ဘီနင်နိုင်ငံ

(ဘီနင် မှ ပြန်ညွှန်းထားသည်)

ကိုဩဒိနိတ်: 6°28′N 2°36′E / 6.467°N 2.600°E / 6.467; 2.600

ဘီနင်နိုင်ငံ (Benin)(/bɛˈnn/ ( ) BEN-een, /bɪˈnn/ BIN-een;[] ပြင်သစ်: Bénin [benɛ̃]), တရားဝင်အားဖြင့် ဘီနင် သမ္မတနိုင်ငံ (ပြင်သစ်: République du Bénin) (ယခင်က ဒါဟိုမေး သမ္မတနိုင်ငံဟု သိရှိထားခဲ့) အနောက်အာဖရိကတွင် တည်ရှိသော နိုင်ငံတစ်ခုသည်။ အနောက်ဘက်တွင် တိုဂိုနိုင်ငံ၊ အရှေ့ဘက်တွင် နိုင်ဂျီးရီးယားနိုင်ငံ၊ မြောက်ဘက်တွင် ဘာကီးနားဖားဆိုနှင့်နိုင်ဂျား တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ နိုင်ငံ၏တောင်ပိုင်းတွင် ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်နေပြီး လူနေထူထပ်သည်။ ဘီနင်နိုင်ငံ၏မြို့တော်မှာ ပိုတိုနိုဗို (Porto-Novo) ဖြစ်သော်လည်း အစိုးရအဖွဲ့ရုံးထိုင်ရာသည် အကြီးဆုံးမြို့တော်ဖြစ်သော ကိုတိုနို(Cotonou) မြို့ ဖြစ်သည်။ ဧရိယာစတုရန်းကီလိုမီတာပေါင်း (၁၁၀,၀၀၀) (စတုရန်းကီလိုမီတာပေါင်း ၄၂,၀၀၀) ရှိပြီး လူဦးရေမှာ ၉.၀၅သန်းရှိသည်။ ဘီနင်သည် အပူပိုင်း၊ ဆာဟာရတစ်ပိုင်း နိုင်ငံဖြစ်သည်။ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ []

ဘီနင် သမ္မတနိုင်ငံ
République du Bénin  (ပြင်သစ်)
ဘီနင်၏ အလံတော်
အလံတော်
ဘီနင်၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: 
  • "Fraternité, Justice, Travail" (ပြင်သစ်)
  • "Fraternity, Justice, Labour"
နိုင်ငံတော် သီချင်း: 
 ဘီနင်နိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်)
 ဘီနင်နိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်)
မြို့တော်‌ပေါ်တို-နိုဗိုမြို့a
အကြီးဆုံးမြို့ကိုတိုနျူမြို့
ရုံးသုံး ဘာသာစကားများပြင်သစ်
အမျိုးသားဘာသာစကားများ
လူမျိုးစု (၂၀၁၃ သန်းခေါင်စာရင်း[])
  • ၃၈.၄% Fon people
  • ၁၅.၁% Adja people & Mina
  • ၁၂% Yoruba people
  • ၉.၆% Bariba people
  • ၈.၆% Fula people
  • 6.1% Ottamari
  • ၄.၃% Yoa-Lokpa
  • ၂.၉% Dendi people
  • ၂.၈% အခြား
ကိုးကွယ်မှု
လူမျိုး
  • Beninese
အစိုးရပြည်ထောင်စု သမ္မတ သမ္မတနိုင်ငံစနစ်
ပက်ထရစ် တာလွန်
မေရီယမ် ချေဘီ တလာတာ
လူးဝစ် ဗာလဗွန်နျူ[]
ဥပဒေပြုလွှတ်တော်အမျိုးသားလွှတ်တော်
လွတ်လပ်ရေး
၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်
၁၉၆၀ ခုနှစ် ဩဂုတ် ၁ ရက်
ဧရိယာ
• စုစုပေါင်း
၁၁၄,၇၆၃ km2 (၄၄,၃၁၀ sq mi)[] (အဆင့်: 100th)
• ရေထု (%)
၀.၄%
လူဦးရေ
• ၂၀၁၉ ခန့်မှန်း
၁၁,၇၃၃,၀၅၉ (အဆင့် - ၇၈)
• ၂၀၁၃ သန်းခေါင်စာရင်း
၁၀,၀၀၈,၇၄၉[]
• သိပ်သည်းမှု
၉၄.၈/km2 (၂၄၅.၅/sq mi) (အဆင့် - ၁၂၀)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၂၉.၉၁၈ ဘီလီယံ[] (အဆင့် - ၁၃၇)
• Per capita
$၂,၅၅၂[] (အဆင့် - ၁၆၃)
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၁၁.၃၈၆ ဘီလီယံ[] (အဆင့် - ၁၄၁)
• Per capita
$၉၇၁[] (အဆင့် - ၁၆၃)
Gini (၂၀၁၅)Negative increase 47.8[]
မြင့်
HDI (၂၀၁၉)Increase ၀.၅၄၅[]
နိမ့် · 158th
ငွေကြေးWest African CFA franc (XOF)
အချိန်ဇုန်WAT (UTC+1)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၂၂၉
Internet TLD.bj
  1. ကိုတိုနျူမြို့တွင် အစိုးရရုံးစိုက်။

