ခမ္ဘကတသိက္ခာပုဒ် ၂-ပါး (ခမ္ဘကတဝဂ်)

ခါးထောက်ခြင်း ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် မြို့ရွာအတွင်း၌ ခါးထောက်၍ သွားလာ-နေထိုင်ကြကုန်၏၊ ထိုအပြုအမူသည်လည်း ဟန်ကြီးပန်ကြီးလုပ်သူတို့၏ အပြုအမူဖြစ်၍ မြင်ရသူတို့ ကျေနပ်ဘွယ် ကောင်းသော အပြုအမူမဟုတ်ရကား ကဲ့ရဲ့ရှုတ်ချကြသောကြောင့်... [၁]

(က, ခ) “န ခမ္ဘကတော အန္တရဃရေ ဂမိဿာမီတိ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကို ပညတ်တော်မူရလေသည်။

မြန်မာပြန် ပြင်ဆင်ရန်

“ဝဲဘက်ယာဘက် တဘက်ဘက်မှာ ဖြစ်စေ ၂-ဘက် လုံးမှာဖြစ်စေ ခါးကိုလက်ဖြင့် ထောက်၍ မသွားလာအံ့, မနေထိုင်အံ့” ဟု အလေ့အကျင့်ကို ပြုရမည်။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး