ပီလီ

အနားယူသွားသည့် ဘရာဇီးနာမည်ကြီးဂန္တာဝင် ဘောလုံးကစားသမား (1940–2022)

ပီလီ (Pelé) သည် သမိုင်းတစ်လျောက် အကြီးကျယ်ဆုံး ဘောလုံးသမားအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပြီး ဘောလုံးလောကတွင် ဘရာဇီးလ်နိုင်ငံ၏ လွှမ်းမိုးထားနိုင်အောင် စွမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၅၀-စုနှစ်အကုန်ပိုင်းမှ ၁၉၇၀-စုနှစ်များ အစောပိုင်းထိ ကမ္ဘာ့ဖလား ၃ ပွဲတွင် အောင်မြင်မှုရခဲ့သူ ဖြစ်သည်။ ပီလီသည် အဖွဲ့လိုက်ကစားရသည့် ဘောလုံး အားကစားကို ကမ္ဘာတစ်ဝန်း လူကြိုက်များလာစေရန် ကူညီနိုင်ခဲ့သူ ဖြစ်သည်။ အမည်ရင်းမှာ အက်ဒ်ဆင်အာရန်တဲစ်ဒိုနတ်ဆီမင်တို ဖြစ်ပြီး ၁၉၄၀-ပြည့်နှစ်၌ ဘရာဇီးနိုင်ငံတွင် မွေးဖွားခဲ့သည်။ ပီလီသည် ၁၉၅၆-ခုနှစ်တွင် ဆန်းတို့စ်ကလပ်နှင့် ပထမဆုံး ပွဲဦးထွက် ကစားခဲ့သည်။ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး အသင်းမှာ တောင်အမေရိက ဖလားပေါင်းများစွာတွင် ဗိုလ်စွဲခဲ့သည်။ ၁၉၆၂-ခုနှစ်တွင် ဆန်းတို့စ်ကလပ်အသင်းသည် ကမ္ဘာ့ကလပ်အသင်းများ ပြိုင်ပွဲတွင် ပထမဆုံး ဗိုလ်စွဲခဲ့သည်။

ပီလီ
Pelé in 1995
မွေးဖွားEdson Arantes do Nascimento
(1940-10-23) ၂၃ အောက်တိုဘာ၊ ၁၉၄၀ (အသက် ၈၃)
Três Corações, Minas Gerais, ဘရာဇီးနိုင်ငံ
ကွယ်လွန်၂၉ ဒီဇင်ဘာ၊ ၂၀၂၂(2022-12-29) (အသက် ၈၂)
Morumbi၊ ဆောပိုလိုမြို့ ဘရာဇီးနိုင်ငံ
အလုပ်အကိုင်
အရပ်၁.၇၃ m (၅ ft ၈ in)
အိမ်ထောင်ဖက်(များ)
  • Rosemeri dos Reis Cholbi (လက်ထပ် 1966–82)
  • Assíria Lemos Seixas (လက်ထပ် 1994–2008)
  • Marcia Aoki (လက်ထပ် 2016)
လက်တွဲဖော်(များ)Xuxa Meneghel (1981–1986)
သားသမီး7
မိဘ(များ)Dondinho, Celeste Arantes
ဝက်ဘ်ဆိုဒ်pele10.com

Association football career
ကစားသည့်နေရာ
လူငယ်ဘဝကလပ်များ
1953–1956 Bauru
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
1956–1974 Santos 638 (619)
1975–1977 New York Cosmos 56 (31)
စုစုပေါင်း 694 (650)
နိုင်ငံကိုယ်စားပြုအသင်း
1957–1971 ဘရာဇီး 92 (77)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ပီလီသည် ဘရာဇီးလ်နိုင်ငံအသင်းတွင်လည်း ကစားခဲ့ပြီး ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဘရာဇီးအသင်း ဗိုလ်စွဲရာတွင် ပါဝင်ကူညီခဲ့သည်။ ပီလီသည် အမြန်နှုန်းနှင့် ခန္ဓာကိုယ် ဟန်ချက်ထိမ်းသိမ်းမှုတို့ကို ပိုင်ဆိုင်သော ထက်မြက်သည့် ကစားသမား တစ်ဦးဖြစ်သည်။ အခြားအသင်းသားများ ရွေ့လျားမှုကို ခန့်မှန်းနိုင်စွမ်းရှိပြီး ဘောလုံးအထိန်းအသိမ်းလည်း ကောင်းမွန်သူဖြစ်သည်။ ထို့ပြင်ဘောလုံးအလိမ်အခေါက်ကျွမ်းကျင်စွာဖြင့် ညာခြေနှင့်ရော ဘယ်ခြေနှင့်ပါ အားပါပြင်းထန်သော ကန်ချက်များဖြင့် ဂိုးသွင်းနိုင်သူလည်း ဖြစ်သည်။

သူ၏ ကစားသမားဘဝ သက်တမ်းတစ်လျှောက်တွင် ပွဲပေါင်း (၁၃၆၃)ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း (၁၂၈၁)ဂိုး သွင်းယူနိုင်ခဲ့သည်။ တစ်နှစ်ထဲမှာပင် ဂိုးပေါင်း (၁၃၉)ဂိုး သွင်းယူနိုင်ခဲ့သည်။ သူ၏ ၁၀၀၀ မြောက်ဂိုးကို ၁၉၆၉-ခုနှစ်တွင် သွင်းယူခဲ့သည်။ ဘရာဇီးနိုင်ငံတွင် အမျိုးသားသူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ကြပြီး ပရိသတ်များက သူ့ကို ပါရိုလာနီဂရာ(ပုလဲနက်)ဟု တင်စားခေါ်ကြသည်။

၁၉၇၄-ခုနှစ်တွင် ဘောလုံးလောကမှ အနားယူခဲ့သော်လည်း နောက်နှစ်တွင် နယူးယောက်အခြေစိုက်အသင်း သာကော့စ်မိုတွင် ပြန်လည်ကစားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင်ဘောလုံးအားကစားကို အမှန်တကယ် လူကြိုက်များလာစေရန် ပြန်ကစားခြင်း ဖြစ်သည်ဟု သူကပြောဆိုခဲ့သည်။

ပီလီ၏ ကျွမ်းကျင်မှုသည် ဘောလုံးနှင့်သာမဟုတ်၊ ရောင်းအားကောင်းသည့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကိုလည်း ရေးသားခဲ့ပြီး၊ ရုပ်ရှင်ဇာတ်ကား အတော်များများတွင်လည်း ပါဝင်ခဲ့သည်။ ထို့ပြင် တေးဂီတများလည်း ဖန်တီးခဲ့ပြီး၊ ၁၉၇၇-ခုနှစ်ထွက် ပီလီအမည်ရှိ ဇာတ်ကား၏ ဇာတ်ဝင်သီချင်းတစ်ပုဒ်လည်း အပါအဝင် ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. လင်းတည်ဦး ဘာသာပြန်ဆိုသည်။ သမိုင်းဝင်ထင်ရှား ပုဂ္ဂိုလ်ကျော်များ၊ ပထမအကြိမ်၊ စက်တင်ဘာ၊ ၂၀၁၉၊ စာ-၉၀