ပရိတ္တာဘာ
ပရိတ္တာဘာ ဘုံ
ပြင်ဆင်ရန်အပ္ပမာဏာဘာနှင့် အာဘဿရာ ဗြဟ္မာတို့ကဲ့သို့ ကိုယ်ရောင်တောက်ပမှု မများဘဲ နည်းသော ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာတို့ကို "ပရိတ္တာဘ" ဟု ခေါ်ပြီး ၎င်းတို့နေထိုင်ရာဘုံကို "ပရိတ္တာဘာဘုံ" ဟုခေါ်သည်။[၁]
ပရိတ္တာဘာ ဗြဟ္မာတို့၏ အသက်ကား အသင်္ချေယျ ၁ ကပ်နှင့် မဟာကပ် ၁ ကပ်အားဖြင့် ၂ ကပ် ဖြစ်သတည်း။ (မဟာကပ်ဆိုသည်ကား သံဝဋအသင်္ချေယျကပ်၊ သံဝဋဌာယီအသင်္ချေယျကပ်၊ ဝိဝဋအသင်္ချေယျကပ်နှင့် ဝိဝဋဌာယီအသင်္ချေယျကပ် ဤ ၄ ကပ်ပေါင်းမှ မဟာကပ် ၁ ကပ်တည်း)[၂]