ဘားနာ့ဒ်လောရန့်စ်မေးဒေါ့ဖ် (အင်္ဂလိပ်: Bernard Lawrence Madoff); /ˈmdɒf/;[၁]; ၂၉ ဧပြီ ၁၉၃၈ မွေးဖွား) သည် အမေရိကန်နိုင်ငံသား စတော့ပွဲစား ၊ ရင်းနှီးမြုပ်နှံမှု အကြံပေး၊ ဘာဏ္ဍာရေးအကျိုးတော်ဆောင်ဟောင်း တစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖျားမှုဖြင့် တရားစွဲ အပြစ်ပေးခံရထားရသူ ဖြစ်သည်။ ပွန်ဇီစနစ်နှင့် ပတ်သက်သော ပြစ်မှုများအတွက် ဖက်ဒရယ် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေဆဲဖြစ်သည်။[၂] NASDAQ စတော့ဈေးကွက်၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပြီး[၃] အမေရိကန်တွင် အကြီးဆုံးငွေကြေးလိမ်လည်မှု ၊  ကမ္ဘာ့သမိုင်းတလျောက် အကြီးကျယ်ဆုံး ပွန်ဇီစနစ်ကို ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဝန်ခံထားသူဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ရှိ မေးဒေါ့ဖ်၏ ဖောက်သည် ၄၈၀၀ ၏ စာရင်းများပေါ်အခြေခံကာ ဆွဲချရှေ့နေများက ငွေကြေးလိမ်လည်မှုပမာဏမှာ ဒေါ်လာ ၆၄.၈ ဘီလျံ ဟု ခန့်မှန်းခဲ့ကြသည်။[၄] ပဲနိ စတော့ ရောင်းဝယ်ရေးကို ၁၉၆၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာမှာ ဘားနာ့ဒ် အယ်လ် မေးဒေါ့ဖ် ရင်းနှီမြုပ်နှံမှုအာမခံအဖြစ် ကြီးထွားလာခဲ့သည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ အဖမ်းခံရချိန်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လာခဲ့သည်။[၅]

ဘားနာ့ဒ်မေးဒေါ့ဖ်
အမေရိကန် တရားစီရင်ရေးဌာနမှ ဓာတ်ပုံ (၂၀၀၉)
မွေးဖွားဘားနာ့ဒ်လောရန့်စ်မေးဒေါ့ဖ်
(1938-04-29) ဧပြီ ၂၉၊ ၁၉၃၈ (အသက် ၈၅)
နယူးယောက်မြို့နယူးယောက်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
မိခင်ကျောင်းHofstra University
အလုပ်အကိုင်စတော့ပွဲစား ၊ ရင်းနှီးမြုပ်နှံမှုအကြံပေး နှင့် ဘဏ္ဍာရေးအကျိုးတော်ဆောင်
အလုပ်ရှင်Bernard L. Madoff Investment Securities
ကျော်ကြားမှုအရင်းခံBeing the chairman of NASDAQ and the Madoff investment scandal
ရာဇဝတ်မှုSecurities fraud, investment advisor fraud, mail fraud, wire fraud, money laundering, false statements, perjury, making false filings with the SEC, theft from an employee benefit plan
ရာဇဝတ်ပြစ်ဒဏ်ထောင်ဒဏ် နှစ် ၁၅၀ နှင့် လျော်ကြေး ဒေါ်လာ ၁၇.၁၇၉ ဘီလျံလျော်ကြေးပေးဆောင်ရန် အမိန့်ချခြင်းခံရ
ရာဇဝတ်မှု အခြေအနေIncarcerated at Butner Federal Correctional Institution
FBP Register #61727-054
Release: November 14, 2139
အိမ်ထောင်ဖက်(များ)ရုသ်မေးဒေါ့ဖ် (လက်ထပ် 1959)
သားသမီးမာ့ခ်မေးဒေါ့ဖ် (၁၉၆၄-၂၀၁၀)
အန်ဒရူးမေးဒေါ့ဖ်(၁၉၆၆-၂၀၁၄)
ပြစ်ဒဏ်ကျခြင်း(များ)၂၀၀၉ မတ် ၁၂ (အပြစ်ရှိကြောင်း ဝန်ခံ)

ယင်းလုပ်ငန်းသည် ဝေါစထရိရှိ ထိပ်တန်း ဈေးကွက်ဖန်တီးသူ စီးပွားရေးလုပ်ငန်းများအနက်မှ တစ်ခုဖြစ်ပြီး[၆] လက်လီပွဲစားများထံ တိုက်ရိုက် အမိန့်ပေးစေခိုင်းခြင်းဖြင့် ကျွမ်းကျင်လုပ်ငန်းများအား ရှောင်လွှဲလုပ်ဆောင်ခဲ့သည်။[၇] ညီဖြစ်သူ ပီတာကို အကြီးတန်း မန်နေးဂျင်းဒါရိုက်တာနှင့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲအဖြစ်လည်းကောင်း၊ ပီတာ၏ သမီးဖြစ်သူ ရှေးနာမေးဒေါ့ဖ်ကို လုပ်ငန်း၏ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းလိုက်နာရေး အရာရှိနှင့် အကျိုးတော်ဆောင်ရှေ့နေအဖြစ်လည်းကောင်း ခန့်အပ်သည့်အပြင် သားများဖြစ်သူ အန်ဒရူးနှင့် မာ့ခ်ကိုပါ အလုပ်ခန့်ထားသည်။ ပီတာက ထောင်ဒဏ် ၁၀ နှစ်ဖြင့် အကျဉ်းကျခံနေဆဲဖြစ်ပြီး[၈] မာ့ခ်မှာ ဖခင်အဖမ်းခံရပြီး ၂ နှစ်တိတိတွင် ကြိုးဆွဲချသေးဆုံးခဲ့သည်။[၉][၁၀][၁၁] အန်ဒရူးသည်လည်း ၂၀၁၄ စက်တင်ဘာလ ၃ ရက်နေ့တွင် သွေးကင်ဆာဖြင့် သေဆုံးခဲ့သည်။[၁၂]

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မေးဒေါ့ဖ်၏ သားများက အရင်းအနှီးစီမံရေးရာ ဌာန မှာ ပွန်ဇီစနစ် အကြီးစားဖြစ်ပြီး "လိမ်လည်မှုကြီးတခု" ဟု သူတို့ဖခင်က ဝန်ခံခဲ့ကြောင်းကို အာဏာပိုင်တို့ထံ ထုတ်ဖော်ခဲ့သည်။[၁၃][၁၄][၁၅] နောက်ရက်တွင် အက်ဖ်ဘီအိုင် အေးဂျင့်များက မေးဒေါ့ဖ်ကို  ဖမ်းဆီးခဲ့ပြီး အာမခံလိမ်လည်မှုဖြင့် အရေးယူခဲ့သည်။ အမေရိကန်ပြည်ထောင်စု အာမခံနှင့်ဖလှယ်ရေးကော်မရှင် (အက်စ်အီးစီ)အနေဖြင့် ယခင်က မေးဒေါ့ဖ်ဒ စီးပွားရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း လိမ်လည်မှုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပါ။[၆]

၂၀၀၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဥစ္စာဓနစီမံခန့်ခွဲမှု လုပ်ငန်းကို ပွန်ဇီစနစ်အကြီးစားအသွင် ပြောင်းလဲခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဖက်ဒရယ် ရာဇဝတ်မှု ၁၁ မှုအတွက် အပြစ်ရှိကြောင်း မေးဒေါ့ဖ်က လျှောက်လဲခဲ့သည်။ မေးဒေါ့ဖ် ရင်းနှီမြုပ်နှံမှု မသမာမှုကြောင့်  ရင်းနှီးမြုပ်နှံသူတို့အနေဖြင့် ဒေါ်လာ ဘီလျံပေါင်းများစွာ လိမ်လည်ခံခဲ့ရသည်။ ၁၉၉၀ နှစ်ဦးပိုင်းကတည်းက ပွန်ဇီစနစ်ကို စတင်လုပ်ဆောင်ခဲ့သည် ဟု မေးဒေါ့ဖ်က ဆိုသည်။ သို့သော် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဝန်ထမ်းများက ၁၉၈၀ နှစ်လယ်ကပင်၊ ထို့ထက် ၁၉၇၀ နှစ်အထိပင် စော၍စတင်ခဲ့ကြောင်း ယုံကြည်သည်။[၁၆][၁၇] ပျောက်ဆုံးငွေများကို ပြန်လည်ရယူရန် တာဝန်ပေးခံရသူများကမူ ရင်းနှီးမြုပ်နှံမှုအော်ပရေးရှင်းမှာ နဝိုကပင် တရားမဝင်ဟု ယုံကြည်ကြသည်။[၁၈][၁၉] စာရင်းလိမ်ဝင်ငွေအပါအဝင် ဖောက်သည်များစာရင်းမှ ပျောက်ဆုံးနေခဲ့သော ပမာဏမှာ ဒေါ်လာ ၆၅ ဘီလျံ နီးပါးရှိသည်။[၂၀] အာမခံ ရင်းနှီးမြုပ်နှံသူ ကာကွယ်ရေး ကော်ပိုရေးရှင်းက ရင်းနှီးမြုပ်နှံသူများ၏ အမှန်တကယ် ဆုံးရှုံးမှုမှာ ဒေါ်လာ ၁၈ ဘီလျံဟု  ခန့်မှန်းသည်။[၁၈][၂၁] ၂၀၀၉ ဇွန် ၂၉ တွင် မေးဒေါ့ဖ်ကို ထောင်ဒဏ် နှစ် ၁၅၀ ကျခံစေရန်အမိန့်ချမှတ်ခဲ့သည်။[၂၂][၂၃]

