ထွန်းလွင်၊ ဒေါက်တာ

မြန်မာ မိုးလေဝသ ပညာရှင်

ဒေါက်တာထွန်းလွင်သည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယခင်ညွှန်ကြားရေးမှူးချုပ်(Former Director-General) ဖြစ်သည်။

ဦးထွန်းလွင်
မွေးဖွား(၁၉၄၈-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၇)ဇန်နဝါရီ ၁၇၊ ၁၉၄၈
ကုလားကျေးရွာ၊ ငါန်းဇွန်းမြို့နယ်မန္တလေးတိုင်းဒေသကြီး
ကွယ်လွန်နိုဝင်ဘာ ၄၊ ၂၀၁၉(၂၀၁၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-0၄) (အသက် ၇၁)
ရန်ကုန်မြို့
အလုပ်အကိုင်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ညွန်ကြားရေးမှူးချုပ် (ငြိမ်း)
မိဘ(များ)ဦးသိန်းမောင် + ဒေါ်အေးကြီး
ဝက်ဘ်ဆိုဒ်tunlwin.com

ဘဝဖြစ်စဉ် ပြင်ဆင်ရန်

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးငါန်းဇွန်းမြို့နယ်၊ ကုလားကျေးရွာ၌ အဖ ဦးသိန်းမောင် အမိ ဒေါ်အေးကြီး တို့က မွေးဖွားခဲ့သည်။ မွေးချင်း နှစ်ဦးအနက် အကြီးဖြစ်သည်။

၁၉၆၄ ခုနှစ်တွင် မန္တလေးတိုင်း လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်းမှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သင်္ချာလူရည်ချွန် (ရွှေတံဆိပ်ဆု)ကို ရရှိခဲ့သည်။ ပညာမင်းကြီး ဦးဘိုးသုန် ပေးသော ပညာမင်းကြီး ဆုတံဆိပ်ကို ရရှိသည်။

၁၉၆၅-ခုနှစ်တွင် မန္တလေးမြို့ အ.ထ.က(၁၄)ကျောင်း (ယခင်- ဖာသာလဖုန်းကျောင်း)တွင် ဆယ်တန်းအောင်မြင်သည်။ ၁၉၆၅-ခု၊ မေလ(၃)ရက်တွင် မန္တလေးမြို့ရှိ မိုးလေဝသဌာန၌ အောက်တန်းစာရေးအဖြစ် အသက်(၁၇)နှစ်(၄)လအရွယ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အမှုထမ်းဘဝဖြင့် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊တိုးချဲ့ညနေသင်တန်းမှ သိပ္ပံဘွဲ့(ရူပဗေဒဘာသာအဓိက)ကို ဘာသာစုံဂုဏ်ထူး၊ အထူးအောင်ဖြင့်အောင်မြင်ခဲ့သည်။ ၁၉၇၁-ခုနှစ်တွင် B.Sc (ရူပဗေဒ)ဘွဲ့ ရရှိခဲ့သည်။ ဘာသာစုံ ဂုဏ်ထူးဖြင့် အထူးအောင်မြင်ခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်တွင် သရုပ်ပြ တိုက်ရိုက်ခန့်သည်။ သို့သော် ဝင်ရောက်လုပ်ကိုင်ခြင်း မရှိဘဲ မိုးလေဝသဌာနတွင်သာ ဆက်လက်အမှုထမ်းခဲ့၏။

