နည်းပညာတက္ကသိုလ်(လွိုင်ကော်)
နည်းပညာတက္ကသိုလ်(လွိုင်ကော်) သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တည်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ISO 9001/2008 ကိုရရှိခဲ့သည်။[ကိုးကားချက်လိုသည်]
ဆောင်ပုဒ် | Technology for the nation, innovation for the future တိုင်းပြည်အတွက်နည်းပညာ၊ အနာဂတ်အတွက်တီထွင်ဆန်းသစ်မှု |
---|---|
အမျိုးအစား | အများဆိုင် |
တည်ထောင် | ၂၀၀၇ |
နှီးနွယ်အဖွဲ့အစည်း | အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန |
ပါမောက္ခချုပ် | ဒေါက်တာ ခိုင်ဇော်နိုင် |
တည်နေရာ | လွိုင်ကော်မြို့, ကယားပြည်နယ်, မြန်မာနိုင်ငံ |
ဝဘ်ဆိုဒ် | tuloikaw.edu.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်နည်းပညာတက္ကသိုလ်(လွိုင်ကော်)ကို ၁၉၈၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် အစိုးရစက်မှုလက်မှုအထက်တန်း ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စက်မှုလက်မှုသိပ္ပံအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် အဆင့်သို့လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]
တည်နေရာနှင့်အကျယ်အဝန်း
ပြင်ဆင်ရန်ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ အုပ်စု ကွင်းအမှတ် (၂၆၀)၊ ရွာတန်းရှည်ကျေးရွာ အရှေ့ဘက် တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် (၈၇.၄၆)ဧက ရှိသည်။
ရည်ရွယ်ချက် နှင့်တာဝန်
ပြင်ဆင်ရန်ရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မှီ အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာပညာရှင် လူတော်လူကောင်းများကို ဒေသလိုအပ်ချက်နှင့်အညီ ပြုစုမွေးထုတ်ပေးရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်သည်။[၂]
တက္ကသိုလ်၏လုပ်ငန်းတာဝန်များမှာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို ဖြည့်ဆည်းပေးနိုင်သည့် အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ ဒေသတွင်း အင်ဂျင်နီယာပညာရပ်များသင်ယူနိုင်ခွင့် အခွင့်အလမ်းများ တိုးတက်ရရှိလာခြင်းဖြင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မားလာပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန် ဖြစ်သည်။
သင်ကြားရေးဌာနများ
ပြင်ဆင်ရန်- မြို့ပြအင်ဂျင်နီယာဌာန
- အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- စက်မှုစွမ်းအားအင်ဂျင်နီယာဌာန
ဘာသာရပ်များ
ပြင်ဆင်ရန်သင်တန်း | ဘွဲ့ဒီဂရီ | သင်တန်းကာလ |
---|---|---|
မြို့ပြအင်ဂျင်နီယာဘွဲ့ | B.E. (Civil) | ၅ နှစ် |
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဘွဲ့ | B.E. (EC) | ၅ နှစ် |
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ | B.E. (EP) | ၅ နှစ် |
စက်မှုအင်ဂျင်နီယာဘွဲ့ | B.E. (MP) | ၅ နှစ် |
သင်တန်း | ဘွဲ့ဒီဂရီ | သင်တန်းကာလ |
---|---|---|
မြို့ပြအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (Civil) | ၃ နှစ် |
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (EC) | ၃ နှစ် |
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (EP) | ၃ နှစ် |
စက်မှုအင်ဂျင်နီယာဒီပလိုမာ | A.G.T.I. (MP) | ၃ နှစ် |
သင်တန်း | ဘွဲ့ဒီဂရီ | သင်တန်းကာလ |
---|---|---|
နည်းပညာဘွဲ့ (မြို့ပြ) | B-tech (Civil) | ၅ နှစ် |
နည်းပညာဘွဲ့ (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးနည်းပညာ) | B-tech (EC) | ၅ နှစ် |
နည်းပညာဘွဲ့ (လျှပ်စစ်စွမ်းအား) | B-tech (EP) | ၅ နှစ် |
နည်းပညာဘွဲ့ (စက်မှုစွမ်းအား) | B-tech (MP) | ၅ နှစ် |
ကိုးကား
ပြင်ဆင်ရန်- ↑ Background History။ 19 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ University Plans။ 19 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 August 2021 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |