စန်းအောင်၊ ကို (ဒါရိုက်တာ)

(ဒါရိုက်တာ ကိုစန်းအောင် မှ ပြန်ညွှန်းထားသည်)

ဒါရိုက်တာ ကိုစန်းအောင်သည် ယခင်က ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အနားယူခဲ့သည်။ ဇနီးမှာ မအေးအေးချစ်စိုးဖြစ်သည်။အောင်မြင်သော တီဗီကြော်ငြာပေါင်းများစွာကို ရိုက်ကူးတင်ဆက်ခဲ့သူလည်းဖြစ်သည်။ ဒါရိုက်တာ ကိုစန်းအောင်ရိုက်ကူးသော မောင့်မူပိုင်ရှင်ဇာတ်ကားသည် ၂၀၀၀ ပြည့်နှစ် (၄၉-ကြိမ်)မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌ ရုပ်ရှင်ဓာတ်ပုံဆုကို သန်းညွန့်(ပန်းသာ) မှရရှိခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၀၀ ပြည့်နှစ်၊ဧပြီလ (၁၃) ရက်နေ့ (သင်္ကြန်အကြိုနေ့) တွင်ကွယ်လွန်သည်။ကွယ်လွန်ချိန်တွင် အသက် (၄၁) နှစ်ရှိပြီဖြစ်ပြီး သူရိုက်ကူးခဲ့သည့် မောင့်မူပိုင်ရှင် ဇာတ်ကားရုံတင်ရန် (၃) ရက်အလိုတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်