆက် ပြဋ္ဌာန်းခဲ့သော အလေးရုပ် အမျိုးကွဲများနှင့် စုဆောင်း ရရှိသမျှ ခုနှစ် များကို ဖော်ပြအပ်ပါသည်။[၇]
ပုံဖော်ထားသည့် တိရိစ္ဆာန် | ထုတ်လုပ်ခဲ့သည့် ဘုရင် |
---|---|
ကြက် | ကျော်စွာငယ် ( 1350-59)
မဟာသီဟသူရ ( 1468-80) အနောက်ဘက်လွန်မင်း (1605-28) |
ကြိုးကြာ | ငါးစီးရှင်ကျော်စွာ (1342-50)
မင်းခေါင်ကြီး (1402-21) |
စိုင် | သတိုးမင်းဖျား (1364-68) |
ဆင် | သိုဟံဘွား (1526-42) |
ဆိတ် | သီဟသူ (1422-26)
နရပတိကြီး (1443-69) |
ဇာမရီ | မင်းရဲကျော်စွာ (1440-43) |
တိုး | မိုးညှင်းမင်းတရား ( 1427-40)
နရပတိစည်သူ ( 1551-54) ပြည်မင်း (1661-72) |
တိုးမြင်း | တရဖျား (1349-52)
မဟာဓမ်မရာဇာဓိပတိ (1733-51) |
တိုးအောင်း | ဥဇနာ (1322-42)
ရွှေတောင်တက် (136-48) ရွှေနန်းကြော့ရှင် ( 1501-26) တနင်္ဂနွေမင်း (1714-33) |
ဗျိုင်း | တရဇျား ( 1401-02)
ညောင်ရမ်းမင်း ( 1597-1605) |
ဗျိုင်းအောံ | မင်းရဲမင်းကြီး (1349) |
ဝံ | မင်းလှမင်းငယ် (1425) |
သာလိကာ | သီဟသူ (1312-22) |
ဟင်္သာ | ကျေးတောင်ညို ( 1426-27)
ဒုတိယမင်းခေါင် (1480-1501) မင်းရဲကျော်ခေါင် ( 1661-72) ဝမ်းပဲအင်းစံမင်း (1672-98) စနေမင်း (1698-1714) |
ဟင်္သာနီ | ကျစွာ ( 1348-49)
မင်းပြောံ (1352-54) သတိုးမင်းစော (1544-84) |
ဥဩ | မင်းကြီးစွာစော်ကဲ (1368-1401)
မင်းရဲကျော်စွာ (1586-92) |
အောင်း | သတိုးဓမ္မရာဇာ (1629-48) |
- ↑ Old Burmese weights were not opium weights.
- ↑ Opium Weights around the world
- ↑ Rare marble weights at British Museum
- ↑ A collection of twenty-five Burmese bronze opium weights
- ↑ A collection of Burmese bronze opium weights
- ↑ Antique Opium weights gallery
- ↑ Opium weight in the form of a chicken