ဗဟိုအာဖရိကသမ္မတနိုင်ငံ

(ဗဟို အာဖရိက သမ္မတနိုင်ငံ မှ ပြန်ညွှန်းထားသည်)

ကိုဩဒိနိတ်: 7°N 21°E / 7°N 21°E / 7; 21

ဗဟိုအာဖရိကသမ္မတနိုင်ငံ (Central African Republic - CAR) အာဖရိကအလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်သည်။ မြောက်ဘက်တွင် ချဒ်၊ အရှေ့ဘက်တွင် ဆူဒန်၊ တောင်ဘက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ကွန်ဂိုသမ္မတနိုင်ငံ၊ အနောက်ဘက်တွင် ကင်မရွန်းနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ စုစုပေါင်း ကုန်းမြေဧီရိယာ ၂၄၀,၀၀၀ စတုရန်းမိုင် (၆၂၃,၀၀၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး ၂၀၀၈ခုနှစ် ခန့်မှန်းလူဦးရေမှာ ၄.၄သန်းဖြစ်သည်။ မြို့တော်မှာ ဘန်ဂီမြို့ (Bangui) ဖြစ်သည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံ
  • Ködörösêse tî Bêafrîka  (Sango)
ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ အလံတော်
အလံတော်
ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Unité, Dignité, Travail" (ပြင်သစ်)
"Unity, Dignity, Work"
"Zo Kwe Zo" (Sango)
"All people are people"
နိုင်ငံတော် သီချင်း: La Renaissance  (ပြင်သစ်)
E Zingo  (Sango)
"The Renaissance"
မြို့တော်
နှင့် အကြီးဆုံးမြို့
ဘန်ဂီမြို့
4°22′N 18°35′E / 4.367°N 18.583°E / 4.367; 18.583
ရုံးသုံး ဘာသာစကားများ
လူမျိုးစု
ကိုးကွယ်မှု
DemonymCentral African
အစိုးရပြည်ထောင်စု တစိတ်တပိုင်းသမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ်
Faustin-Archange Touadéra
Henri-Marie Dondra
Simplice Sarandji
ဥပဒေပြုလွှတ်တော်အမျိုးသားလွှတ်တော်
လွတ်လပ်ရေးရရှိခြင်း
• သမ္မတနိုင်ငံတည်ထောင်ခြင်း
၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်
၁၉၆၀ ခုနှစ် ဩဂုတ်လ ၁၃ ရက်
• ဗဟိုအာဖရိကအင်ပါယာတည်ထောင်ခဲ့
၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်
၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်
၁၉၇၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်
ဧရိယာ
• စုစုပေါင်း
၆၂၂,၉၈၄ km2 (၂၄၀,၅၃၅ sq mi) (အဆင့်: ၄၄)
• ရေထု (%)
လူဦးရေ
• ၂၀၁၆ ခန့်မှန်း
၄,၅၉၄,၆၂၁[၁] (အဆင့် - ၁၁၉)
• ၂၀၀၃ သန်းခေါင်စာရင်း
၃,၈၉၅,၁၃၉[၂]
• သိပ်သည်းမှု
၇.၁/km2 (၁၈.၄/sq mi) (အဆင့် - ၂၂၁)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၄.၂၆၂ ဘီလီယံ [၃] (အဆင့် - ၁၆၂)
• Per capita
$၈၂၃[၃] (အဆင့် - ၁၈၄)
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၂.၃၂၁ ဘီလီယံ[၃] (အဆင့် - ၁၆၃)
• Per capita
$၄၄၈[၃] (အဆင့် - ၁၈၁)
Gini (၂၀၀၈)၅၆.၃[၄]
မြင့် · ၂၈
HDI (၂၀၁၉)Increase ၀.၃၉၇[၅]
နိမ့် · ၁၈၈
ငွေကြေးဗဟိုအာဖရိက ဖရန့် (XAF)
အချိန်ဇုန်WAT (UTC+1)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်ညာ[၆]
တယ်လီဖုန်းကုဒ်+၂၃၆
ISO 3166 ကုဒ်CF
Internet TLD.cf

ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ နယ်မြေအများစုမှာ ဆူဒန်-ဂီနီဆားဗားနား (Sudano-Guinean savannas) မြက်ခင်းများ ဖြစ်သည်။ မြောက်ပိုင်းတွင် ဆာဟယ်လို-ဆူဒန်နီးယန်း (Sahelo-Sudanian) ဇုန် ဆားဗားနားမြက်ခင်းများ နှင့် တောင်ပိုင်းတွင် အီကွေတာသစ်တောများ ဖုံးလွှမ်းလျက် ရှိသည်။ နိုင်ငံ၏ သုံးပုံနှစ်ပုံမှာ ကွန်ဂိုမြစ် (Congo River) အတွင်းသို့ စီးဝင်သော အူဘန်ဂီမြစ်ဝကျွန်းပေါ်ဒေသ(Ubangi River)တွင် တည်ရှိသည်။ ကျန်သုံးပုံတစ်ပုံမှာ နိုင်ငံမြောက်ပိုင်းရှိ ချဒ်ရေကန်ကြီး (Lake Chad) အတွင်းသို့ စီးဝင်သည့် ချာရီမြစ်ဝကျွန်းပေါ်ဒေသ (Chari River) တွင် တည်ရှိနေသည်။

