နိဗ္ဗိန္ဒတေးထပ်

(နိဗ္ဗိန္နတေးထပ် မှ ပြန်ညွှန်းထားသည်)

နိဗ္ဗိန္ဒတေးထပ် သည် လယ်တီဆရာတော်ရေးသားသီကုံးခဲ့သည့် တေးထပ်တစ်ပုဒ် ဖြစ်သည်။ နိဗ္ဗိန္ဒတေးထပ်ကို အဆိုတော်များစွာမှ ပြန်လည်သီဆိုကြသည်။ ဤနိဗ္ဗိန္ဒတေးထပ်သည် နားဆင်သူများအား သတိတရား သံဝေဂတရားများ ပွားများစေနိုင်သည့် တေးထပ်တစ်ပုဒ် ဖြစ်သည်။[၁]

စာသား ပြင်ဆင်ရန်

အဝိဇ္ဇာ ပိတ်ကာဆို့၊
မိစ္ဆာမြို့ပြင်ပြင်၊
ဣဋ္ဌာလို့ ခင်မင်လျှင်၊
လွင့်စဉ်မည်မလွဲ၊
အရွတ်စု အပုတ်ကောင်ကို၊
အဟုတ်ယောင် မှားဖို့ ဖန်နဲ။

အသုဘ ရုပ်တစ္ဆေငယ်၊
မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရေ စိုတရွှဲဟာမို့၊
ယိုမစဲ သူ့မှာ၊
သွေးသည်းချေ ပြည် သလိပ်တွေက၊
တည်မဆိတ် လျှမ်းပြည့်သည်သာ၊

သို့ကလောက် ရွံစရာကို၊
လွန်တဏှာ မက်စွဲပါလို့၊
စက်ဝဲမှာတပေပေ၊
မွန်းကြပလေ၊
တဏှာဖမ်းတဲ့ အကန်းတွေမှာ၊
အပန်းမပြေ ဟိုက်မောရှာကြလေး။
တဏှာပူးတဲ့ အရူးတွေမှာ
အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့ အမိုက်တွေမှာ၊
အဟိုက်မပြေ ပင်ပန်းရှာကြလေး။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 2 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2020 တွင် ပြန်စစ်ပြီး။