ရှင်ဝိမလဗုဒ္ဓိ

(ထီးလင်းဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ဝိမလဗုဒ္ဓိ (၁၁၅၁ - ၁၂၁+) သည် “ထီးလင်းဆရာတော်” ဟု ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၅၂ ခုနှစ်၊ တပို့တွဲလတွင် အနောက်ဘက်တိုက် ပျဉ်းမရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်မြတ်ရွဲ ဖြစ်သည်။

သာမဏေပြုသည့်အခါ “ရှင်ဝိမလ” ဟူသည့် ဘွဲ့ကို ခံယူခဲ့သည်။ အရွယ်ရောက်၍ ရဟန်းပြုသည့်အခါတွင် “ရှင်ဝိမလဗုဒ္ဓိ”ဘွဲ့ကို ခံယူခဲ့သည်။ အင်းဝမြို့တော် လောကသယမ္ဘူဘုရားရှေ့ကျောင်းတိုက်တွင် သဲအင်းဆရာတော်ထံ၌ ပညာသင်ကြားခဲ့သည်။ အမရပူရမြို့သို့ ရောက်သည့်အခါ မြို့တော်အရှေ့မြောက်ထောင့် အောင်မြေဘုံကျော်ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ဝိမလာဘိဝံသ [မှတ်စု ၁] မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ကို ရခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၁၃ ခုနှစ်နောက်ပိုင်းတွင်မှ ပျံလွန်တော်မူခဲ့သည်။ [၁]

မှတ်စု ပြင်ဆင်ရန်

  1. မင်းလှသီရိသီဟသူ၏ မှတ်တမ်းတွင် “ဝိရိယာဘိဝံသ” ဟု ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၈၂။