ဓာတုဆေးပညာ (အင်္ဂလိပ်: Iatrochemistry) သည် ဓာတုဗေဒနှင့် ဆေးပညာတို့ ပေါင်းစပ်ထားသော ပညာရပ်ခွဲတစ်ခုဖြစ်သည်။ Iatro သည် ဂရိစကားလုံး ἰατρός မှ ဆင်းသက်လာ၍ သမားတော်ဆေးပညာ ဟု အနက်ရသည်။ ဤပညာရပ်သည် အဂ္ဂိရတ်ပညာ၌ စတင်သန္ဓေတည်ခဲ့ပြီး ဓာတုဆေးပညာရှင်များသည် ရောဂါများနှင့် အပယိကဖျားနာခြင်းများအတွက် ဆေးရည် ရှာဖွေဖော်ထုတ်ခဲ့ကြသည်။[၁]

ဤပညာရပ်သည် ခေတ်သစ်ဆေးပညာပေါ်ထွန်းလာပြီးနောက် ဥရောပတွင် ကွယ်ပျောက်ခဲ့ပြီးဖြစ်လေသည်။ သို့ရာတွင် (ကမ်းရိုးတန်း)မြေနိမ့်ပိုင်းနိုင်ငံများ၌ ၁၅၂၅ မှ ၁၆၆၀ အထိ ရေပန်းစားခဲ့သည်။ အထင်ရှားဆုံး ခေါင်းဆောင်မှာ ပါရာဆဲလ်ဆပ်စ်ဖြစ်ပြီး ၁၆ ရာစု ဆွစ် အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်သည်။ ဓာတုဆေးပညာရှင်များ ယုံကြည်သည်မှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသည် ခန္ဓာကိုယ် အရည်များ၏ သီးသန့်အခြေနေရှိ မျှခြေအနေအထားပေါ်တွင် မူသည်သည်။ ဓာတုဆေးဝါးကုထုံးနှင့် အယူအဆများသည် ယခုထိတိုင် တောင်အာရှ၊ အရှေ့အာရှ၊ ထိုဒေသများမှ ပျံ့နှံ့နေထိုင်ကြသော လူမှုအသိုင်းအဝိုင်းများကြား ကျယ်ကျယ်ပြန့်ပြန့် အသုံးချဆဲဖြစ်လေသည်။

ကိုးကား ပြင်ဆင်ရန်

  1. Iatrochemistry is an example in which science in medicine turned into speculation.Bynum၊ W.F. (1994)။ Science and the Practice of Medicine in the Nineteenth Century။ Cambridge: Cambridge university press။ pp. 93ISBN 978-0-521-27205-6