ဖေ့စ်ဘွတ်ခ် ၏အင်္ဂါရပ်များ

Music Vedio

အသိပေးချက်များ(Notifications)

ဖေ့စ်ဘုတ်အသုံးပြုသူများအား ဆွဲဆောင်မှု အရှိဆုံး Features ထဲတွင် အပါအဝင်ဖြစ်သည်။ မိမိအား Facebook တစ်ခွင်မှ အဖြစ်အပျက် အချက်အလက်များကို မျက်ခြေမပျက်စေရန် အသေးစိတ်ဖော်ပြပေးခြင်းဖြစ်သည်။

အင်္ဂါရပ်များ ပြင်ဆင်ရန်

နယူးဖိ(ဒ်)(News Feed) ပြင်ဆင်ရန်

၂၀ဝ၆ စက်တင်ဘာလတွင် ဖေ့စ်ဘွတ်ခ်မှ ၎င်း၏ အင်္ဂါရပ် အသစ်ဖြစ်သော နယူးဖိ(ဒ်) အားမိတ်ဆက်ခဲ့သည်။ ယင်း နယူးဖိ(ဒ်) တွင် မိမိ၏ဖေ့စ်ဘွတ်ခ်သူငယ်ချင်းများ၏လုပ်ဆောင်ချက်များ (ဓာတ်ပုံပြောင်းခြင်း၊ လာမည့် မွေးနေ့ရက်အကြို) ကို မြင်တွေ့နိုင်သည်။ ထို့အပြင် နယူးဖိ(ဒ်) တွင် သူငယ်ချင်းများ၏ ဖေ့စ်ဘွတ်ခ်မျက်နာပေါ်မှ ရေးသားထားသော အကြောင်းအရာများကို မြင်တွေ့နိုင်သည်။ ၂၀၁၁ တွင် နယူးဖိ(ဒ်) အား ပြန်လည် ဆန်းသစ်ထားပြီး ယခုအခါ လူကြိုက်အများဆုံး အဖြစ်အပျက်များ၊ မကြာမှီမှအကြောင်းအရာ များကိုပါ ရွေးချယ်ကြည့်ရှုနိုင်ပြီဖြစ်သည်။

၂၀၁၃ မတ်လ တွင် ဖေ့စ်ဘွတ်ခ် မှ နယူးဖိ(ဒ်)အား ထပ်မံ ဆန်းသစ်ခဲ့သည်။

ပေးပို့ဆက်သွယ်အပ်နှံခြင်း(Friend Requests) ပြင်ဆင်ရန်

မိမိမှဖြစ်စေ မိမိထံသို့ဖြစ်စေ အခြားဖေ့စ်ဘွတ်ခ်အသုံးပြုသူများအား ပေးပို့ဆက်သွယ်အပ်နှံခြင်း ဖြစ်သည်။ အသုံးပြုသူသည် လက်ခံခြင်း(Accept) သို့မဟုတ် နောင်မှသာ(Not Now) ဟူ၍ ရွေးချယ်နိုင်သည်။

ဝေါ(လ်) (Wall) (နောက်ပိုင်းတွင် တိုင်း(မ်)လိုင်း(Time Line) ဟု အစားထိုးပြင်ဆင်လိုက်သည်) ပြင်ဆင်ရန်

မိမိ၏ ဝေါ(လ်)ပေါ်တွင် အခြားသော အသုံးပြုသူများတင်ထားသော ဓာတ်ပုံများ၊၎င်းတို့ရေးသားထားသောအကြောင်းအရာ (Status) များ၊ မှတ်စု (notes)၊ ဝေမျှထားသော စာမျက်နာ (Page) များကို အချိန်၊ရက်စွဲနှင့်တကွမြင်တွေ့နိုင်သည်။

တက်(ဂ်) (Tag) ပြင်ဆင်ရန်

ဤအင်္ဂါရပ်သည် အခြားသောလူမှုကွန်ရက် twitter မှ တုပထားခြင်းဖြစ်သည်။ မိမိတို့ ရေးသားသောလိုသောအကြောင်းအရာ စတေးတတ်စ်(Status) တွင် မိမိချိတ်ဆက်လိုသော အခြားသောဖေ့စ်ဘွတ်ခ်အသုံးပြုသူ၏အမည်၊ကုန်ပစ္စည်း၏အမည် ( သို့မဟုတ် ) အဖွဲ့အစည်း၏အမည် အစရှိသည်တို့ကို ရေးလိုက်ခြင်းဖြင့် တက်(ဂ်) လုပ်နိုင်သည်။ မိမိ၏စတေးတတ်စ်(Status) တွင်သာမက မိမိဝေမျှလိုသောဓာတ်ပုံကိုအခြားအသုံးပြုသူအား တက်(ဂ်)ခြင်း၊အခြားသောဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၏စတေးတတ်စ်(Status) အားထင်မြင်သုံးသပ်ချက်ပေးခြင်း "ကောမင့်(comment)" တို့တွင်လဲ တက်(ဂ်) လုပ်နိုင်သည်။

ကိုးကား ပြင်ဆင်ရန်