ရှင်အာစာရ (၁၂၀၅ − ၁၂၈၇) သည် “ဒက္ခိဏာရာမဆရာတော်” ဟု သိကြသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၀ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ကဖြူရွာတွင် ဖွားမြင်ခဲ့သည်။ ၁၂၂၈ ခုနှစ်တွင် “ရှင်အာစာရ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ပထမဒက္ခိဏာရာမဆရာတော် ရှင်ဇာဂရသည် ဥပဇ္ဈာယ်ဆရာ ဖြစ်သည်။

ဆရာတော်သည် ပဏ္ဍိတာဘိသီလာလင်္ကာရမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ရ ဆရာတော်ဦးမင်းထံတွင် ပညာများ သင်ယူခဲ့ဖူးသည်။

ဆရာတော်သည် ပွဲစားကြီးဦးကျော် ဆောက်လုပ်လှူဒါန်းခဲ့သည့် အုတ်ကျောင်းကို အလှူခံတော်မူခဲ့သည်။ ထို့နောက် မန္တလေးမြို့တောင်ပြင် ဒက္ခိဏာရာမကျောင်းတိုက်တွင် ဆက်လက်သီတင်းသုံးခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၄ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၁၉၊ ၁၂၀။