ထုံးအိုင်ရွာ၊ ဘားအံမြို့နယ်

(ထုံးအိုင်ရွာ မှ ပြန်ညွှန်းထားသည်)

ထုံးအိုင်ရွာ သည် ကရင်ပြည်နယ်ဘားအံမြို့နယ်တွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။

ထုံးအိုင်ရွာ

ထုံးအိုင်ရွာသည် မွန်လူမျိုးများ နေထိုင်ကြသော ကျေးရွာတစ်ရွာဖြစ်သည်။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ မွန်ရွာများတွင် အကြီးဆုံးသော မွန်ရွာကြီးတစ်ရွာဖြစ်သည်။ ထုံးအိုင်ရွာမှ မော်တော်ကားဖြင့် မော်လမြိုင်သို့ ခရီးထွက်ခဲ့ပါလျှင် ဦးစွာနောင်ထလုံးရွာသို့ ရောက်ရှိပြီး ၎င်းမှ ကော့မီကဝရွာ ကားလမ်းအနောက်ဘက်( ၂ ) မိုင်ခန့် ခရီးတွင် ကရင်ကော့ကျိုက်ရွာ၊ ရွှေတောရွာ၊ ဇာသပြင်ရွာ၊ ဖဲကသာရွာ၊ ကတိုးရွာ၊ ကော့နှပ်ရွာ၊ ညောင်ပင်ဆိပ်ရွာ မော်လမြိုင်စက်မှုဇုံ၊ ၎င်းမှတစ်ဆင့် မော်လမြိုင်သို့ရောက်သည် ထုံးအိုင်ရွာမှ မော်လမြိုင်သို့ ဆက်သွယ်ထားသည့်ကားလမ်းမှာ အထက်ဖော်ပြပါ ရွာများ၏ အရှေ့ဘက်တစ်မိုင်ခန့်အကွာတွင် တည်သည်။

ပတ်ဝန်းကျင် ပြင်ဆင်ရန်

ထုံးအိုင်ကျေးရွာသည် ပတ်ဝန်းကျင် ( ၄ ) မျက်နှာအရပ်၌ အရှေ့ဘက်တွင် နောင်ထလုံးကျေးရွာ၊ ကော့သံခါကျေးရွာ၊ နောင်ဘိုကျေးရွာ၊ အနောက်ဘက်၌ သံလွင်မြစ်ကိုကျော်၍ နတ်မှော်ရွာ၊ မကျီးကျွန်းရွာ၊ ရေကျော်ရွာ၊ ဝဲကြီးရွာ၊ တောင်ဘက်တွင် ဒေါက်ဒဲကျွန်း၊ ကော့ရခိုင်ကျွန်း၊ မိန်းမလှကျွန်းရွာ၊ ဖာအွန်ရွာ ရှိပြီး မြောက်ဘက်၌ ဝင်းကျန်ရွာ၊ ဖာလင်ရွာ၊ ကမ်းနားဖာလင်ရွာနှင့် ၆ မိုင်ကွာ ကော့လှိုက်ကျေးရွာတည်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. နိုင်ပန်းအောင်။ စစ်သူကြီးဒလဗန်းနှင့် ကြင်ယာတော်မိထောအွန်း