၁၉၇၃-ခုနှစ်တွင် အမေရိကန်ပြည် ဖလောရီဒါ တက္ကသိုလ်သို့ ပညာသင်လွှတ်ခြင်း ခံရသည်။ နှစ်နှစ်တက်ပြီး ၁၉၇၅-ခုနှစ်တွင် B.Sc(မိုးလေဝသ) ဘွဲ့ရခဲ့သည်။ ၁၉၈၇-ခုနှစ်တွင်လည်း မဟာသိပ္ပံဘွဲ့အတွက် ဒုတိယအကြိမ် အမေရိကန် ဖလော်ရီဒါ တက္ကသိုလ်ကို ပညာသင် သွားရပြန်သည်။ ၁၉၈၉ ခုနှစ်တွင် ယင်းတက္ကသိုလ်မှပင် မဟာသိပ္ပံဘွဲ့ (မိုးလေဝသ) ကို လည်းကောင်း အောင်မြင် ရရှိခဲ့ကာ ပါရဂူဘွဲ့ သင်တန်း တက်ရောက်ခွင့် သုံးနှစ် ပညာသင်ဆုကို အမေရိကန် ပြည်ထောင်စု အမျိုးသား အဏ္ဏဝါနှင့် လေထု အုပ်ချုပ်ရေး အဖွဲ့က ချီးမြှင့်ခြင်း ခံခဲ့ရသည်။ သို့သော် မတက်ရောက် ဖြစ်ခဲ့ပေ။ ယခုအခါ ယင်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ကျမ်းပြုစုပြီးဖြစ်သည်။

၂၀၀၃-ခုနှစ်တွင် စက်မှုထူးချွန် ဒုတိယဆုကို ရရှိခဲ့သည်။

Ph.Dဘွဲ့ကို ရန်ကုန်တက္ကသိုလ်တွင် လေးနှစ်တက်ပြီး ၂၀၀၈-ခုနှစ်၊ ဇူလိုင်လတွင် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။ ၂၀၀၉-ခုနှစ်၊ မတ်လ(၂၀)ရက်နေ့၌ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနတွင် ပေးအပ်သော ပထမဆုံးဆရာခ ရူပဗေဒဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

၂၀၀၆-ခုနှစ်တွင် နိုင်ငံတကာ မိုးလေဝသနှင့် ဇလဗေဒ အသင်းကြီး၏ အမြဲတမ်း အသင်းဝင်၊ ၂၀၀၇ တွင် အာရှဒေသ သဘာဝဘေးဒဏ် ကာကွယ်ရေးနှင့် ပြင်ဆင်ရေး ကောင်စီ မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ ဒေါက်တာထွန်းလွင်မှာ ၁၉၈ဝ ခုနှစ်ခန့်မှသည် ညွှန်ကြားရေးမှူး တာဝန်ယူထားသည့်တိုင် မိုးလေဝသ သတင်းကြေညာသူ အဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

နာဂစ်မုန်တိုင်း မတိုင်မီ အချိန်ထိ မိုးလေဝသ သတင်းအတွက် အားထားရသူတစ်ဦး ဖြစ်ခဲ့ပြီး သတင်းလောကတွင်လည်း သတင်းထုတ်ပြန်ရန် ပွင့်လင်းသူ အဖြစ် ကျော်ကြားခဲ့သည်။

၂၀၀၈-ခုနှစ်၊ မေလ နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး မီဒီယာများတွင် မိုးလေဝသဌာနက သတင်းထုတ်ပြန်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးထွန်းလွင်မှာ လူထု စိတ်ဝင်စားမှုခံရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

၁၉၆၅ ခုနှစ်၊ မေလ ၃ ရက်နေ့၌ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနတွင် တိုင်းထွာရေးမှူးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ညွှန်ကြားရေးမှူးချုပ်အဖြစ် အဆင့်ဆင့် တိုးမြှင့် တာဝန်ထမ်းဆောင်ခဲ့သည်။


မြန်မာ့ ရုပ်မြင်သံကြား သတင်း အစီအစဉ်တွင် လပတ် မိုးလေဝသ သတင်း ကြေညာသူ အဖြစ် ၁၉၈ဝ ပြည့်နှစ် အောက်တိုဘာလမှ စ၍ ယနေ့ အထိ ၂၆ နှစ်ကျော် ဆောင်ရွက်ခဲ့။


လုပ်ငန်း တာဝန်ဖြင့် အမေရိကန်၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တရုတ်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ဩစတြေးလျ၊ ဘရူနိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျာမနီ၊ ကိုရီးယား၊ အိန္ဒိယ၊ ပြင်သစ်၊ ကင်ညာ၊ ကနေဒါ စသည့် နိုင်ငံများတွင် မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ သင်တန်းများ၊ အစည်းအဝေးများ၊ စာတမ်း ဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ကွန်ဖရင့်များ တက်ရောက် တင်ပြခဲ့။


