ဒုတိယ တောင်ပြင်သည် (နရပတိစည်သူ)

တောင်ပြင်သည် အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် တောင်ပြင်သည် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

တောင်ပြင်သည် ("တောင်နန်းမတော်မိဖုရား" ဟု အဓိပ္ပာယ်ရ) သည် ပုဂံခေတ် နရပတိစည်သူမင်း၏ ဒုတိယမြောက် မိဖုရားခေါင် ဖြစ်သည်။

တောင်ပြင်သည်
မိဖုရားခေါင်
နန်းသက်၁၁၈၆ – ၁၂၁၁
ရှေ့မင်းဆက်ဝေဠုဝတီ
နောက်မင်းဆက်ဖွားတော်ကြီး
အိမ်ထောင်ဖက်နရပတိစည်သူ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

တော်ဝင်ရာဇဝင်ကျမ်းများတွင် အေဒီ ၁၁၈၆ တွင် ကွယ်လွန်သော ဝေဠုဝတီမိဖုရား နောက်ဆက်ခံသူကို ဖော်ပြရာတွင် တူညီမှု မရှိကြပေ။ မဟာရာဇဝင်ကြီး (၁၇၂၄) တွင် ဖော်ပြထားသည့် ဆက်ခံသူမှာ ကျန်စစ်သားမင်း၏ သူငယ်ချင်းနှင့် ရဲဘော်ရဲဖက်ဖြစ်သူ ညောင်ဦးဖီး၏ မြစ်တော်စပ်သူ ဖြစ်သည်။[၁] ရာဇဝင်သစ် (၁၇၉၈) တွင်လည်း ညောင်ဦးဖီး၏ မြစ်မှာ နရပတိစည်သူ၏ မိဖုရားဖြစ်ကြောင်း ဖော်ပြထားသော်လည်း တောင်နန်းမတော် မိဖုရား (မိဖုရားခေါင်) အနေဖြင့် မဟုတ်ဘဲ မြောက်နန်းမတော် မိဖုရားသာ ဖြစ်သည်ဟု ဆိုသည်။ ရာဇဝင်သစ်တွင် ငထွေရူး၏ မြစ်ဖြစ်သော စောစနေ သည် နောက်ဆက်ခံမည့် တောင်နန်းမတော် မိဖုရား ဖြစ်ပြီး ရတနာပုံ ဘွဲ့အမည်ဖြင့် ဖြစ်သည်ဟု ဆိုထားသည်။[၂] မဟာရာဇဝင်က စောစနေသည် နရပတိစည်သူ၏ မိဖုရားဖြစ်သော်လည်း ရာထူးအဆင့်အတန်းအနိမ့်အနေဖြင့်သာ ဖော်ပြထားသည်။[၁] မှန်နန်း ရာဇဝင် (၁၈၃၂) သည် မဟာရာဇဝင် နှင့် တူညီစွာ ဖော်ပြသည်။[၃]

ရာဇဝင်ကျမ်း သုံးစောင်စလုံးတွင် တူညီစွာ ဖော်ပြထားသည်မှာ ငထွေးရူးတွင် သားတော် သုံးဦး ရှိကြောင်း ဖြစ်သည်။[၁][၂][၃] သို့သော်လည်း စောစနေ၏ သားသမီးအရေအတွက်တွင် ကွဲပြားသည်။ မဟာရာဇဝင်ကြီး နှင့် မှန်နန်း က စောစနေတွင် သားသမီးလေးဦးရှိကြောင်း ဖော်ပြပြီး[၁][၃] ရာဇဝင်သစ်က တစ်ဦးတည်းဟု ဖော်ပြသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၁၂
  2. ၂.၀ ၂.၁ ၂.၂ ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၃
  3. ၃.၀ ၃.၁ ၃.၂ မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇

ကျမ်းပြုစာရင်း ပြင်ဆင်ရန်

  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ မဟာရာဇဝင်သစ်၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ရန်ကုန်: မဟာဒဂုံ။
  • မြန်မာနိုင်ငံ တော်ဝင် သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
ဒုတိယ တောင်ပြင်သည် (နရပတိစည်သူ)
Royal titles
ယခင်က
ဝေဠုဝတီ
မိဖုရားခေါင်
၁၁၈၆ – ၁၂၁၁
ဆက်ခံသူ
ဖွားတော်ကြီး