သက္ကစ္စပဋိဂ္ဂဟဏသိက္ခာပုဒ်

Aungtharmoe

သက္ကစ္စပဋိဂ္ဂဟဏသိက္ခာပုဒ် (ခမ္ဘကတဝဂ်)

မလေးမစား ဆွမ်းခံမှု ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းကိုမလေးစား ခံယူကြကုန်၏။ “မလေးမစား”ဟူသည် ဆွမ်းကို မလိုချင်သလို စွန့်ပစ်မှာလိုလို လုပ်သော အမူအရာတည်း၊ ထိုအမူအရာမျိုးကို မြင်ရသောအခါ ဆွမ်းလောင်းသူတို့၏ စိတ်၌ သဒ္ဓါတရား တိုးတက်သည့်ပြင် ဆွမ်းလောင်းချင်သောစိတ်ပင် ပျက်စီးကြကုန်၏၊ ထို့ကြောင့် ထိုမလေးမစားခံယူမှုကို လူတို့ကဲ့ရဲ့ရကား-[၁]

“သက္ကစ္စံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

ဆွမ်းကို လေးလေးစားစား(လိုလိုချင်ချင်)ခံယူမည်”ဟု အလေ့အကျင့်ကို ပြုရမည်။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး