ပတ္တမြားတောင်သည် မန္တလေးမြို့၊ မန္တလေးတောင်၏ အနောက်မြောက်ထောင့်တွင် တည်ရှိပြီး မန္တလေးတောင်အား ဝိုင်းရံထားသော တောင်ကိုးလုံးတွင် ပါဝင်လေသည်။

မန္တလေးတောင်ကို တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားသည်ဟု ဆိုသည်။ တောင်ကိုးလုံးတွင် အချို့သော တောင်ငယ်များမှာ စေတီပုထိုးကျောင်းဆောင်များ တည်ရှိနေသောကြောင့် တောင်ကုန်းဟုပင် မထင်ရ တော့ပေ။ အချို့သောတောင်များမှာ ယ​ေန့တိုင် လှပစွာ တည်ရှိနေသေးသည်။

မန္တလေးတောင် သမိုင်းအချို့တွင် "'မဏ္ဍလေးတောင်"' ဟု ခေါ်တွင်ကြောင်းနှင့် မန္တလေးတောင်သည်

  1. ရွှေ တောင်၊
  2. ငွေတောင်၊
  3. ပတ္တမြားတောင်၊
  4. ဆေးဒါန်းတောင်၊
  5. မြင်းသီလာတောင်၊
  6. ဒုတ္ထာတောင်၊
  7. ရေလှည့်တောင်၊
  8. ကြေးနီတောင်၊
  9. ဘီလူးမတောင်ဟု အမည်တွင်သော တောင်ကိုးလုံး ဝန်းရံရစ်ပတ်ထားခြင်း မန္တလေးတောင်ကို လာရောက်ကြသူများ ကြည်လင်ရွှင်ပြရာ ဖြစ်သောကြောင့် မဏ္ဍလေးတောင် (မန္တလေးတောင်)ဟု ခေါ်တွင်ကြောင်း တောင်တော်သမိုင်းတွင် ရေးသားထားသည်။


ပတ္တမြားတောင်တွင် ရှေးမင်းများ တည်ထားခဲ့သော လက်ရာဟောင်း စေတီ၊ စောင်းတန်း၊ လှေကားဟောင်းများဖြင့် တင့်တယ်လှပစွာ မြင်တွေ့နိုင်သည်။ တောင်ထိပ်စေတီမှ မန္တလေးမြို့ ရှုခင်းကို ကြည့်ရှုနိုင်ပြီး မန္တလေးတောင်၏ အလှကို အပေါ်စီးမှ ရှုမြင်နိုင်သည့် နေရာပင် ဖြစ်သည်။ ရှေးအခါက ပတ္တမြား ကျောက်မျက်ရတနာ တွေ့ဖူးသည်ကို အကြောင်းပြုကာ ပတ္တမြားတောင်ဟု ခေါ်ကြောင်းသိရသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မန္တလေးနေ့စဉ်သတင်းစာ၊ (၃.၁၂.၂၀၁၇)စာ-၈