ဒိုမီနီကန် ပီဆို (စပိန်: Peso dominicano) သည် ၂၀၁၁ ခုမှစ၍ ဒိုမီနီကန်တွင် သုံးသည့် ငွေကြေးစနစ် ဖြစ်၏။ ငွေကြေးသင်္ကတအဖြစ် $ ကို သုံးသည်။ အခြားဒေါ်လာများနှင့် ယှဉ်ရေးက RD$ ဟူ၍ သုံးသည်။ တပီဆိုတွင် စင်တာဗို ၁၀၀ ရှိသည်။ ၎င်းအတွက် ¢ သင်္ကတကို သုံးသည်။ ၂၀၁၁ မတိုင်မီက ငွေကြေးစနစ်၏ တရားဝင်အမည်မှာ ပီဆိုအော်ရို ဖြစ်သည်။

အမေရိကန်ဒေါ်လာနှင့်ဆက်နွယ်ချက် ပြင်ဆင်ရန်

အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က အရန်ငွေကြေးစနစ်အဖြစ် သုံးသည်။ နှစ်ဘက်သဘောညီလျှင် ဒေါ်လာနှင့် ယူရိုကိုလည်း အချင်းချင်း ဖလှယ်သုံးစွဲနိုင်၏။ ၂၀၀၃-၀၄ ကာလ ငွေဖေါင်းမှုမြင့်ချိန်တွင် ထိုသို့ အသုံးများခဲ့သည်။ ယခုအခါ အမေရိကန်ဒေါ်လာကို အသုံးများပြီး ခရီးသွားတို့အနေဖြင့် ဒိုမီနီကန်တွင် ဒေါ်လာကို ဒုတိယသုံးငွေကြေးအဖြစ် ဆောင်နိုင်သည်။

ကိုးကား ပြင်ဆင်ရန်