မဟာသုတကာရီ မဃဒေဝလင်္ကာ သစ်

ပထမပိုင်း - လောကဟိတ-စရိယခဏ်း

၁-လင်္ကာနိဒါန်း (၁) မဟာဝိယ၊ တိလောကနှိုက်၊ နရမရှု၊ သနကူတို့၊ သရဘူဦးစိုက်၊ မကိုဋိနဝရတ်၊ ကျောက်စိန်ထွက်ဖြင့်၊ ညွတ်၍ညွတ်၍၊ ဦးနှိမ်ဝှေ့လျက်၊ ညဉ့်နေ့မစဲး၊ တရဲရဲတိ၊ အမြဲရောင်ညိ၊ မပြတ်ထိသား၊ နန္ဒိဝဍ္ဎ၊ သကျမာရဇိန်၊ စောမုနိန်၏၊ သီရိန္ဒာဘိ၊ သီရိရတနာ၊ မင်္ဂလာမျို့ပေါင်း၊ ပုံးတောင်းပြိုးပြက်၊ ရာ့ရှစ်ကွက်နှင့်၊ ရွှေစက်ပရဝ၊ စရဏဟု၊ ပါဒနက်သန်၊ စုံနှစ်တန်ကို၊ ငွေဗိတာန် ကြီး၊ ကဒဏ်ထီးသို့၊ မိုးပြီးဥဿုံ၊ ဘေးမျိုးလုံမှ၊ သုံးပုံပိဋကတ်၊ ဝါဏီမြတ်ဟု၊ သူရဿတီ၊ နတ်ဒေဝီလည်း၊ယှဉ်မှီနိစ္စ၊ မပြတ်မ၍၊ ငါ့နှလုံးတိုက်၊ ရွှေကြာသိုက်နှိုက်၊ ပျော်ပိုက်စေပြီး၊ ဂိုဏ်းကြီး အရိယာ၊ ဂုဏ်ကိုးဖြာနှင့်၊ သံဃာ ပရမတ်၊ ရှစ်ပါးနတ်ကား၊ လောကဓာတ် ဒိသာ၊ ရှစ်မျက်နှာက၊ စကြဝဠာတောင်ကြီး၊ ကာဆီးသော့ယောင်၊တန်းခိုးရောင်ဖြင့်၊ ရန်မှောင်မမှောင့်၊ တည်နေစောင့်၍၊ ချမ်းသောင့်ချမ်းသာ၊ အကြင်ငါလျှင်၊ လင်္ကာ၍ကျမ်း၊ နည်းစုံပြွမ်းကို၊ ဘေးဘျမ်းမငွေ့၊ ပြီးကုံလွေ့အောင်၊ ချက်စေ့စုံစီ၊ လောကီ လောကုတ်၊ မယုတ်စေရ၊ ရာဇဓမ္မ၊ သုတပညာ၊ ပွားရာပွားကြောင်း၊ ပေါင်း၍သင်္ဂြိုဟ်၊ ပဟိုရ်စည်ကြီး၊ ဆော်ရိုက်တီးသည်။ ။ ခြီးလော့ချက်မှန် ကျယ်ကျဉ်းတည်း

(၂) မဟာဝိနယ၊ ပိဋကနှင့်၊ ဓမ္မနှစ်ဖြာ၊ ဘိဓမ္မသုတ်၊ ဒွဲးဝေထုတ်သား၊ တိက်ဒုတ်ပဉ္စက်၊ ကိုးချက်ရှစ်သောင်း၊ အပေါင်းလေးထောင်၊ ကုန်အောင်ကြီးငယ်၊ ကျမ်းပင်လယ်မှ၊ ကြိတ်နယ်နှောက်မွှေ၊ ဘော်ထုတ်တွေ၍၊ ဆောင်ထွေစုစု၊ ဝတ္ထု ရာဇဝင်၊ မဟာဝင်က၊ ပုံပြင်နည်းနာ၊ သဒ္ဒါပရမတ်၊ ပညတ်ဝေါဟာရ၊ ပေါရာဏနှင့်၊ လောကဓမ္မ၊ ရာဇတန္တီ၊ ထုံးမှီစံကျ၊ နည်းစုံပြလျက်၊ သုတများရာ၊ ဤအလင်္ကာကား၊ ပညာဉာဏ်ပွား၊ အကြောင်းအားဖြင့်၊ ကျီးသွားရှာထ၊ ကာကဒန္တာ၊ ပရိက္ခာသို့၊ ပမာတူနိုး၊ အကျိုးမယှဉ်၊ ပယောဇဉ်ကင်း၊ မဟုတ်လျှင်းတည့်၊ အဖျင်းသွပ်ပေါ့၊ တကျိပ်သောလူ၊ ထန်းစေ့ဟူ၍၊ မှတ်ယူမရ၊ ဒသ တာလိမာ၊ဆိုစပါသို့၊ ဆိုရာ မဘွယ်၊ ဓိပ္ပာယ် မထွက်၊ အနက် မဲ့လျှင်း၊ သဗ္ဗန်ကင်းသည်၊ ချွတ်ယွင်း ကျီးကျူး၊အရူးစကား၊ မဟုတ်ငြားတည့်၊ပတ္တမြားထပ်ညှောက်၊ နဂါးမောက်ဖြင့်၊ အိုပျောက်နိုင်စွာ၊ မသေရာဟု၊ နည်းနာပြသင်၊ ပြောပါကျင်လည်း၊ တောင်ဆင်အဝေး၊ခမည်းပေးသို့၊အရေးမရ၊ မဟုတ်စွတည့်၊ ထိုမှ တထွေ၊မရေမရာ၊စဉ်လာမပြု၊ မာတုဝါဟ၊လောက သမ္မုတိ၊ ထုံးမယိဘဲ၊အမိထိမ်းမြား၊ ဆိုစကားသို့၊ လူများအစုတ်၊ မသမုတ်သည်၊မဟုတ်ဉပဒေ၊ မဟူချေတည့်၊ ရေမူဧငြား၊ မိးကားပူတောင်း၊ ဆိုတုံရှောင်းသို့၊ အကြောင်းပေ့ါဘိ၊ ထူးမယှိဘဲး၊ဆိုမိ ဆိုရာ၊ ဆိုတုံရှောင်းသို့၊ အကြောင်းပေါဘိ၊ ထူးမယှိဘဲး၊ ဆိုမိဆိုရာ၊ မဆိုစွာတည့်၊ ငါးဖြာစင်စစ်၊ ကျမ်းအပြစ်နှင့်၊ မရစ်မသိုင်း၊ နည်းမှန်လှိုင်းသည်။ ။တတ်တိုင်း သိလိမ့် လက်စဉ်းတည်း။

(၃) မဟာဝိဇယ၊ အတုလလျှင်၊ ဆုငှ သာသနာ၊ နောင်ဘို့ ထာဟု၊ ခါခါ ဘန်ခေါက်၊ ပြန်ပြန် ရောက်၍၊ ထို့လောက် ခိုင်ကျည်၊ တည့်စိမ့် ရည်တိုင်း၊ ကြည်သရာယောင်၊ တေဇာပြောင်လျက်၊ ဘုန်းရောင်နေလျှံ၊ ကျောက်မျက်ပျံနှင့်၊ ဆင်ပျံနတ်စက်၊ သိကြားဆက်၍၊ လ္နရိန္ဒမာ၊စကြာနတ်သိုင်း၊ အာဏာခိုင်းသား၊ တလိုင်းရာဇာ၊ မြန်မာနေနတ်၊ မျိုး မန္ဓာတ်တို့၊ ပြသာဒ်နန်းမြင့်၊ စတင့်သရေ၊ မင်းပွဲး ချွေလျက်၊ ရွှေမြသထုံ၊ သုဝဏ်ဘုံနှင့်၊ စက်ပုံဖြိုးသစ်၊ သရေခေတ်မှ၊ ညာမြစ်ဝဲယာ၊ ဆန်ခဲ့လာ၍၊ရတနာပုံ၊နေရုံဓိပတိ၊ မန်းဂိရိနှိက်၊အာဒိကမ္မိက်၊ဗျာဒိတ်သိုက်ရ၊ နန်းတည်စသား၊ ပဉ္စမ သင်္ဂါယတနာတင်၊ ဘုရင်မင်းဖျား၊မင်းတရား၏၊ ထင်းရှားစဉ့်ခါ၊ ဤလင်္ကာကို၊ ဦးစွာ ပထမ၊ ရေးစီစလည်း၊ စာချ စာပို့၊ ကိစ္စ တို့ဖြင့်၊ ဆုံးသို့မရောက်၊ ထို့နောက်တဘော်၊ သားတော်နေမြစ်၊ ခုနစ်နှစ်လုံး၊ ဘုန်းသစ် ထိန်ညီး၊ ထွန်းခဲ့ပြီးမှ၊ ကျွန်းကြီးဘိလပ်၊ နန်းရပ်ဗိမာန်၊ လန်ဒန် သိင်္ဂီ၊ စိုးစံမှီသည်၊ ဧကရီ မြတ်၊ မိဘုန်းနတ်လျှင်၊မြန်ရဌ်ဇေယျုံ၊ မန်းရွှေဘုံကို၊ စိုးခြံပိုင်းခြား၊ ဆဲ့ငါးနှစ်မျှ၊ ထိုကာလလည်း၊ ဗုဒ္ဓကိစ္စ၊ ဓမ္မဒေသနာ၊ အားကြီးစွာကြောင့်၊ နေဝါတိမ်အုပ်၊ မပေါ်ငုပ်သို့၊ မြုပ်၍နေပြီး၊ ပျောက်လုနီးလျက်၊ ဘုန်းမီး နေလ၊ တိုက်လုံးပသား၊ သတ္တမဘုရား၊ သားတော်ဘုန်းထက်၊ ရုံးစိန် စက်နှင့်၊ ဧဒွက် ဘုရင်၊ စောနတ်သျှင်လျှင်၊ ဉကင် ဘွင်မြောက်၊ သုံးနှစ်လောက်မှ၊ အောက်မေ့ပြန်မိ၊ သတိ ရရ၊ နတ် ဆော်မ သို့၊ လက်စ မငုပ်၊ ကွယ်မမြုပ်ဘဲး၊ သိမ်းအုပ်ပြီးဆုံး၊ ကမ္ပတ်ဖုံးလျက်၊ နိဂုံးရောက်အောင်၊ ဘုန်းတော်ဆောင်၍၊ စာစောင် ရွှေတုံး၊ တိုင်းသုံး ထိုက်လျော်၊ ထွန်းလင်းပေါ်သည်။ ။ဘုန်းတော်နေနှင့် ပြိုင်လျဉ်းတည်း။

