မြန်မာပန်းချီဆရာတစ်ဦးဖြစ်သူ ပန်းချီနန်းဟီဖေဆန်းကို (၁၉၉၄)ခုနှစ်တွင် ကချင်ပြည်နယ်ပူတာအိုမြို့တွင် မွေးဖွားခဲ့သည်။ ရဝမ်တိုင်းရင်းသား ဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှ ဝိဇ္ဖာဘွဲ့ (ပန်းချီ) ရရှိခဲ့သည်။ ပန်းချီပညာကို ပန်းချီမိုးညိုပန်းချီအောင်သင်းဦးပန်းချီမြင့်ဦးတို့ထံတွင် သင် ကြားခဲ့သည်။ (၂၀၁၇)ခုနှစ်မှ စတင်၍ အုပ်စုလိုက် ပန်းချီပြပွဲများတွင် ပါဝင်ပြသခဲ့သည်။

ပြည်ပပန်းချီပြပွဲအဖြစ် တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သော အာရှ ကျောင်းသား များနှင့် လူငယ်ပန်းချီဆရာများ အနုပညာပွဲတော် ၂၀၁၇ ပြပွဲ တွင် ပါဝင်ပြသခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. 8 Watercolour art Exhibition 2018 ပြပွဲကတ်တလောက်