[၁] ဘုရားရှင် မလ္လနိုင်ငံ မလ္လာမင်းတို့၏နိဂုံးဖြစ်သော အနုပိယနိဂုံး၌ သီတင်းသုံး နေတော်မူစဉ်-ဘဂ္ဂဝပရိဗိုဇ်အာရာမ်၌ ဘဂ္ဂဝပရိဗိုဇ်၏ လျှောက်ထားချက်အရ

၁။ သုနက္ခတ္တဝတ္ထု သုံးမျိုးနှင့် သုနက္ခတ္တသာသနာမှထွက်သွားပုံ

၂။ ကောရက္ခတ္တိယဝတ္ထု

၃။ အစေလကဠာရ မဋ္ဋကဝတ္ထု

၄။ အစေလပါထိကပုတ္တဝတ္ထု

၅။ ဣဒ္ဓိပါဋိဟာရိယကထာ

၆။ အဂ္ဂပညတ္တိကထာ သုဘဝိမောက္ခကို သာသနာတော်မှ တစ်ပါးသောအယူရှိသူတို့ ပြည့်စုံစွာမနေနိုင်ပုံကို ဘဂ္ဂပပရိဗိုဇ်အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များ များစွာပါရှိပါသည်။ [၂]


ဤသုတ်ကို ဟောပြောရခြင်း အကြောင်းမှာ လိစ္ဆဝီတိုင်းသား သုနက္ခတ္တကြောင့်ဖြစ်သည်။ သုနက္ခတ္တသည် အစဦးက ဘုရားမြတ်စွာ၏ တပည့်ရဟန်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ဘုရားမြတ်စွာ၏ သာသနာဘောင်မှ ထွက်ခွါကာ ဘုရားမြတ်စွာ၏ တရားဒေသနာတော်များကို အလွဲသုံးစားပြုသောကြောင့် ဘုရားမြတ်စွာက သုနက္ခတ္တ၏ စောဒနာတက်ချက်များကို ကိုယ်တော်တိုင် ချေပကာ တရားဒေသနာတော်များကို ကိုယ်တော်တိုင် ရှင်းလင်း ဖော်ပြတော်မူခဲ့ရသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -ဒီ၊၃၊၁-၂၉။ ဒီ၊မြန်၊၃၊၁-၂၈။ ဒီ၊ဋ္ဌ၊၃၊၁-၁၅။ ဒီ၊ဋီ၊၃၊၁-၁၃။ -ဒီဃနိကာယ၊ ပါထိကဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။