ဘေလိန်းဝေလငါး
Temporal range: late Eocene–Present
A humpback whale breaching
ရေမျက်နှာပြင်အထက်သို့ ခုန်ထွက်နေသာ ဟမ်းဘက်ဝေလငါး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
Infraorder: Cetacea
Parvorder: Mysticeti
Cope 1891
ရှင်သန်ဆဲ မျိုးစဉ်ခွဲများ
ဇီဝမျိုးစုံမျိုးကွဲ
မျိုးစိတ် (၁၆)ခု
Synonyms
  • Mystacoceti

ဘေလိန်းဝေလငါး (အင်္ဂလိပ်: Baleen Whale)[၁] သည် စီတက်ဆီယာ၏ မျိုးစဉ်ခွဲ နှစ်ခုအနက်မှ တစ်ခုဖြစ်သည်။[၂] ၎င်းတို့ကို 'ဝေးလ်ဗုန်း ဝေလငါးများ' သို့မဟုတ် 'မဟာဝေလငါးများ' ဟုလည်းခေါ်ဆိုကြသည်။

ဘေလိန်းဝေလငါးများတွင် ကီရာတင်ဖြင့်ပြုလုပ်ထားသော ဘေလိန်းပြားများရှိသည်။ ကွာခြားချက်သည် အစာစားသည့် အပြုအမူနှင့်ဆက်စပ်နေလေသည်။ Baleen ဝေလငါးများသည် ရေမျောများကို ရေထဲမှ ၎င်းဘေလိန်းပြားများအသုံးပြုကာ စစ်ထုတ်၍ စားသုံးကြပြီး Odontoceti ဟုခေါ်သော သွားရှိ ဝေလငါးများမှာမူ ပိုကြီးမားသော သားကောင်များကို စားသုံးကြသည်။

ဤမျိုးစဉ်ခွဲတွင် မျိုးရင်း (၄)မျိုး နှင့် မျိုးစိတ် (၁၄)မျိုး ထပ်မံခွဲခြားထားသည်။[၃]

ဘေလိန်း ပြင်ဆင်ရန်

 
ဘေလိန်းပြား

ဘေလိန်းဝေလငါးများသည် သန္ဓေသားဘဝမှလွဲ၍ ကျန်အရွယ်များတွင် သွားများ မပါရှိပေ။ ကျောက်ဖြစ်ရုပ်ကြွင်းများမှ အရွယ်ရောက်ပြီး ဘေလိန်းဝေလငါးများတွင် အံသွားများပါရှိသော်လည်း ခေတ်သစ်အရွယ်ရောက်ပြီး ဘေလိန်းဝေလငါးများတွင် ဘေလိန်းပြားသာပါရှိသည်။ သန္ဓေသားသွားများကို ဝေလငါး၏ပါးစပ်ထိပ်မှ ရှည်လျားသော ကန့်လန့်ကာနှင့်တူသော ဘေလိန်းပြားဖြင့် တဖြည်းဖြည်း အစားထိုးလာကြခြင်းဖြစ်သည်။[၄] ထိုအပြားများသည် အရှည် ၁၂ ပေ ရှည်ပြီး၊ တစ်ပေ သို့မဟုတ် ထို့ထက်ပို၍ကျယ်နိုင်သည်။ ၎င်းတို့ကို အပြင်ဘက်မှ ကြည့်ပါက ဖြောင့်စင်းနေသည့် ဓားများကဲ့သို့ ထင်ရသော်လည်း အတွင်းတွင်မူ သွားပွတ်တံ သို့မဟုတ် ခေါင်းဖြီးနှင့်သာ ပို၍ဆင်တူသည်။ ဘလိန်းသည် ကီရာတင်ဖြင့် ပြုလုပ်ထားပြီး နို့တိုက်သတ္တဝါများ၏ ဆံပင်နှင့် လက်သည်းတို့တွင်လည်း တွေ့ရှိနိုင်သော တစ်ရှူးမျိုးပင်ဖြစ်သည်။[၄]

အစာစားခြင်း ပြင်ဆင်ရန်

ဘေလိန်းဝေလငါးတစ်ကောင်သည် ၎င်း၏ ဘေလိန်းအား အစာစားရာ၌ အသုံးပြုသည်။ အစာစားရန်အတွက် ဝေလငါးတစ်ကောင်သည် ပါးစပ်ကိုကျယ်ကျယ်ဖွင့်ကာ ရေမျောနှင့်အခြားသားကောင်ငယ်များ (ဥပမာ ပုစွန်ဆိတ်ငါးအသေးလေးများနှင့် တစ်ခါတစ်ရံတွင် ကမ်းနားအနီးရှိ ငှက်များ) စသည့် သတ္တဝါအငယ်လေးများ အုပ်လိုက်ကို ရေနှင့်အတူ စုပ်ယူကြသည်။