သုတေသန စာတမ်းပေါင်း ၆ဝ ကျော်၊ ဆောင်းပါးပေါင်း ၉ဝ ကျော် ရေးသား ပြုစု ပုံနှိပ်ခဲ့ပြီး ပြည်ပတွင် (၂၁) ကြိမ်၊ ပြည်တွင်းတွင် အကြိမ် (၁၅၀) ကျော် ဟောပြော ပို့ချခဲ့။


၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နအဖ စစ်အစိုးရက စက်မှု စီးပွား ထူးချွန်ဆု (ဒုတိယ အဆင့်) ကို ချီးမြှင့်ခဲ့။


သင်္ချာ ပုံစံသုံး မိုးလေဝသ ခန့်မှန်းနည်း၊ ကမ်းရိုးတန်း ဒေသများ အတွက် မုန်တိုင်း ဒီရေ ခန့်မှန်းခြင်း ဆိုင်ရာ လက်တွေ့ သုံးနည်း စနစ်၊ မိုးလေဝသ ရက်ရှည် ခန့်မှန်းခြင်း အတွက် တာဝေး ဆက်နွယ်မှု နည်းစနစ် စသည့်တို့ကို ပထမ ဦးဆုံး တီထွင် အသုံးပြု နိုင်ခဲ့သူ ဖြစ်။


ဦးထွန်းလွင်သည် လက်ရှိ မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီး ဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင် နေသူ ဖြစ်ပြီး ၂၀၀၆ ခုနှစ် မှာပင် လုပ်ငန်းပိုင်း ဆိုင်ရာ အောင်မြင်မှု တရပ် အနေဖြင့် အာရှ သဘာဝဘေး စောင့်ကြည့် ပြင်ဆင်ရေး ဗဟို ဌာန (Asian Disaster Preparedness Centre, ADPC) မှ ပထမဆုံး ဖွဲ့စည်းသည့် ငါးနှစ်တာ လုပ်ငန်း စီမံချက်၏ ဦးဆောင်မှု ကော်မတီတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။


ဦးထွန်းလွင်သည် အမှုထမ်းသက် နှစ် ၄ဝ ကျော် အတွင်း လုပ်ငန်းပိုင်း ဆိုင်ရာ စွမ်းဆောင်မှုများ အနေဖြင့် မုန်တိုင်း ဒီရေ ခန့်မှန်းနည်း ဖော်ထုတ်ခြင်း၊ အယ်လ်နီညို၊ လာနီညာ ဖြစ်စဉ်များနှင့် တာဝေး ဆက်နွယ်မှုအား ဌာနတွင်း ပထမဆုံး လေ့လာ တင်ပြခြင်း၊ မြန်မာနိုင်ငံ၏ ရာသီ ဥတု ပြောင်းလဲပုံများကို ၁၉၇၇ ခုနှစ်မှ စတင်၍ နှစ် ၅ဝ ကြာ မှတ်တမ်း ပြုကာ သုတေသန ပြုနိုင်ခဲ့ခြင်း စသည် တို့ကို ဆောင်ရွက် ခဲ့သည်။


ဦးထွန်းလွင်သည် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု၏ အားကို ရယူ၍ မြန်မာနိုင်ငံ အတွက် ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ လုပ်ငန်းများ အပေါ် အကျိုး ရှိစေရန် ၂၀၀၆ ခုနှစ် အတွင်း ဌာန၏ ဦးဆောင်သူ အနေဖြင့် ပါဝင်ခဲ့သည်။ ရလဒ်များ အနေဖြင့် UNESCO အကူအညီဖြင့် ပင်လယ် ရေမျက်နှာပြင် တိုင်းတာရေး စခန်း ဖွင့်လှစ်မှုများ၊ ADPC ၏ နည်းပညာပိုင်း၊ ပစ္စည်း ကိရိယာပိုင်း ထောက်ပံ့မှုများ စသည် တို့ကို ရရှိခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ အငြိမ်းစား ဥပဒေအရ အသက် ၆၅နှစ်ထိ တာဝန်ထမ်းဆောင်နိုင်သော်လည်း ၂၀၀၉ ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် အသက် ၆၁ နှစ် အရွယ်တွင် ကျန်းမာရေးအရ ရုတ်တရက် အငြိမ်းစား ယူလိုက်ခြင်းဖြစ်သည်။ သို့သော် မိုးလေဝသနှင့် ဇလဗေဒလုပ်ငန်းများတွင် သုတေသီအဖြစ် ဆက်လက်လုပ်ကိုင် သွားမည်။ [၁]