ကိုးကား ပြင်ဆင်ရန်

  1. Voice of America pronunciation guide။ Voice of America။ July 18, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 18, 2010 တွင် ပြန်စစ်ပြီး။
  2. "What Life Is Like for Bernie Madoff in Prison" (in en-US)၊ Town & Country၊ 2017-01-13။ 
  3. "Ex-Nasdaq chair arrested for securities fraud"၊ CNN Money၊ December 12, 2008။ October 19, 2013 တွင် ပြန်စစ်ပြီး 
  4. "Wife Says She and Madoff Tried Suicide"၊ The New York Times၊ October 26, 2011။ May 23, 2013 တွင် ပြန်စစ်ပြီး 
  5. "US Prosecutors updated the size of Madoff's scheme from $50 billion to $64 billion"၊ Reuters၊ March 11, 2009။ April 26, 2009 တွင် ပြန်စစ်ပြီး 
  6. ၆.၀ ၆.၁ Lieberman၊ David။ "Investors remain amazed over Madoff's sudden downfall"၊ USA Today၊ December 15, 2008။ December 24, 2008 တွင် ပြန်စစ်ပြီး 
  7. O'Hara၊ Maureen (1995)။ Market Microstructure Theory။ Oxford: Blackwell။ p. 190။ ISBN 1-55786-443-8December 16, 2008 တွင် ပြန်စစ်ပြီး
  8. "Peter Madoff Sentenced to 10 Years for Role in Ponzi Scheme"၊ NBC News။ August 13, 2013 တွင် ပြန်စစ်ပြီး 
  9. "Officials: Bernie Madoff's Son Mark Madoff Found Dead Of Apparent Suicide In Soho Apartment". CBS
  10. "Madoff's son found dead in apparent suicide"၊ Financial Post၊ December 11, 2010။ December 11, 2010 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  11. Madoff son's suicide follows battle with trustee။ MSNBC (December 13, 2010)။ 5 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 11, 2013 တွင် ပြန်စစ်ပြီး။
  12. Bernie Madoff's Surviving Son Andrew Dies of Lymphoma
  13. Voreacos, David။ "Madoff Confessed $50 Billion Fraud Before FBI Arrest"၊ Bloomberg News၊ December 13, 2008။ 
  14. SEC: Complaint SEC against Madoff and BMIS LLC (PDF)။ U.S. Securities and Exchange Commission (December 11, 2008)။ December 29, 2008 တွင် ပြန်စစ်ပြီး။
  15. Appelbaum၊ Binyamin။ "'All Just One Big Lieတမ်းပလိတ်:'-"၊ The Washington Post၊ December 13, 2008၊ စာ- D01။ December 12, 2008 တွင် ပြန်စစ်ပြီး 
  16. Deferred prosecution agreement Archived January 8, 2014, at the Wayback Machine. between JPMorgan Chase and federal government
  17. Kolker၊ Carlyn။ "Madoff Victims May Have to Return Profits, Principal"၊ Bloomberg News၊ December 23, 2008။ December 24, 2008 တွင် ပြန်စစ်ပြီး 
  18. ၁၈.၀ ၁၈.၁ Safer၊ Morley။ "The Madoff Scam: Meet The Liquidator"၊ 60 Minutes၊ CBS News၊ September 27, 2009၊ pp. 1–4။ September 28, 2009 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  19. Ross၊ Brian (2015)။ The Madoff Chronicles။ Kingswell။ ISBN 9781401310295
  20. McCool၊ Grant။ "Madoff pleads guilty, is jailed for $65 billion fraud"၊ March 13, 2009။ September 19, 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 1 October 2013။ 
  21. "Trustee: Madoff firm was family's piggy bank"၊ msnbc.com၊ May 13, 2009။ September 12, 2009 တွင် ပြန်စစ်ပြီး။ Archived from the original on 4 November 2012။ 
  22. "Bernard Madoff gets 150 years behind bars for fraud scheme"၊ CBC News၊ June 29, 2009။ June 29, 2009 တွင် ပြန်စစ်ပြီး။ Archived from the original on July 2, 2009။ 
  23. Healy၊ Jack။ "Madoff Sentenced to 150 Years for Ponzi Scheme"၊ The New York Times၊ June 29, 2009။ June 29, 2009 တွင် ပြန်စစ်ပြီး