ဒဂုန် မဂ္ဂဇင်းသည် မြန်မာဘာသာဖြင့် ထုတ်ဝေသည့် လစဉ်ထုတ်မဂ္ဂဇင်းဖြစ်သည်။ မဂ္ဂဇင်းပါ ဝတ္ထုဆောင်းပါးများကို ပန်းချီသရုပ်ဖော်ထည့်သွင်းသည့် ပထမဆုံးမဂ္ဂဇင်း ဖြစ်ခဲ့သည်။

စတင်ထုတ်ဝေခြင်း ပြင်ဆင်ရန်

၁၉၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် မြန်မာအဆွေ ကုမ္ပဏီ ပိုင်ရှင် ဦး ဘညွန့် က ငွေကြေးစိုက်ထုတ်ကာ စတင်ထုတ်ဝေသည်။[၁] ပထမဆုံး အယ်ဒီတာချုပ်မှာ သခင်ကိုယ်တော်မှိုင်း ဖြစ်သည်။ အယ်ဒီတာအဖြစ် ဦး ဘိုးသစ် က တာဝန်ယူသည်။ နောင်သော် ဇေယျ က အယ်ဒီတာအဖြစ် တာဝန်လွှဲယူသည်။ မင်းသား မောင်မောင်လေးက တိုက်မန်နေဂျာအဖြစ် ဦးစီးသည်။ ပန်းချီတာဝန်ခံများမှာ ဦး ဘအုန်း၊ ဦး ဘကလေး (ရွှေရိုး) နှင့် ဦး ထွန်းကြွယ် တို့ ဖြစ်ကြသည်။

၁၉၄၁ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြောင့် ထုတ်ဝေမှု ရပ်နားကာ ၁၉၄၆ ခုနှစ်တွင် ပြန်ထုတ်သည်။

ထုတ်ဝေမှု ရပ်စဲခြင်း ပြင်ဆင်ရန်

၁၉၄၈ ခုနှစ်တွင် စာပေနယ်မှ အပြီးတိုင် စွန့်ခွာသွားသည်။

တိုက်ပေါက် စာရေးဆရာများ ပြင်ဆင်ရန်

ဒဂုန်တာရာဒဂုန်နတ်ရှင်ဒဂုန် ဆရာတင်ဒဂုန်ရွှေမျှားဒဂုန် ခင်ခင်လေးဒဂုန် ဦးစန်းငွေဒဂုန် ဦးထွန်းမြင့်ဒဂုန် ဦးလှဘေခင်မျိုးချစ် စသည့် နာမည်ကျော်စာရေးဆရာများကို စင်တင်ပေးခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. မျိုးသန်းစိုး၊ မောင်။ "ဒဂုန်မဂ္ဂဇင်း အညွှန်း"။ စာကြည့်တိုက်နှင့် သုတပညာဌာန၊ ရန်ကုန် တက္ကသိုလ်။ ၂၀၀၆။