ဥဒကေဥစ္စာရသိက္ခာပုဒ် (ပါဒုကဝဂ်)

ရေကောင်း၌ ကျင်ကြီးစသည်စွန့်မှု ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် သောက်ကောင်း, သုံးကောင်းသော ရေ၌ ကျင်ကြီး, ကျင်ငယ် နှပ်, တံတွေးတို့ကို စွန့်ကြ-ထွေးကြကုန်၏၊ ထိုအပြုအမူကို လူတို့ကဲ့ရဲ့ရာမှ ရဟန်းတော်များ တဆင့်ကြား၍ ကဲ့ရဲ့ရှုတ်ချပြီးလျှင် ဘုရားရှင်အား တိုင်တန်း လျှောက်ထားကြသောကြောင့်၊ “မစွန့် မထွေးရ”ဟု တားမြစ်တော် မူပြီးနောက် ဂိလာနတို့အတွက် ခြွင်းချက် ပြုတော်မူကား...[၁]

“န ဥဒကေ အဂိလာနော ဥစ္စာရံဝါ ပဿာဝံဝါ ခေဠံဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟူ၍ သိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

“ငါသည် သုံးကောင်းသောရေ၌ ဂိလာန မဟုတ်လျှင် ကျင်ကြီး, ကျင်ငယ်, နှပ်, တံတွေးကို မစွန့် မထွေးအံ့”ဟု အလေ့ အကျင့်ကို ပြုရမည်။

မှတ်ချက် ပြင်ဆင်ရန်

ကုဋီတွင်း၌ ဝင်နေသော, သမုဒြာ၌ ဆားငံရေများသည် သုံးကောင်းသော ရေမဟုတ်၊ မြစ်ထဲ၌ လှေ, သင်္ဘော စီးသွားစဉ်၎င်း, မိုးအားကြီး၍ ရေပြင်ကြီးဖြစ်နေစဉ်၎င်း, ဥစ္စာရစသည်ပြုဖို့ ရေလွတ် သောအရပ်ကို မရနိုင်လျှင် “ဧတာဒိသေ ကာလေ-ဤကဲ့သို့သော ကာလ၌၊ အနုဒကဋ္ဌာနံ-ရေမရှိသောအရပ်ကို၊ အလဘန္တေ-မရနိုင်သူသည်၊ ကာတုံ-ရေထဲ၌ စွန့်ချခြင်းငှါ၊ ဝဋ္ဋတိ-အပ်၏”ဟု အဋ္ဌကထာ မိန့်သည်။

သေခိယ အခဏ်းပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး