နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး

ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး အကြောင်း ဖြစ်သည်။ အခြားနိုင်ငံများ အတွက် နိုင်ငံခြားရေးဝန်ကြီး ကို ကြည့်ပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများနှင့် သံတမန်ကိစ္စရပ်များကို ကိုင်တွယ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြီးအမှူး ဝန်ကြီးဖြစ်သည်။ တရားဝင်အားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အင်္ဂလိပ်: Union Minister for the Ministry of Foreign Affairs) ဟုအသုံးပြုသည်။ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း ထိပ်ပိုင်းတွင်တည်ရှိကာ နိုင်ငံရေးအရ အရေးပါသောရာထူးတစ်ခုဖြစ်သည်။ လက်ရှိဝန်ကြီးမှာ ဦးသန်းဆွေဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
အမှတ်တံဆိပ်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဦးသန်းဆွေ

၁ ဖေဖော်ဝါရီ ၂၀၂၁ မှစ၍
နိုင်ငံခြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်ပြည်ထောင်စုအစိုးရအဖွဲ့အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
အစီရင်ခံရသူသမ္မတ
ရုံးတည်နေရာရုံးအမှတ် (၉)၊ နေပြည်တော်
ခန့်အပ်သူသမ္မတ
(ပြည်ထောင်စု လွှတ်တော်၏ သ​ဘောတူညီချက်ဖြင့်)
သက်တမ်းပုံမှန် (၅)နှစ်
ဖွဲ့စည်းခြင်းမတ် ၁၇၊ ၁၉၄၇; ၇၇ နှစ် အကြာက (၁၉၄၇-၀၃-17)
ပထမဆုံး ထမ်းဆောင်သူဗိုလ်ချုပ်အောင်ဆန်း
လက်ထောက်ဦးကျော်မျိုးထွဋ်
လစာ၃,၀၀၀,၀၀၀[၁]
ဝက်ဘ်ဆိုဒ်mofa.gov.mm

သမိုင်းကြောင်း ပြင်ဆင်ရန်

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကိုလိုနီခေတ်က တိုင်းပြည်၏ နိုင်ငံခြားရေးရာများကို မြန်မာနိုင်ငံ၏သဘောအလျောက် စီမံခွင့်ရပြီး နိုင်ငံခြားရေးရာဌာန စတင်တည်ထောင်သည့်နေ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ကာ ထိုစဉ်ကဌာနအကြီးအကဲ ဗိုလ်ချုပ်အောင်ဆန်းကို ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးဟု သတ်မှတ်ထားသည်။[၂]

လက်ရှိအချိန်အထိ နိုင်ငံခြားရေးဝန်ကြီး (၂၄)ဦးရှိသည်။ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၁၆ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီး ပထမဆုံးသော အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးများသည် အရပ်သားများသာမက နိုင်ငံရေးအခြေအနေကြောင့် တပ်မတော်သားများကပါ ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။[၃]

ဝန်ကြီးများစာရင်း ပြင်ဆင်ရန်

စဉ် အမည် ရာထူး တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဗိုလ်ချုပ်အောင်ဆန်း ဝန်ကြီး ၁၇ မတ် ၁၉၄၇ ၁၉ ဇူလိုင် ၁၉၄၇ ၁၂၄


ဦးနု ဝန်ကြီး ၂၁ ဇူလိုင် ၁၉၄၇ ၁ ဩဂုတ် ၁၉၄၇ ၁၁


ဦးလွန်းဘော် ဝန်ကြီး ၂ ဩဂုတ် ၁၉၄၇ ၃၀ အောက်တိုဘာ ၁၉၄၇ ၈၉


ဦးတင်ထွဋ် ဝန်ကြီး ၃၁ အောက်တိုဘာ ၁၉၄၇ ၄ ဇန်နဝါရီ ၁၉၄၈ ၆၅


ပြည်ထောင်စုမြန်မာနိုင်ငံ
(၄) ဦးတင်ထွဋ် ဝန်ကြီး ၄ ဇန်နဝါရီ ၁၉၄၈ ၁၆ ဩဂုတ် ၁၉၄၈ ၂၂၅


ဦးကျော်ငြိမ်း ဝန်ကြီး ၁၄ စက်တင်ဘာ ၁၉၄၈ ၃၁ မတ် ၁၉၄၉ ၁၉၈


(၂) ဦးနု ဝန်ကြီး ၁ ဧပြီ ၁၉၄၉ ၄ ဧပြီ ၁၉၄၉


ဦးအေးမောင် ဝန်ကြီး ၅ ဧပြီ ၁၉၄၉ ၂၀ ဒီဇင်ဘာ ၁၉၄၉ ၂၅၉


စဝ်ခွန်ချို ဝန်ကြီး ၂၀ ဒီဇင်ဘာ ၁၉၄၉ ၂၈ ဒီဇင်ဘာ ၁၉၅၈ ၃၂၉၅


ဦးသိမ်းမောင် ဝန်ကြီး ၂၉ ဒီဇင်ဘာ ၁၉၅၈ ၁၃ ဖေဖော်ဝါရီ ၁၉၅၉ ၄၆


ဦးချန်ထွန်းအောင် ဝန်ကြီး ၂၇ ဖေဖော်ဝါရီ ၁၉၅၉ ၃ ဧပြီ ၁၉၆၀ ၄၀၁


(၇) စဝ်ခွန်ချို ဝန်ကြီး ၄ ဧပြီ ၁၉၆၀ ၁ မတ် ၁၉၆၂ ၆၉၆


၁၁ ဦးသီဟန် ဝန်ကြီး ၂ မတ် ၁၉၆၂ ၁၈ ဇွန် ၁၉၆၉ ၂၆၆၅


၁၂ ဒေါက်တာလှဟန် ဝန်ကြီး ၄ ဩဂုတ် ၁၉၇၀ ၂၀ ဧပြီ ၁၉၇၂ ၆၂၅


၁၃ ဦးကျော်စိုး ဝန်ကြီး ၂၀ ဧပြီ ၁၉၇၂ ၁ မတ် ၁၉၇၄ ၆၈၀


ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
၁၄ ဦးလှဘုန်း ဝန်ကြီး ၂ မတ် ၁၉၇၄ ၃ မတ် ၁၉၇၈ ၁၄၆၁


၁၅ ဦးမြင့်မောင် ဝန်ကြီး ၃ မတ် ၁၉၇၈ ၁၈ မတ် ၁၉၈၀ ၇၄၆


၁၆ ဦးလေးမောင် ဝန်ကြီး ၁၉ မတ် ၁၉၈၀ ၉ နိုဝင်ဘာ ၁၉၈၁ ၆၀၀


၁၇ ဦးချစ်လှိုင် ဝန်ကြီး ၉ နိုဝင်ဘာ ၁၉၈၁ ၄ နိုဝင်ဘာ ၁၉၈၅ ၁၄၅၆


၁၈ ဦးရဲဂေါင် ဝန်ကြီး ၄ နိုဝင်ဘာ ၁၉၈၅ ၁၈ စက်တင်ဘာ ၁၉၈၈ ၁၀၄၉


ပြည်ထောင်စုမြန်မာနိုင်ငံတော်
၁၉ ဗိုလ်ချုပ်မှူးကြီး စောမောင် ဝန်ကြီး ၂၀ စက်တင်ဘာ ၁၉၈၈ ၁၇ စက်တင်ဘာ ၁၉၉၁ ၁၀၉၂


