ဗြိတိသျှ နွေရာသီစံတော်ချိန်

ဗြိတိသျှ နွေရာသီစံတော်ချိန်(အင်္ဂလိပ်: British Summer Time) (BST)အား အသုံးပြုသောအချိန်တွင် ယူနိုက်တက် ကင်းဒမ်း၏ မြို့ပြအချိန်သည် မနက်ခင်း၌ နေရောင်အား တနာရီလျော့ရပြီး ညနေခင်း၌ တနာရီပိုရစေရန် ဂရင်းနစ်စံတော်ချိန်၏ ရှေ့သို့ တနာရီတိုးသွားသည်(ထို့အကျိုးသက်ရောက်မှုကြောင့် အချိန်ဇုန်အား UTC+00:00 မှ UTC+01:00 သို့ ပြောင်းလဲသွားစေသည်)။[၁][၂]

ဗြိတိသျှ နွေရာသီစံတော်ချိန်
အချိန်ဇုန်
World map with the time zone highlighted
UTC offset
UTCUTC+01:00
လက်ရှိအချိန်
{{time}} – unknown timezone (help)
DST အား အသုံးပြု
This time zone is only used for DST. For the rest of the year, GMT is used.
ဥရောပတိုက်ရှိ အချိန်ဇုန်များ:
ခရမ်းရောင်ဖျော့ဖျေ အနောက်ဥရောပ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
ခရမ်းရောင် အနောက်ဥရောပဒေသ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC)
အနောက်ဥရောပဒေသ နွေရာသီစံတော်ချိန် / ဗြိတိသျှ နွေရာသီစံတော်ချိန် / အိုင်းရစ် စံတော်ချိန် (UTC+1)
အနီရောင် ဗဟိုဥရောပဒေသ စံတော်ချိန် (UTC+1)
ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+2)
အဝါရောင် အရှေ့ဥရောပဒေသ စံတော်ချိန် / ကာလင်နင်ဂရတ်ဒေသ စံတော်ချိန် (UTC+2)
ရွှေ အရှေ့ဥရောပဒေသ စံတော်ချိန် (UTC+2)
အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+3)
အစိမ်းရောင်ဖျော့ဖျော့ မော်စကို စံတော်ချိန် / တူရကီ စံတော်ချိန် (UTC+3)
အရောင်ဖျော့များသည် တနှစ်ပတ်လုံး စံတော်ချိန် တစ်ခုတည်းသာ အသုံးပြုသော ဒေသများအား ရည်ညွှန်းပြီး အရောင်ရင့်များသည် နွေရာသီစံတော်ချိန်အား အသုံးပြုသော ဒေသများအား ရည်ညွှန်းသည်။

BST ကို မတ်လနောက်ဆုံး တနင်္ဂနွေနေ့ 01:00 GMT တွင် စတင်ပြီး အောက်တိုဘာလ နောက်ဆုံး တနင်္ဂနွေနေ့ 01:00 GMT (02:00 BST) တွင် အဆုံးသတ်သည်။ နေ့အလင်းထိန်းသိမ်းသောအချိန် စတင်ခြင်းနှင့် အဆုံးသတ်ခြင်းကို ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံများ ကိုက်ညီခဲ့ကြပြီး ယူနိုက်တက်ကင်းဒမ်းမှ ဥရောပသမဂ္ဂမှ ထွက်လာသည့်အချိန်အထိ ထိန်းသိမ်းထားခဲ့သည်။[၃] ဥပမာအားဖြင့် ဗြိတိသျှနွေရာသီစံတော်ချိန်နှင့် ဗဟိုဥရောပ နွေရာသီစံတော်ချိန်တို့ကို စတင်ခြင်းနှင့် အဆုံးသတ်ခြင်းကို တနင်္ဂနွေနေ့တစ်ခုတည်း၌ တိကျတူညီသောအချိန်(ဆိုလိုသည်မှာ 02:00 ဗဟိုဥရောပ စံတော်ချိန်၊ ၎င်းမှာ 01:00 ဂရင်းနစ်စံတော်ချိန်ဖြစ်သည်)တွင် ဆောင်ရွက်သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အကြားတွင် ဗြိတိသျှနွေရာသီစံတော်ချိန်ကို "အကယ်၍ မတ်လ ဒုတိယမြောက်စနေ့ပြီး နောက်နေ့သည် အီစတာနေ့ဖြစ်ပါက မတ်လ တတိယမြောက် စနေနေ့ပြီးနောက်နေ့မနက် ဂရင်းနစ်စံတော်ချိန် ၂ နာရီမှ စတင်ပြီး အောက်တိုဘာလ စတုတ္ထမြောက် စနေနေ့ပြီး နောက်နေ့မနက် ဂရင်းနစ်စံတော်ချိန် ၂ နာရီတွင် အဆုံးသတ်သည်"ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။[၄][၅]


ကိုးကား ပြင်ဆင်ရန်

  1. တမ်းပလိတ်:UK-LEG
  2. တမ်းပလိတ်:UK-LEG
  3. Summer Time Dates။ National Physical Laboratory။ ၂၆ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. Archived copy။ 5 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 June 2021 တွင် ပြန်စစ်ပြီး။
  5. Summer Time Act 1972 ss enacted။ ၂၆ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။