ဘီဘီကင်း (၁၉၂၅-၂၀၁၅) သည် အမေရိကန်လူမျိုး ဘလူးဂီတာရှင်၊ တေးရေးနှင့် တေးဆို ဖြစ်သည်။ ရိုးလင်းစတုန်း မဂ္ဂဇင်းက ၂၀၀၃ ခုတွင် သမိုင်းတလျှောက် အကောင်းဆုံးဂီတာရှင် အဖြစ် ဖော်ပြသည်။

ဘီဘီကင်း
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းရိုင်လီ ဘီ ကင်း
မွေးဖွား(1925-09-16)စက်တင်ဘာ ၁၆၊ ၁၉၂၅
မစ္စစပီ ပြည်နယ်၊ အိန္ဒိယနိုလာ
ကွယ်လွန်မေ ၁၄၊ ၂၀၁၅(2015-05-14) (အသက် ၈၉)
နီဗာဒါပြည်နယ်၊ လာ့ဗီးဂတ်
ဂီတဟန်ဘလူး
တူရိယာဂစ်တာ
တက်ကြွသည့်နှစ်များ1948 – 2015
တေးသံသွင်း ကုမ္ပဏီGeffen/Interscope/Universal, Bullet Records, RPM Records, Crown, ABC, MCA, Reprise/Warner Bros., Virgin/EMI
ဝက်ဘ်ဆိုက်http://www.bbking.com/

ငယ်ဘဝ ပြင်ဆင်ရန်

မစ္စစပီပြည်နယ်၊ အိန္ဒိယနိုလာ၌ ၁၉၂၅ ခု၊ စက်တင်ဘာလ ၁၆ ရက်တွင် မွေးသည်။ ဖခင်က မိသားစုအား ပစ်သွားရာ ဆင်းရဲသည့် မိခင်က ကင်းအား မကျွေးနိုင်။ သို့ဖြစ်၍ ကေမိုက်ကယ်မြို့ရှိ အဘွားဖြစ်သူ အဲနိုရာဖားထံ ပို့သည်။ ထိုမြို့ရှိ အက်ဟွန်း နှစ်ခြင်းဘုရားကျောင်း၌ ဓမ္မတေးဆိုဖြစ်သည်။

အသက် ၁၅ နှစ်တွင် ဂီတာ ဝယ်နိုင်သွားသည်။ သူအားကျသူမှာ ဘလူးအဆိုတော် တီဘုန်းဝေါ်ကာ ဖြစ်သည်။ သို့သော် ဂျက်အဆိုတော် ချာလီ ခရစ်ရှန်၊ ဂျန်ဂိုရိန်ရက် (Django Reinhrad) တို့ကိုလည်း သဘောကျသည်။ ၁၉၄၃ ခုတွင် ကေမိုက်ကယ်ကို ပစ်ကာ ထရပ်ကား မောင်းသည်။ အနောက်မန်းဖစ်၊ အာကန်ဆက်တို့ရှိ ဆန်နီဘွိုင်းဝီလယံဆန်၏ ရေဒီယိုအစီအစဉ်တွင် ပါဝင်သည်။ သူ့အသံကို သဘောကျသော ဒေသခံများ ရှိလာသည်။

မန်းဖစ်ရှိ ရေဒီယိုအစီအစဉ်တခုတွင် ဆယ်မိနစ်စာ ပါဝင်ရပြီးနောက် နာမည်ကြီးသွားသည်။ ရေဒီယိုရုံ၌ အလုပ်လုပ်စဉ် ဘေးလမ်းမှ ဘလူးဆိုသော ကောင်လေး (Beale Street Blues Boy) ဟူသော အမည်ကို သုံးခဲ့ပြီး နောင်တွင် ဘီဘီ ဟု အတိုကောက် ပြောင်းသည်။

အနုပညာခရီး ပြင်ဆင်ရန်

၁၉၄၉ ခုတွင် လော့အိန်ဂျလိရှိ RPM တေးသံသွင်းနှင့် အသံ စသွင်းသည်။ မေးဟလီး (Millhard Lee) ကို ခေါင်းဆောင်တင်ကာ ကိုယ်ပိုင်တီးဝိုင်း ဘီဘီကင်းရီဗျူး ကို ထောင်ပြီး နယ်လှည့်ဖျော်ဖြေရေး လုပ်သည်။

၁၉၅၀ ပြည့်တွင် တိုင်းသိပြည်သိ ဘလူးအဆိုတော်များအနက် တဦးဖြစ်လာသည်။ ဖျော်ဖြေရေးကို ပုံမှန်သွားရာ ၁၉၅၆ ခုတွင် ပွဲပေါင်း ၃၅၂ ခုထိ ရောက်သည်။

ယခင်က လူမည်းများသာ ကြိုက်သော်လည်း ၁၉၆၀ ပြည့်နောက်တွင် လူဖြူများကပါ လက်ခံလာသည်။ လူဖြူဂီတာသမား အဲရစ် ကလပ္ပတန် (Eric Clapton) က ကင်းကို နမူနာယူကြောင်း ထုတ်ပြောသည်။

ရော့သီချင်းများလည်း တီးခဲ့ပြီး ယူတူး (U2) အဖွဲ့နှင့် ပူးပေါင်းဖျော်ဖြေစဉ်က လူငယ်ပရိသတ်တို့ အကြိုက်တွေ့သည်။

ပုဂ္ဂိုလ်ရေးရာ ပြင်ဆင်ရန်

အိမ်ထောင်နှစ်ဆက်ရှိသည်။ အဓိက အိမ်ထောင်ရေးပြဿနာမှာ ပွဲဆက်များခြင်းကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့် တနှစ်လျှင် ပွဲ ၂၀၀ ထက်မနည်း ဆိုရသည်။ သားသမီး ၁၅ ယောက် ရှိသည်။

အမျိုးအစား(၂) ဆီးချိုရောဂါဖြင့် အနှစ် ၂၀ ကျော် နေသွားသည်။ ထိုရောဂါအား လူသတိထားမိအောင် ပြောဆိုပေးသူလည်း ဖြစ်သည်။

ဘွဲ့ထူးဂုဏ်ထူးများ ပြင်ဆင်ရန်

၁၉၈၇ ခုတွင် တသက်တာ အအောင်မြင်ဆုံး ဂရမ္မီဆု ရသည်။ ၂၀၀၉ ခုတွင် ဂရမ္မီဆု ၁၅ ခု ရပြီဖြစ်သည်။ ထိုဆုများအနက် ၁၀ ခုမှာ ဘလူးဂီတနှင့် ရခြင်းဖြစ်သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

နီဗာဒါပြည်နယ်၊ လော့အိန်ဂျလိ၌ ၂၀၁၅ ခု၊ မေလ ၁၄ ရက်တွင် ကွယ်လွန်သည်။ မူရင်း ဆီးချိုရောဂါအပြင် အသိချို့ရောဂါ (Alzheimer's disease) ဖြစ်နေပြီး နောက်ဆုံး နှောင့်သော ရောဂါမှာ နှလုံးဖောက်ခြင်း ဖြစ်သည်။ ဈာပနကို ကြီးပြင်းရာမြို့ဖြစ်သည့် အိန္ဒိယနိုလာရှိ ဘဲဂရု သာသနာပြုနှစ်ခြင်းဘုရားကျောင်း၌ ပြုလုပ်သည်။