ဘိုင်အိုမက်ထရစ်ဟူသည်မှာ သိပ္ပံနှင့်နည်းပညာ တစ်ရပ်ပင်ဖြစ်သည်။ ဇီ၀ဗေဒဆိုင်ရာ သတင်းအချက်အလက်များကို တိုင်းတာသရုပ်ခွဲသော သိပ္ပံနည်းပညာဖြစ်သည်။ Biometrics ပညာကို မျက်မှောက်ကာလတွင် တိုးတက်စွာ အသုံးပြုလာကြသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ မှတစ်ဆင့် အစစ်မှန်ဟုတ်မဟုတ်စစ်ဆေးခြင်း (Identity Authentication) ဆောင်ရွက်ရန် Biometrics နည်းပညာကိုအသုံးပြုလာကြသည်။

ဘိုင်အိုမက်ထရစ် နည်းပညာ ပြင်ဆင်ရန်

အစစ်မှန်ဟုတ်မဟုတ် စစ်ဆေးရာတွင် လက်ဗွေများ၊ မျက်လွှာ၊ မျက်နက်ဝန်း၊ ပြောသံဆိုသံ၊ မျက်နှာပုံပန်းသဏ္ဌာန်၊ လက်အရွယ်အစားစသည်ဖြင့် အမျိုးမျိုးသုံးခဲ့ကြသည်။ ယခုအခါ Biometrics နည်းပညာဖြင့်အစစ်အမှန် စစ်ဆေးမှုကို ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ရုံးများ၊ ကုမ္ပဏီများ၊ ပြည်သူ့လုံခြုံရေးစနစ်များ၊ စားသုံးသူအီလက်ထရွန်းနစ်နှင့် Point of Sale (POS) ကိစ္စရပ်များတွင် အသုံးများလာကြသည်။

ဘိုင်အိုမက်ထရစ် အကျိုးကျေးဇူးများ ပြင်ဆင်ရန်

ဖူဂျစ်ဆု ကုမ္ပဏီ၏လက်ဖဝါးသွေးပြန်ကြောဖြင့် အတုအစစ်ခွဲခြားမှုနည်းစနစ် PlamVein Authtication System ကြောင့် အကျိုးကျေးဇူးများစွာဖြစ်ပေါ်ခံစားနိုင်ပြီဟု အာမခံပေးလျက်ရှိသည်။

ဥပမာအားဖြင့် အဖွဲ့အစည်းတစ်ခုတွင် လက်ဖဝါးသွေးပြန်ကြောဖြင့် အတုအစစ်ခွဲခြားမှုနည်းစနစ်သုံးပြုလာခြင်းကြောင့် အလုပ်အကိုင်နှင့်အကုန်အကျများစွာသက်သာသွားနိုင်သည်။

ယခင်ကဲ့သို Passward maintenance နှင့် buddy-punching အလုပ်များလုပ်ရန်မလိုအပ်တော့ချေ။

အကိုးအကား ပြင်ဆင်ရန်

  • "Secure Palm Vein Authentication" New Straits Times, October 2, 2006