(၄) မဟာ သုတ၊ တုမရသား၊ ကျမ်းလှရွှေစာ၊ ဤအလင်္ကာနှိုက်၊ သေချာချက်မှန်၊ခြောက်ပိုင်းကန်၏၊ လက်မွန်အစ၊လင်္ကာနိဒါန်း၊ ပြညွှန်းသရုပ်၊ အကျဉ်းချုပ် နှင့်၊ ပစ္စုပ္ပန် ဝတ္ထု၊ မှတ်ပြုခေါ်ထွေ၊ သန္တိကေမည်၊ ဇတ်နိဒါန်းဟု၊ အခဏ်းပထမ၊ ဦးစာပြလျက်၊ ဒုတီယမှာ၊ မဟာသမ္မတ၊ မင်းက စဉ်လတ်၊ မျိုးနေနတ်တို့၊ သိဒ္ဓတ်ဘုန်းခေါင်၊ လောင်းဘော်အောင်လျှင်၊ ပြည်ထောင်တိုင်းပြု၊ စတုဝီသ၊ မင်းထိုမျှနှင့်၊ ရာဇရာဇ၊ မဟာနွယ်စင်၊ကန်းဆာဆင်သား၊ ရာဇဝင်ခဏ်း၊ တန်းနောက်သော်၊ လောင်းတော် မဃ၊ မင်းဒေလျှင်၊ ဌာနအောင်ချာ၊ မိထိလာသို့၊ ဗိုလ်ပါ လုံးရင်း၊များသင်းပင်နှင့်၊ မကြွင်းစုံညီ၊ ကြွချီခြိမ့်မွှန်း၊ မြို့ပြောင်းခဏ်းက၊ ထီးနန်းအသစ်၊ စနစ်တောင်တာ၊ ယူဇနာပုံချ၊ မြို့ပြကျုံးမြောင်း၊ အပေါင်းစုံစွာ၊ အင်္ဂါမချို့၊ တောင့်နှယ်မို့အောင်၊ နန်းမြို့ဘည်ခဏ်း၊ ရေသွန်းအစဉ်၊ သဖန်းပျဉ်ထက်၊ ဘွဲ့ယှဉ်စံကာ၊ မင်းတန်ထွာဖြင့်၊ မုဒ္ဓါဘိသေက၊ ရာဇ မော်ကွန်း၊ ဗြဟ္မာ သွန်းသား၊ ကျွှန်းလုံး ကျော်ထိတ်၊ အောင်နိမိတ်နှင့်၊ ဘိသိဏ် တော်ခဏ်း၊ နန်းသိမ်းခဏ်းပါ၊ ထူးဆန်းကြီးကျယ်၊ တင့်တယ်ထိန်ဝင်း၊ မင်းခမ်း ကျင်းလျက်၊ ရှစ်စင်း ပစ္စူ၊ ဘွင့်လှစ် ထူ၍၊ နတ်တူ အသွင်၊ တု မမြင်အောင်၊ ရွှေ ပလ္လင်ပျံ၊ ခြင်္သေ့ခံထက်၊ ထွက်စံ တုံရှောင်း၊ ခြိမ့်ခြိမ့်ညောင်းတ၊ ထီးဆောင်း မင်္ဂလာ၊မဟာ ဉကင်တော်ဘွင့်၊ တခဏ်း ဆင့်ပြီး၊ မင်းကျင့်ဓမ္မ၊ ပိုင်းခြားပြသား၊ ရာဇ စရိယ၊ ခဏ်းလှတဖြာ၊ တေဇာရှိန်ပြိုး၊ ဘိသိက် ကျိုးဖြင့်၊ တန်ခိုးတုန်ချဲ့၊ ဘုန်းတော်ဘွဲဟု၊ တုမဲ့ အံဘွယ်၊ တခဏ်းခြယ်မှ၊ ခဏ်းငယ် နဝ၊ ကိုးချက် ပြသား၊ လောက ဟိတ၊ စရိယ ဟု၊ ပထမ ခဏ်းကြီး၊ တကန့်သီး၍၊ ဝှဲခြီး သံလှိုင်း၊ လက်မွန် ပိုင်းသည်။ ။ထုပ်သိုင်းရွှေနွယ် ရွှေကြိုးတည်း။