၂၀ ဦးအုန်းဂျော် ဝန်ကြီး ၁၈ စက်တင်ဘာ ၁၉၉၁ ၁၅ နိုဝင်ဘာ ၁၉၉၈ ၂၆၁၅


၂၁ ဦးဝင်းအောင် ဝန်ကြီး ၁၅ နိုဝင်ဘာ ၁၉၉၈ ၁၇ စက်တင်ဘာ ၂၀၀၄ ၂၁၃၃


၂၂ ဦးဉာဏ်ဝင်း ဝန်ကြီး ၁၈ စက်တင်ဘာ ၂၀၀၄ ၃၀ မတ် ၂၀၁၁ ၂၃၈၄


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
၂၃ ဦးဝဏ္ဏမောင်လွင် ပြည်ထောင်စုဝန်ကြီး ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆ ၁၈၂၇


၂၄ ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီး ၃၀ မတ် ၂၀၁၆ ၁ ဖေဖော်ဝါရီ ၂၀၂၁ ၁၇၆၉


(၂၃) ဦးဝဏ္ဏမောင်လွင် ပြည်ထောင်စုဝန်ကြီး ၁ ဖေဖော်ဝါရီ ၂၀၂၁ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃ ၇၃၀


(၂၄) ဦးသန်း​ဆွေ ပြည်​ထောင်စုဝန်ကြီး ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃ လက်ရှိ ၄၄၇


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပြင်ဆင်ရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဦးကိုကိုလှိုင်

၂ ဖေဖော်ဝါရီ ၂၀၂၁ မှစ၍
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
အဖွဲ့ဝင်ပြည်ထောင်စုအစိုးရအဖွဲ့
ရုံးတည်နေရာရုံးအမှတ် (၉)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်
သက်တမ်းပုံမှန် (၅)နှစ်
ဖွဲ့စည်းခြင်းနိုဝင်ဘာ ၂၄၊ ၂၀၁၇; ၆ နှစ် အကြာက (၂၀၁၇-၁၁-24)
ပထမဆုံး ထမ်းဆောင်သူဦးကျော်တင်
လစာ၃,၀၀၀,၀၀၀
ဝက်ဘ်ဆိုဒ်mofa.gov.mm

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အင်္ဂလိပ်: Union Minister for the Ministry of International Cooperation) သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးနှင့် သက်ဆိုင်သော ဝန်ကြီး (၂)ဦးမှ တစ်ဦးဖြစ်သည်။၂၀၁၇ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်ခန့်အပ်ခဲ့သည်။၎င်း၏တာဝန်မှာ တချို့သော နိုင်ငံခြားရေးရာကိစ္စများတွင် နိုင်ငံခြားရေးဝန်ကြီးကိုယ်စား ဝန်ကြီးအဆင့်ဖြင့် တာဝန်ယူနိုင်ရန်ဖြစ်သည်။[၄]လက်ရှိပြည်ထောင်စုဝန်ကြီးမှာ ဦးကိုကိုလှိုင်ဖြစ်သည်။

ဝန်ကြီးများစာရင်း ပြင်ဆင်ရန်

စဉ် အမည် တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဦးကျော်တင် ၂၄ နိုဝင်ဘာ ၂၀၁၇ ၁ ဖေဖော်ဝါရီ ၂၀၂၁ ၁၁၆၅


ဦးကိုကိုလှိုင် ၂ ဖေဖော်ဝါရီ ၂၀၂၁ လက်ရှိ ၁၁၇၆


စင်ပြိုင်ဝန်ကြီးများ ပြင်ဆင်ရန်

မြန်မာ့နိုင်ငံရေးတွင် ပြည်ပရောက် စင်ပြိုင်အစိုးရများရှိခဲ့ပြီး ထိုအစိုးရအဖွဲ့များတွင်လည်း နိုင်ငံခြားရေးဝန်ကြီးများရှိခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ပြင်ဆင်ရန်

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အစိုးရအဖွဲ့ / အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ပြင်ဆင်ရန်

  • ဒေါ်ဇင်မာအောင် (၂၀၂၁ - လက်ရှိ)
  • ဒေါက်တာဆာဆာ (၂၀၂၁ - လက်ရှိ) (အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး)

ကိုးကား ပြင်ဆင်ရန်