ဘီနင်နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကားမှာ ပြင်သစ်ဘာသာစကားဖြစ်သည်။ ဒေသခံဘာသာစကားများဖြစ်သော ဖွန် (Fon language) စကားနှင့် ယိုရူဘာ (Yoruba) စကားတို့မှာ အပြောများသည်။ ကိုးကွယ်ရာလူဦးရေအများဆုံးဘာသာမှာ ရိုမန်ကက်သလစ် (Roman Catholicism) ဖြစ်သည်။ မူဆလင်ဗိုဒွန် (Vodun) နှင့် ပရိုတက်စတင့် (Protestants) များလည်း ရှိကြသည်။ ဘီနင်သည် ကမ္ဘာ့ကုလသမဂ္ဂအာဖရိကသမဂ္ဂအစ္စလမ်ကွန်ဖရင့်အဖွဲ့ (rganisation of the Islamic Conference) တောင်အတ္တလန္တိတ်ငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဇုန် (South Atlantic Peace and Cooperation Zone) ဆာဟာရတိုင်းပြည်များအဖွဲ့ (Community of Sahel-Saharan States)၊ အာဖရိကရေနံထုတ်လုပ်သူများအဖွဲ့ (African Petroleum Producers Association) နှင့် နိုင်ဂျားမြစ်ဝကျွန်းပေါ်အာဏာပိုင်အဖွဲ့ (Niger Basin Authority) တို့တွင် အဖွဲ့ဝင်ဖြစ်သည်။ [၁၀]

၁၇ရာစုနှစ်မှ ၁၉ရာစုနှစ်အထိ ဘီနင်နိုင်ငံကို ဒါဟိုမေဘုရင့်နိုင်ငံက အုပ်ချုပ်ခဲ့သည်။ ၁၇ရာစုအစောပိုင်းကာလများတွင် အတ္တလန္တိတ်သမုဒ္ဒရာဖြတ် ကျွန်ကုန်ကူးရေး လမ်းကြောင်း သင့်နေသောကြောင့် ကျွန်ရောင်းဝယ်ရာဒေသဖြစ်ခဲ့သည်။ ၁၈၉၂တွင် ကျွန်ရောင်းဝယ်ရေးကို ပိတ်ပင်တားမြစ်ခဲ့ပြီး ဒေသတွင်း ဩဇာကျဆင်းလာသည်။ ပြင်သစ်က သိမ်းပိုက်လိုက်ပြီး ပြင်သစ်ပိုင်ဒါဟိုမေ (French Dahomey) ဟုအမည်ပေးခဲ့သည်။ ၁၉၆၀တွင် ပြင်သစ်ထံမှ လုံးဝလွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ၁၂နှစ်အကြာအထိ ဒီမိုကရေစီနိုင်ငံကို တည်ထောင်ခဲ့သည်။

၁၉၇၂မှ ၁၉၉၀အထိ မာ့ခ်စ်-လီနင်ဝါဒီ (Marxist-Leninist) ဟုအမည်ခံသော အာဏာရှင်အုပ်ချုပ်သည့် ဘီနင်ပြည်သူ့သမ္မတနိုင်ငံ (People's Republic of Benin) ကို တည်ထောင်ခဲ့သည်။ ထိုကာလအတွင်းစီးပွားရေး ယိုယွင်းပျက်စီးခဲ့သည်။ ၁၉၉၁တွင် ဘီနင်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြီး ပါတီစုံစနစ်ကို ကျင့်သုံးခဲ့သည်။

ဝေါဟာရရင်းမြစ်

ပြင်ဆင်ရန်
  1. PRINCIPAUX INDICATEURS SOCIO DEMOGRAPHIQUES ET ECONOMIQUES (in fr)။ INSTITUT NATIONAL DE LA STATISTIQUE ET DE L’ANALYSE ECONOMIQUE။
  2. Benin - National Assembly (in en) (5 July 2018)။ 18 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 July 2021 တွင် ပြန်စစ်ပြီး။
  3. Annuaire statistique 2010 (PDF) (အစီရင်ခံစာ) (ပြင်သစ်ဘာသာစကားဖြင့်)။ Institut national de la statistique et de l'analyse économique။ 2012။ p. 49။ 4 March 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) ။ ၁၆ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး
  4. BENIN en Chiffres (in fr)။ 17 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၆ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ World Economic Outlook Database, October 2018အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ ၁၆ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  6. GINI index (World Bank estimate)ကမ္ဘာ့ဘဏ်။ ၁၆ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  7. Human Development Report 2020 The Next Frontier: Human Development and the Anthropocene (PDF)ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်။ 15 December 2020။ pp. 343–346။ ISBN 978-92-1-126442-5။ ၁၆ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး
  8. Jones၊ Daniel (2011)။ Roach၊ Peter; Setter၊ Jane; Esling၊ John (eds.)။ Cambridge English Pronouncing Dictionary (18th ed.)။ Cambridge University Press။ ISBN 978-0-521-15255-6 Cite has empty unknown parameter: |(empty string)= (အကူအညီ)CS1 maint: ref=harv (link)
  9. "Food and Agriculture Organization of the United Nations" Archived 24 October 2012 at the Wayback Machine.. United Nations, June 29th, 2010
  10. "Benin - International Cooperation". Nation Encyclopedia, June 29th, 2010