ရှင်ဂုဏာလင်္ကာရ
(ပဲခင်းကျော်ဆရာတော် မှ ပြန်ညွှန်းထားသည်)
ရှင်ဂုဏာလင်္ကာရ (၁၀၈၆ − ၁၁၃၇) သည် အလောင်းမင်းတရား၏ သားတော် ပဒုံမြို့စား ကိုးကွယ်တော်မူသည့် ဆရာတော် ဖြစ်သည်။[၁]
ဘဝ
ပြင်ဆင်ရန်ဆရာတော်ကို ၁၀၈၅ ခုနှစ်တွင် တောင်သာမြို့စီရင်စု ပဲခင်းကျော်ရွာတွင် ဖွားမြင်ခဲ့သည်။ ပဒုံမြို့စားသည် ဝေယန်ဘုံကျော်ကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။
ရတနပူရမြို့သို့ရောက်သည့်အခါ မဟာမြတ်မုနိစေတီတော်တောင်ဘက် ဝိနည်းဓိုရ်ပဒုံကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
ပြင်ဆင်ရန်ဆရာတော်သည် သဒ္ဒတ္ထိဘေဒစိန္တာစာကိုယ်နိသျကို ပြုစုရေးသားခဲ့သည်။ ထိုနိသျကို “ပဲခင်းကျော်နိသျ” ဟု ခေါ်တွင်သည်။[၁]
ပျံလွန်တော်မူခြင်း
ပြင်ဆင်ရန်ဆရာတော်သည် ၁၁၃၇ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]