ထိုင်းလိုင်းရင်း လေကြောင်းလိုင်း

ထိုင်းလိုင်းရင်း လေကြောင်းလိုင်း (အင်္ဂလိပ်: Thai Lion Air; ထိုင်း: ไทยไลอ้อนแอร์) သည် အင်ဒိုနီးရှားနိုင်ငံ လိုင်းရင်း လေကြောင်းလိုင်းနှင့်တွဲဖက်ထူထောင်ထားသော ထိုင်းနိုင်ငံအခြေစိုက် စရိတ်နည်း လေကြောင်းတစ်ခု ဖြစ်သည်။[၁][၂] လေကြောင်းလိုင်းသည် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်အခြေစိုက်ကာ ပြည်တွင်းပြည်ပ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။[၃] ရုံးချုပ်သည် ဘန်ကောက်မြို့၊ ဒွန်မောင်းတွင် တည်ရှိသည်။[၄]

Thai Lion Air
ไทยไลอ้อนแอร์
IATA ICAO Callsign
SL TLM MENTARI
တည်ထောင်၄ ဒီဇင်ဘာ ၂၀၁၃; ၁၀ နှစ် အကြာက (၂၀၁၃-၁၂-04)
မိခင်ဌာနဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်
မိတ်ဖက်Lion Group
လေယာဉ်ပေါင်း၂၅
ပျံသန်းဌာနေပေါင်း၂၂
ဆောင်ပုဒ်Freedom to Fly
မိခင်ကုမ္ပဏီNational Aerospace & Defence Industries Sdn Bhd (၅၁%)[၁]
ဌာနချုပ်89/46 Vibhavadi Rangsit Road, Sanam Bin Sub-district, ဒွန်မောင်းခရိုင်၊ ဘန်ကောက်မြို့ထိုင်းနိုင်ငံ
အရေးပါသူများAtsawin Yangkiratiwon (CEO)
ဝက်ဘ်ဆိုဒ်www.lionairthai.com

ထိုင်းလိုင်းရင်း လေကြောင်းလိုင်း၏ ပထမဦးဆုံး ခရီးစဉ်ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဘန်ကောက် - ချင်းမိုင် ခရီးစဉ်ဖြင့် စတင်ခဲ့သည်။

ပျံသန်းရာမြို့များ ပြင်ဆင်ရန်

တရုတ်နိုင်ငံ

အင်ဒိုနီးရှားနိုင်ငံ

မြန်မာနိုင်ငံ

စင်္ကာပူနိုင်ငံ

ဗီယက်နမ်နိုင်ငံ
ထိုင်းနိုင်ငံ

တိုးချဲ့ရန် [၅] ပြင်ဆင်ရန်

လေယာဉ် ပြင်ဆင်ရန်

၂၀၁၆ခုနှစ် ဩဂုတ်လတွင် ထိုင်းလိုင်းရင်း လေကြောင်းလိုင်းတွင် အောက်ဖော်ပြပါ လေယာဉ်များပိုင်ဆိုင်သည်။[၆]

အမျိုးအစား လက်ရှိ အမှာစာ
ခရီးသည် မှတ်ချက်
Boeing 737-800

၁၈၉
Boeing 737-900ER ၁၄
-
၂၁၅
စုစုပေါင်း ၂၂

လေယာဉ်ဓာတ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်