(၅) ထိုနောက်၎င်း၊ စောလောင်း ရာဇာ၊ ကြီး ပညာနှင့်၊ မဟာမဃ၊ ဒေဝ ဘုန်းယှိ၊ သန္ဓေ သိဖြင့်၊ ဇာတိ ပညာဉ်၊ မြဲယှဉ်စောင့်လျက်၊ ဉက္ခောင့်းထက်နှိက်၊ တခက် ဆံပင်၊ ဖြူသည် မြင်က၊ မြင်လျှ မြင်ခြင်း၊ တင်အ ချင်းဟု၊ ကြံရင်း အဲးခိုး၊ ဉာဏ်ဆော်နှိုး၍၊ မိုးကြိုးပမာ။ မိန့်တော်မှာသည်၊ ရာဇ မန္တန၊ ခဏ်းလှ တသွယ်၊ နာသာ ဘွယ်တည်း၊ နောက်ဝယ် တဖြာ၊ ဆတ္တာသမား၊ ထိုယောက်ျားက၊ လျှောက်ကြား ထင်စွာ၊ ကပ္ပကာ ရောစန၊ ဟူထ တခဏ်း၊ မြပန်း ကေသာ၊ သျှောင် စူဠာတွင်၊ ရောင်ဝါ ဘောက်ပြား၊ ဆံတော် ကြားနှိုက်၊ ကြောင် ကျားမဟူ၊ တချောင်းဖြူဟု၊ ဆယ်ဆူ လက်မြှောက်၊ တက်လျှောက် ချဉ်းကပ်၊ ရွှေမွေးညှပ်ဖြင့်၊ နှတ်အပ် ယူပြီး၊ မင်းကြီး ရွှေလက်၊ တင်ဆက် ပြဟန်၊ တခဏ်းပြန်၍၊ ဘုန်းသန်မင်းကျော်၊ ထိုဆံတော်ကို၊ ရူမျှော်တုံလစ်၊ ကိုယ့်အဖြစ်နှိုက်၊ အပြစ် မြင်မြင်၊ ဉာဏ်တော် ထင်တိုင်း၊ ဆင်ခြင်ကြံဆ၊ ခြင်းရာပြသား၊ အတ္တ စိန္တာ၊ တခဏ်းဖြာမှ၊ များစွာ သက်ကြွင်း၊ ယှိတုံလျှင်းလျက်၊ သေမင်း ယူမည်၊ တိုးတည် ထံနီး၊ ရောက်လာပြီး သို့၊ နန်းထီး စည်းစိမ်၊ မင်း ရိပ်ငြိမ်ကို၊ နှောင်အိမ်လောင်တိုက်၊ မှတ်ပိုက်ဘန်ဘန်၊ သံဝေဉာဏ်ဖြင့်၊ ထင်ဟန်ခြင်းရာ၊ သံဝေဂါကာရ၊ ပြခဲ့ ခဏ်းသီး၊ ကန်းပြီး တဖြာ၊ ဉဒါန်း သာ၍၊ လွန်စွာဝမ်းနူး၊ မြွက်ဆို ကျူးသား၊ ရွှင်မြူးကြည်လှ၊ ဉဒါန ဝစန၊ ခဏ်းထူးပြလျက်၊ ဤမျှခဏ်းငယ်၊ ခြောက်ခဏ်းခြယ်၍၊ နာဘွယ်ပိုင်းသန်း၊ သံဝေခဏ်း ဟု၊ မည်မှန်းနာမ၊ ဒုတိယဖြင့်၊ ကျမ်းလှတအုပ်၊ ခဏ်းကြီးချုပ်သည်။ ။ပိုက်ထုပ်မှတ်လေ ရွှေအိုးတည်း။

(၆) သံဝေဂ ကြီး၊ ကမ္ဘာမီး သို့၊ စောဓီး မင်းမြတ်၊ အမြဲးမှတ်၍၊ ထိုဆတ္တာသည်၊ မိန့်တိုင်းအား၊ လွန်ကြည်မြတ်လေး၊ ရွာဆု ပေးသား၊ မထွေး ကွက်သန့်၊ သန့်ခဲ့ ပိုင်းသန်း၊ ဆုတော်ခဏ်းတည့်၊ ကြငှန်း ထွတ်ချာ၊ လောင်းရာဇာလျှင်၊ နန်းမှာမင်းလေ့၊ မပျော်မွေ့၍၊ ငြိမ်းငွေ့ဦးလေး၊ တော ထွက်ရေးဖြင့်၊ မနှေးအလို၊ သားဘုန်းပျိုအား၊ မိန့်ဆိုထင်ရှား၊ အကျယ်ကြားသား၊ ကြောင်းလျားခြင်းရာ၊ ပုတ္တာရောစန၊ ကဏ္ဍပိုင်းဘွဲ့၊ ခဏ်းသီးချဲ့မှ၊ မငဲ့မင်းဖြစ်၊ သားချစ်သက်နှံ၊ အိမ်ရှေ့စံအား၊ နိုင်ငံတိုင်းလုံး၊ ကျုံး၍မကြွင်း၊ ထီးနန်း နှင်းလျက်၊ မင်းတို့ကျင့်ရာ၊ အဖြာဖြာတိ၊ များစွာဆန်းကြယ်၊ အသွယ်သွယ်ကို၊ ကျဉ်းကျယ်နယ၊ မြွက်သော်ပြ၍၊ ဆုံးမ မိန့်ဟော၊ သွန်သင်ပြောသား၊ ပုတ္တာ ဝါဒ၊ နာမ မှတ်တည်၊ နောက်ခဏ်းမည်ဖြင့်၊ ထူးလည်နယန်း၊ ခေါ်ပြဠာန်းလျက်၊ သုံးခဏ်းတပိုင်း၊ ခဏ်းကြီးပိုင်းသား၊ နာတိုင်းသာစွာ၊ တတီယတည့်၊ သုတ ဗုဒ္ဓိ၊ ကဝိ ပုဂ္ဂိုလ်၊ ဝိဇ္ဇာ ဓိုရ်ဟု၊ ဖြစ်လို သသူ၊ များရှင် လူနှင့်၊ ရာဇူသဘ၊ နရမှန်ကင်း၊ ပြည့်ရှင်မင်းတို့၊ မကြွင်းမှတ်ရာ၊ နားတန်းဆာတိ၊ သာယာနာဘွယ်၊ မကျယ်မဝန်း၊ ဓိပ္ပာယ် ညွန်းလျက်၊ မိုက်စွန်း ခြောက်တောင်၊ ပေါက် ပြောင်ဇာနည်၊ မုန့်ရည်အာသောက်၊ စွယ်ရောက် စုံလင်၊ မင်းစီးဆင် သို့၊ မြန့်ခွင်ကြော်ငြာ၊ ရှေး ဆရာတို့၊ နည်းနာရွှေဉာဏ်၊ တမျဉ်းမှန်တိုင်း၊ ကျမ်းဂန်နိပါတ်၊ ဇတ် ရာဇဝင်၊ မဟာဝင်က၊ ပုံပြင်ဝထ္ထု၊ စုစု လုံးစုံ၊ နည်းကုံလုံသား၊ ရေးပုံ တဆူ၊ ကျမ်း တမူဖြင့်၊ လွယ်ကူခဏ၊ လိုတိုင်းရအောင်၊ ကပ္ပ ရုက္ခာ၊ ပဒေသာကြီး၊ အစုံသီးသည်။ ။ညီး၏ရွှေပင်ရွှေရိုးတည်း။

(၇) အလောင်း မင်းကျော်၊ မြတ် သားတော်အား၊ ထုတ်ဘော ကုန်စင်၊ သွန်သင် ဆုံးမ၊ ပြည်ပ ပြည်တွင်း၊ ကျန် မကြွင်းအောင်၊ မင်း၏ အဖြစ်၊ စင်စစ် မှန်စွာ၊ အပ်သော့ခါလျှင်၊ ရံကာဝန်းလျား၊ မှူးမတ်များတို့၊ လျှောက်ထားကြောင်းစ၊ တင်ကြခြင်းရာ၊ အမစ္စာ ပုစ္ဆန၊ ခဏ်းလှတပါး၊ ပိုင်းခဲ့ခြားမှ၊ ကြောင်းလျားပြန်မြွက်၊ ဆံ တခက်ဖြင့်၊ ဖြူချက် ခေါင်းမှာ၊ သေမင်းလာ၍၊ မကြာယူမည့်၊ စေသည့်အခြင်း၊ ယမ မင်း၏၊ အချင်း တမန်၊ အမှန်ခုဆိုက်၊ အလံစိုက်ဟု၊ ဆိုထိုက်သဘော၊ မိန့်ဟောသဘာဝ၊ ထင်စွာ ပြသား၊ ဓမ္မ ဒေသနာ၊ တခဏ်းဖြာပြီး၊ ပြည်ရွာ စောင့်ရှောက်၊ မှူးလျောက် မတ်လိုက်၊ ကျင့်ထိုက်သမျှ၊ ကြောင်းချင်းတကို၊ ဆုံးမ မိန့်ပြော၊ မှာခဲ့ ဟောသား၊ အမစ္စော ဝါဒ၊ ထိုမှ တဘော်၊ ညာနန်း ပျော်နှင့်၊ နတ်လျော် တူညီ၊ ဒေဝီ တို့အား၊ ဆုံးမကြားသား၊ တရားနှစ်ဆီ၊ နက်လေး အီသည်၊ ဒေဝီယော ဝါဒ၊ လေး ကဏ္ဌဖြင့်၊ နာမ သာမော၊ နည်းစုံ နှောသား၊ အမစ္စော ဝါဒ၊ စတုတ္ထဟူ၊ ခဏ်းကြီးမူလည်း၊ ရှင်လူ ခပင်း၊ အချင်းမှူးမတ်၊ သူမြတ်ဟူကြ၊ မင်းမိန်းမတို့၊ နားဝ နားတင့်၊ နာသင့် နာဘွယ်၊ ဆင်ကြောင်း ခြယ်သား၊ ရွှေနား သွယ်ပန်း၊ ခိုင်ဝေ လန်းတည့်၊ တင့်ဆန်း ထိန်ညီး၊ မီးထက်မီးသို့၊ ဆီးဖြူ သျှစ်သျှား၊ ဖန်ခါးသရက်၊ စဉ်လျက်မယွင်း၊ အင်းကြင်း ထန်းတော၊ သူယောင် တောနှင့်၊ ငှက်ပျော တရပ်၊ သီးတော စပ်လျက်၊ ရှစ်ထပ် ယူဇနာ၊ တောကြီးကာ၍၊ မဟာ တရု၊ ဇမ္ဗူ့သရေ၊ ကျွန်းထိပ်ဗွေက၊ သပြေရိပ်ထီး၊ ရွှေပင်ကြီး၏၊ ပင်သီး ရွှေတော်၊ တု မမြော်သည်။ ။ ဇမ္မော်နဒရွှေမျိုးတည်း။