ထို့နောက် ဝေလငါးသည် ၎င်း၏ပါးစပ်ကို တစိတ်တပိုင်းပိတ်ကာ ၎င်း၏အထက်မေးရိုးနှင့် လျှာ ကို ဖိ၍ ရေအား ဘေးဘက်ခြမ်းမှ ဖြတ်သန်းစေ၍ စစ်ထုတ်ပြီး မျိုချလိုက်သည့် သားကောင်အား သီးသန့်ကျန်ရှိနေစေ၍ စားသုံးကြသည်။[၄]

နေထိုင်ပြုမူပုံ ပြင်ဆင်ရန်

ဘေလိန်းဝေလငါးများသည် အသံဖြင့် ဆက်သွယ်မှုပြုလုပ်ကြသည်။ ၎င်းတို့၏ အသံများသည် ရိုးရှင်းမှုလည်း ရှိနိုင်သကဲ့သို့ ရှုပ်ထွေးမှုလည်းရှိနိုင်လေသည်။ ဝေလငါးများ၏ တေးသံကဲ့သို့ သီဆိုမှုသည် ခရီးဝေးဆက်သွယ်မှုအတွက် ပြုလုပ်မှုဖြစ်နိုင်သည်ဟု သိပ္ပံပညာရှင်အများစုက ယူဆကြသည်။[၅]

အရွယ်အစား ပြင်ဆင်ရန်

 
ဘေလိန်းဝေလငါးများ၏ အရွယ်အစားနှိုင်းယှဉ်မှု ပြသထားပုံ

ဘေလိန်းဝေလငါးများသည် ယေဘူယျအားဖြင့် သွားရှိသော ဝေလငါးများထက် ပိုကြီးပြီး အမများသည်လည်း အထီးများထက် ပိုကြီးသည်။ ထိုအဖွဲ့တွင် အကြီးဆုံး သက်ရှိသတ္တဝါမျိုးစိတ်ဖြစ်သည့် အပြာရောင် ဝေလငါးလည်း ပါဝင်လေသည်။

ရေမျက်နှာပြင်အထက်သို့ ဖောက်ထွက်ခြင်း ပြင်ဆင်ရန်

၎င်းတို့၏ ကိုယ်အလေးချိန်သည် အလွန်လေးလံသော်လည်း ဘေလိန်းဝေလငါးများသည် ရေထဲမှ လုံးဝခုန်ထွက်နိုင်သည်။ ဟမ်းဘက်ဝေလငါးများ၏ ခုန်ထွက်နိုင်မှုစွမ်းရည်ကိုသာ လူသိများပြီး ၎င်းတို့နည်းတူ အခြားသော ဝေလငါးများသည် ၎င်းတို့၏ ခန္ဓာကိုယ်ဖြင့် ရေထဲမှ ခုန်ထွက်ခြင်း သို့မဟုတ် ၎င်းတို့၏ ဆူးတောင်များဖြင့် ရေမျက်နှာပြင်အား ကျယ်လောင်စွာ ရိုက်သည့် အပြုအမူများပြုလုပ်ကြသည်။ ဝေလငါးများ၏ ထို့ကဲ့သို့သော အပြုအမူသည် မည်သည့်အဓိပ္ပါယ်ဖြစ်သည်ကိုမူ တစ်ဦးတစ်ယောက်မျှ အတိအကျမရှိကြသေးပေ။ ၎င်းသည် ဆက်သွယ်ပြောဆိုသော အပြုအမူမျိုးဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။

လူသားများအတွက် အရေးပါမှု ပြင်ဆင်ရန်

၁၁ ရာစုမှ ၂၀ ရာစုနှောင်းပိုင်းအထိ ဘေလိန်းဝေလငါးများသည် ၎င်းတို့၏ ဆီ နှင့် ဘေလိန်းတို့အတွက် အမဲလိုက်ခြင်းခံခဲ့ရသည်။ ၎င်းတို့၏ ဆီများကို မာဂျရင်းနှင့် ဟင်းချက်ဆီအဖြစ် ပြုလုပ်နိုင်သည်။ ဘေလိန်းများကို corset များ တောင့်တင်းစေရန်နှင့် ထီးရွက်နှင့် စက္ကူတွန့်ခြင်းများ ပြုလုပ်ရန်အတွက် အသုံးပြုခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. The scientific name comes from the Greek word mystidos, which means 'unknowable'.
  2. The other being the Odontoceti, or toothed whales.
  3. Mead, James G. & Brownell, Robert L. Jr. 2005. Order Cetacea (pp. 723-743). In Wilson, Don E. and Reeder, DeeAnn M. eds. Mammal species of the world: a taxonomic and geographic reference. 3rd ed, Baltimore: Johns Hopkins University Press, 2 vols. ISBN 978-0-8018-8221-0. OCLC 62265494.
  4. ၄.၀ ၄.၁ ၄.၂ Fudge D.S., Szewciw L.J. and A.N. Schwalb. 2009. Morphology and development of blue whale baleen: an annotated translation of Tycho Tullberg's classic 1883 paper. Aquatic mammals 35(2):226-252.
  5. Thomas Ling (June 22, 2021)။ "How humpback whales communicate through a hidden global network of song"BBC Science Focus MagazineJuly 7, 2021 တွင် ပြန်စစ်ပြီး