၂၀ဝ၉ ခုနှစ်၊မေလ(၂၉)ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်(အကြံပေးအရာရှိ)ရာထူးဖြင့် အငြိမ်းစားယူခဲ့ရာ၊ နိုင်ငံတော်ဝန်ထမ်းအဖြစ်(၄၅)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါက်တာထွန်းလွင်သည် ယနေ့အထိ ဘာသာရပ်ဆိုင်ရာ သုတေသနစာမ်း မြန်မာ/အင်္ဂလိပ်နှစ်ရပ်ပေါင်း (၈၀)ကျော်၊ ဆောင်းပါးပေါင်း(၁၂၀)ကျော်နှင့် ဟောပြောပွဲ ပြည်တွင်း(၃၀ဝ)ခန့်၊ ပြည်ပ(၄၀)ခန့် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဘာသာရပ်ဆိုင်ရာစာအုပ်(၃)အုပ်ရေးသားခဲ့ရာ လာနီညာဆိုသော မိန်းကလေးနှင့် အခြား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စာအုပ်များ သုတစွယ်စုံ သိပ္ပံစာပေဆု ဆွတ်ခူးရရှိခဲ့သည်။ အမှုထမ်းဘဝတွင် စက်မှုစီးပွား ဒုတိယဆင့် အပါအဝင်နိုင်ငံတော်မှဆုတံဆိပ်(၅)ခု ချီးမြှင့်ခြင်းခံခဲ့ရသည်။ ဒေါက်တာထွန်းလွင်သည် လက်ရှိတွင် ထိုင်းနိုင်ငံ၊ AIT တွင်ဖွင့်လှစ်ထားသော RIMES(Regional Integrated Multi-hazard Early Warning System)၏ Technical Advisor အဖြစ်လည်းကောင်း၊ Consultant အဖြစ် MRCS, CARE Myanmar. Actionaid Myanmar, EcoDev, NAG တို့တွင်လည်းကောင်း၊ Resouce Person အဖြစ် ICHARM(Japan), EGRESS, World Vision Myanmar, Global Green အပါအဝင် အခြားသော LNGOs, INGOs များတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆုံးရှုံးနစ်နာနိုင်မှုလျော့ပါးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ FM ရေဒီယိုလိုင်းများဖြစ်သည့် Mandalay FM နှင့် Shwe FM တို့တွင် အပတ်စဉ်နှင့်လစဉ်ရာသီဥတုရေးရာဆွေးနွေးဟောပြောသူအဖြစ်လည်းကောင်း၊ ရုပ်သံလိုင်းဖြစ်သည့် MRTV-4 တွင် အခါအားလျော်စွာ ဟောပြောသူအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

မိသားစု ပြင်ဆင်ရန်

ဒေါက်တာထွန်းလွင် ဇနီး ဒေါ်မူမူသန်းနှင့် အတူ သား/သမီး(၃)ဦး၊မြေး(၂)ဦးတို့နှင့် ရန်ကုန်မြို့တွင် နေထိုင်ခဲ့သည်။[၂] ဒေါက်တာထွန်းလွင်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက် တနင်္လာနေ့ ညနေ ၆ နာရီ ၅၇ မိနစ်အချိန်တွင် ကွယ်လွန်ခဲ့သည်။

ဒေါက်တာထွန်းလွင်သည် ၂၀၁၁-ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် ထွန်းလွင် ဖေါင်ဒေးရှင်းကို ထူထောင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. NewsWatch Weekly (21-5-2009)
  2. tunlwin.com - This website is for sale! - u tun lwin weather forecast MCCW Myanmar Forecasts dr tun lwin Resources and Information။ 9 October 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 October 2010 တွင် ပြန်စစ်ပြီး။