(၈) မှူးမတ်လုံးစုံး၊ များဗိုလ်ပုံအား၊ ရွှေ ဘုံစိုးရ၊ လောင်းမဃလျှင်၊ ဆုံးမခဲ့ပြီး၊ နန်းထီးတိုင်းပြည်၊ အတည်တည်ကို၊ ဆီးရည်နှင်းစက်၊ ခန့်မထွက်ဘဲး၊ တောထွက် စွန့်ပစ်၊ မင်းဖြစ်ပယ်ထ၊ နိက္ခမ ခဏ်း၊ ရဟန်း ရသေ့၊ ပြု၍မြို့ထဲး၊ မဝင်ဘဲးလျှင်၊ ရှောင်လွှဲးစိတ်ချ၊ မဃဒေဝ၊ ဉယျာဉ် မနှိုက်၊ နိစ္စမြဲးသို၊ ဗြဟ္မစိုရ် လေးပါး၊ မြတ်တရားကို၊ ပွါးများခြိုးခြံ၊ ကြိုး အားသန်သည်၊ ဗြဟ္ဓံဝိဟာရ၊ တခဏ်း ပြလျက်၊ ကမ္မ ဘူမိ၊ ကျမ်းလာ ယှိတိုင်း၊ နှိုင်းညှိဂန္တန်၊ တိရစ္ဆာန် ပြိတ္တာ၊ မဟာ ခုဒ္ဒက၊ ဉဿဒနှင့်၊ ယမ လောကီ၊ ထိုဤပြောကျယ်၊ ကြီးငယ် ငရဲး၊ ဝေခွဲး ဘောပြ၊ အပါယ ခဏ်း၊ နတ်ဘုံ ခဏ်းက၊ ထက်နန်းဗြဟ္မာ၊ ရူပါရူပ၊ သံသန္ဒတည့်၊ သတ္တခဏ်းငယ်၊ ပေါင်းခြယ် တုံတ၊ ဗြဟ္မ စရိယ၊ ပဉ္စမ ဟု၊ မည်ရခဏ်းကြီး၊ ကန့်ဆီးတတန်၊ အပိုင်းကန်၏၊ ကျမ်းဂန်မညှိ၊ တတ်သိယောင်မှု၊ ချို့ရှင်လူတို၊ အယူမကျ၊ အင်္လာမျှဟု၊ ဒေါသ ယှိတန်၊ နှုတ်ရိုင်းသန်၏၊ ဉာဏ်မနပ်နူး၊ စုန်းမ ကြူးနှင့်၊ နှုတ်ကျူးနှုတ်လွန်၊ ဆိုသူ့ဝန်တည့်၊ ပြစ်ဒဏ်ငါတို့၊ ဘယ်ရိုမြို့အံ့၊ မြင့်မိုရ် သဏ္ဌန်၊ ဆီးစေ့မှန်သို့၊ မပြန်မလှန်၊ သဘောမွန်ရှင့်၊ ဘဝန္တဂူ့၊ သုံးလူ့ ထွတ်ချာ၊ စောမြတ်စွာလည်း၊ သုဘာ သိတ၊ စမ္မံ စသား၊ ပိယသစ္စာ၊ ကျိုးနပ် ရာဟု။ အင်္ဂါလေးတန်၊ ဟောမိန့်ညွှန်၏၊ ထိုက်တန်သူ့အား၊ ကြား၍မငြီး၊ ရှုမငြီးအောင်၊ ပင်သီး ရွှေထက်၊ မြေက ထွက်သား၊ စက်စက်ရောင်ပြို့၊ လောင်အံ့သို့တည်း၊ နွားချိုသဏ္ဌန်၊ ရွှေ သုဝဏ်နှင့်၊ နှိုင်းတန်တမျှ၊ ကျေးဇူးလှလိမ့်၊ ထိုမှ တမျိုး၊ ကပ်ပြု ပျိုးသား၊မိုး၏ပမာ၊ မျိုးလေးဖြာတို့၊ ဘတ်နာသမျှ၊ ပွားသုတဖြင့်၊ ကမ္မသကာ၊ ဉာဏ်မဟာနှင့်၊ သဒ္ဒါသောမန၊ ပုညစေ့မျိုး၊ ကုသိုလ်မျိုးကို၊ ဖွံဖြိုးစည်ပင်၊ လန်းလန်းရွှင်အောင်၊ မြန့်ခွင် မဆံ့၊ အနှံထက်ဝန်း၊ ကြူးဆော်ညွှန်းသည်။ ။သွန်း၏ရွှေရည် ရွှေမိုးတည်။

