တေးမြုံငှက် တေးသီချင်း လုံးချင်းဝတ္ထု

တေးမြုံငှက် ဟု အမည်ရသည့် လုံးချင်းဝတ္ထုကို ၁၉၇၇ ခုနှစ်တွင် မောင်သစ်မင်းက အသက် ၂၄ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ တေးမြုံငှက် လုံးချင်းဝတ္ထုသည် ဂီတလောကကို နောက်ခံပြုရေးသားထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ယင်းလုံးချင်းဝတ္ထုသည် စတူဒီယိုခေတ်ဦးကာလအတွင်း ကြိုးစားလှုပ်ရှားနေကြသည့် တေးရေးဆရာတို့၏ သရုပ်မှန်ဘဝနှင့် တေးမြုံငှက် ရေးသားသူ ကိုယ်တိုင်၏ အနုပညာသမားဘဝ ဖြတ်သန်းရသည့် အခြေအနေများကို သရုပ်ဖော်ရေးသားထားခြင်းဖြစ်သည်။ ထို့အပြင် တေးမြုံငှက် အမည်ရှိသည့် တေးသီချင်းကိုလည်း ရေးသားခဲ့သည်။ ယင်းတေးသီချင်းကို အဆိုတော် ခိုင်ထူး မှ သီဆိုခဲ့သည်။ တေးမြုံငှက် လုံးချင်းဝတ္ထုနှင့်တေးသီချင်းသည် မောင်သစ်မင်း၏ အောင်မြင်ထင်ရှားသော အနုပညာလက်ရာတစ်ခုဖြစ်သည်။ ထို့ကြောင့် မောင်သစ်မင်းကို တေးမြုံငှက်ဟု ဂီတနှင့်စာပေအသိုင်းအဝန်းတွင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။