တိုင်းပြည်၏ နယ်မြေအများစုမှာ အူဘန်ဂီ-ချာရီ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိနေသောကြောင့် ပြင်သစ်တို့က ယင်းဒေသကို အူဘန်ဂီ-ချာရီ ဟုခေါ်ဆိုခဲ့သည်။ ၁၉၅၈တွင် ပြင်သစ်ကိုလိုနီအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်ပိုင်းတစ်စ ရရှိသော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၀၊ ဩဂုတ်လ (၁၃)ရက်တွင် လုံးဝလွတ်လပ်ရေး ရရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်(၃)ခုကျော်ကြာမျှ ပြည်သူမှ ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်ခံရသူမဟုတ်သည့် သမ္မတများက အုပ်ချုပ်ခဲ့သည်။ စစ်အေးကာလပြီးဆုံးချိန်တွင် ယင်းစနစ် အဆုံးသတ်သွားခဲ့သည်။

ပထမဆုံး ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲများကို ကုလသမဂ္ဂ၏ အကူအညီဖြင့် ၁၉၉၃တွင် ကျင်းပခဲ့သည်။ အန်ဂ်ဖယ်လိစ်ပတ်တတ်စ် (Ange-Félix Patassé) အာဏာ ရလာခဲ့သည်။ ၂၀၀၃ခုနှစ်တွင် လူထုထောက်ခံမှုမရတော့ပဲ ပြင်သစ်ကျောထောက်နောက်ခံပြုထားသော ဗိုလ်ချုပ်ဖရန်စစ်ဘိုဇစ် (François Bozizé) က အာဏာသိမ်းခဲ့သည်။ ၂၀၀၅ခုနှစ်၊ မေလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် ဖရန်စစ်ဘိုဇစ် အနိုင်ရပြီး အာဏာရလာခဲ့သည်။ ၂၀၀၇ခုနှစ်တွင် အလုပ်သမားသပိတ်များကြောင့် ၂၀၀၈ခုနှစ်တွင် အစိုးရအဖွဲ့ ပြုတ်ကျခဲ့သည်။ ၂၀၀၈ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်ဖြစ်သု ဖော်စတင်အာချန်တိုဝါဒယ်ရာ (Faustin-Archange Touadéra) အာဏာရလာသည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံအတွင်းရှိ ရွာတစ်ရွာ

ဗဟိုအာဖရိကသမ္မတနိုင်ငံသည် အာဖရိက အဆင်းရဲဆုံး (၁၀)နိုင်ငံစာရင်း (poorest countries in the world) တွင် ပါဝင်သည်။ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index) ၀.၃၆၉ သာရှိသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂နိုင်ငံအနက် အဆင့် ၁၇၉ ဖြစ်သည်။ [၇] သို့ရာတွင် ၂၀၀၁ခုနှစ်က ဂေဟဗေဒမဂ္ဂဇင်း (The Ecologist magazine) မှ သိသိသာသာဖွံ့ဖြိုးတိုးတက်မှုရှိသောနိုင်ငံအဖြစ် ခန့်မှန်းခဲ့သည်။ [၈]

သမိုင်းကြောင်း ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. World Population Prospects: The 2017 Revision။ United Nations Department of Economic and Social Affairs, Population Division။ 10 September 2017 တွင် ပြန်စစ်ပြီး။
  2. countrymeters.info။ Live Central African Republic population (2017). Current population of Central African Republic — Countrymeters။ 1 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Central African Republicအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 24 August 2020 တွင် ပြန်စစ်ပြီး။
  4. Gini Indexကမ္ဘာ့ဘဏ်။ 9 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2011 တွင် ပြန်စစ်ပြီး။
  5. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-516 December 2020 တွင် ပြန်စစ်ပြီး
  6. Which side of the road do they drive on? Archived 14 April 2012 at the Wayback Machine. Brian Lucas. August 2005. Retrieved 28 January 2009.
  7. List of countries by Human Development Index
  8. HS Foreign 24.4.2001 – Did the Central African Republic surpass Finland in environmental affairs?။ .hs.fi။ 4 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-27 တွင် ပြန်စစ်ပြီး။