(၉) မဟာသတ္တော်၊ လောင်းမင်းကျော်လျှင်၊ မိုးပေါ်ရပ်သာ၊ ဗြဟ္ဓာ့ရွာက၊ ဝေးကွာအောက်ထပ်၊ လူ့ပြည်ရပ်သို့၊ တပ်အပ်မျှော်ကာ၊ ကြည့်ခြင်းရာဖြင့်၊ မနုဿာ လောကန၊ နာမ တခဏ်း၊ တန်းခဲ့ နောက်မူ၊ ဆံဖြူတခက်၊ မြင်သည် ရက်နှိုက်၊ တောထွက်မင်းကောင်း၊ လေးထောင်ပေါင်းနှင့်၊ ရှစ်သောင်းမပြည့်၊ ယုတ်လည် နောက်ဆက်၊ တယောက်တွက်ကြောင့်၊ မပျက်စမ့်ငှာ၊ ဆက်လိုစွာ၍၊ ဗြဟ္ဓာက ရွှေ့၊ စုတေ့ ခဲ့တုံ၊လူ့ဘုံ ဇာတိ၊ ကျင်လာဘိသား၊ နိမိ ရာဇ၊ စရိယ ခဏ်း၊ ပိုင်းသန်း ထို့ပြီ့း၊ နေမိ ရာဇာ၊ ဝတိံသာက၊ ပြန်လာဇတ်သိမ်း၊ မှတ်ထိမ်း ဓမ္မတာ၊ သစ္စာပြခဏ်း၊ ဇာတ်ပေါင်းခဏ်းနှင့်၊ နိဒါန်း သိမ်းရုံး၊ နိဂုံးထိုမျှ၊ ငါးခဏ်းပြ၍၊ နိဂမပိုင်း၊ ရွှေကြိုးသိုင်းသား၊ ရှုတိုင်း သာယာ၊ ဤလင်္ကာကား၊ လူ့ရွာနောက်နောင်၊ အကျိုးဆောင်လိမ့်၊ ယခေါင် နိဿရည်း၊ ထိုထိုနည်းနှင့်၊ တောဒည်းအလင်္ကာ၊ ညီညွတ်စွာသော်၊ ကဗျာ ကပ္ပ၊ ထိုဗန္ဓနှိုက်၊ မုချထင်စွာ၊ ထိုဆရာ၏၊ မဟာကဝန်၊ သုခမိန်သနစ်၊ ပဏ္ဌိတ်ဖြစ်ကို၊ စင်စစ်မှန်လှ၊ လင်္ကာပြ၏၊ ဗန္ဓလက္ခဏာ၊ မညီပါမူ၊ ထိုကဗျာပင်၊ ကဗျာ့ရှင်ကို၊ နွားသွင်မုချ၊ ထင်စွာပြ၏၊ သုတကရိုဏ်း၊ စည်ပြန့်လှိုင်းသား၊ မြန့်တိုင်းကြော်ငြာ၊ ဤကျမ်း စာကား၊ နာသာတုံလျက်၊ အနက်မချေ၊ ကိလေသုပ္ပတ်၊ ဟီမတ်သဘော၊ များစွာနှော၍၊ မောင်တောမယ်တော၊ တောင်တောရေပြင်၊ ကောင်းကင်တာရာ၊ ဝဏ္ဏနာနှင့်၊ ဆဲစာရဲးစာ၊ စောင်းချိတ်စာက၊ ဒန္ဒာရီထုတ်၊ မဟုတ်မဟတ်၊ ပြဇတ် ရှုဇာတ်၊ မမှတ်စအပ်၊ သမ္ဖပ္ပလာ၊ ထိုထိုစာသို့၊ နည်းနာမရ၊ မကျအရိုး၊ ဉာဏ်မတိုးဘဲး၊ ကောင်းကျိုးမဲ့မဲ့၊ အပြစ်ပြဲသား၊ ငရဲ့းစိးပွါး၊ မဟုတ်ငြားတည့်၊ နားကြားသမှု၊ ဘတ်ရှုတိုင်းသာ၊ အရာရာနှိုက်၊ ပညာ သုတ၊ ကောင်းကျိုးရလိမ့်၊ ဗာလ ရေးစီ၊ စာ ဗာဟိမူ၊ လောကီလောကုတ်၊ ကောင်းကျိုးယုတ်လျက်၊ ဆီသုတ် သနထော်၊ ဝါယော် ရောင်နု၊ ရွှေနှယ် တုလည်း၊ ရွှေစု မသွင်း၊ မှတ်မဝင်းသည်။ ။ ရွှေဖျင်းရွှေယောင်ရွှေယိုးတည်း။

(၁၀) နှစ်ထောင့် လေးရာ၊ သာ သနာလျှင်၊ ကျော်ကာ လွန်ပြီး၊ တဝက်နီးနှိုက်၊ ညီးညီးထွန်းထိန်၊ နေမွန်းချိန်သို့၊ ရောင်ရှိန်လင်းဝါ၊ ဖြာ့ထက် ဖြာ၍၊ ကောဇာလည်းရင့်၊ ထောင်နှင့် ရာဆယ်၊ ခုကယ်စွန်းထ၊ စိတ္တ ရူပါ၊ သင်္ချာ သွယ်ညွှန့်၊ ဖြိုးကြွယ်ကွန့်သား၊ စောရဟန့်ဖြိုရင်း၊ ပုဂံ ကြွင်းနှင့်၊ မိုးညှင်း သက္ကရာဇ်၊ အင်းဝဖြစ်တိ၊ ပွားသစ်ရှည်တို၊ ခေါ်ဆိုနာမ၊ ဒီဃ ရေဿော၊ နှစ် သဘောလည်း၊ အန္တောပညတ်၊ သူရဇ် ဓာတ်သို့၊ နီးလတ်တုံမြောက်၊ မိ:တောက်နှစ်ဆန်း၊ ဓာတ်သိုက်ပန်းနှင့်၊ ကိန်းခန်း ပေါ်လု၊ များ ထုလူဗိုလ်၊ ပွား ကုသိုလ်ဖြင့်၊ အလိုသမ္မာ၊ပြည်ရွာတိုင်းကား၊ မချောက်ချားဘဲး၊ တရားဆောက်တည်၊ ပညာစည်၍၊ ခိုင်ကျည်မယွင်း၊ မင်းနှင့်ပြည်သူ၊ ရှင်လူ တကာ၊ ပွင်းလင်းသာလျက်၊ မေတ္တာမပျက်၊ စောင့်ရောဘတ်ပြီး၊ အောက်ထက်ညာကြေ၊ ကမ္ဘာမြေထက်၊ ကြည်းရေခရီး၊ ပိတ် မဆီးဘဲး၊ စက်မီး ဓာတ်မီး၊ တညီးညီး တိ၊ လူစီးရထား၊ သင်္ဘောအားဖြင့်၊ နေ့သွား ညသွား၊ မခြားထူပြော၊ စိတ်မနောတိုင်း၊ ရေကြောမြေကြော၊ တောတောင်ဖြတ်နှင့်၊ လေးကျွန်းရှင်တို့၊ လေးခွင် ဒီပါ၊ လှည့်သောခါသို့၊ စကြာပေါ်ဆိုက်၊ခါတော်ခိုက်ဝယ်၊ ဘိုးထိုက်ဤကျမ်း၊ နည်းစုံပြွမ်းလည်း၊ မင်းခမ်းစိုးစု၊ ပညာမှုနှင့်၊ လူမှုရှင်မှု၊ ရောရု စပ်ကာ၊ ပေါ်ထွန်းလာ၏၊ သာသနာရှိန်၊ ထိန်ထိန်ဝင်းလစ်၊ ဤခါခေတ်ကား၊ ယုဂ်သစ်တပါး၊ ဆန်းသော့အားဖြင့်၊ ခိုးသားသူပုန်၊ မမှုန်မဆန်၊ ပုန်မကန်တည့်၊ ဟေမန်ခါစက်၊ ဆောင်းလ ရက်နှိုက်၊ မည်းနက် ရောင်ကျော၊ ငှက် ဉဩတို့၊ သဘော မလွန်၊ မတွန် ဆိတ်ဆိတ်၊ အသံ တိတ်သို့၊ အရိဌ် ဟူသည်၊ ဘေးမြူခပ်သိမ်း၊ ငြိမ်းကြီးငြီမ်းလျက်၊ မုဒိန်းမထွက်၊ ညဉ့်ငှက်မဟုပ်၊ မရှုပ်ပြည်လှေး၊ ခိုးသေးမပေါ်၊ မမော်မကြွ၊တိုက်လောကလုံး၊ ထိုမျှရန်သူ၊ ဦးသေးမပေါ်၊ မမော် မကြွ၊ တိုက်လောကလုံး၊ ထိုမျှရန်သူ၊ ဦး မပြူသည်။ ။ ရာဇူမင်းတို့ တန်းခိုးတည်း။

(၁၁) ဗေဠုဝဟု၊ နာမယှဉ်မှီ၊ ခေါ်သညီနှင့်၊ သုံးလီဂါဝုတ်၊ မယုတ်လည်းကောင်း၊ ထို နတ်စောင်း၏၊ ရှည်လျောင်းစဆုံး၊ စောင့်း လက်ရုံးကို၊ သုံးပုံ ပုံလျက်၊ အထက် ဆဇ္ဇ၊ မဇ္ဈအလယ်၊ အောက်ဝယ် ဘာဂ၊ ဂန္ဓာရ ဟု၊ မာဃဋီကာ၊ ကျမ်းလာအရ၊ သုံးဂါမ တည့်၊ ဉသဘ ဓေဝတ၊ ဆဇ္ဇာဂန္ဓာ၊ မဇ္ဈိမာပဉ္စမ၊ နိသာဒဖြင့်၊ သတ္တ ဟူလျင်း၊ နွားမင်း မြင်းမင်း၊ တွန်ဟီခြင်းနှင့်၊ ဒေါင်းမင်းကေကာ၊ ဆိတ် ကြိုးကြားက၊ သာယာချိုမော၊ ဉဩ ဆင်မင်း၊ တွန်ခြင်း ဟီဟန်၊ အသံ ခုနှစ်ပါး၊ မှတ်ပိုင်းခြားပြီး၊ နွားလားသုံးပေါက်၊ မြင်းသံခြောက်နှင့်၊ ထို့နောက်သံညောင်း၊ ဉဒေါင်းငါးဆစ်၊ ဂန္ဓာနှစ်တိ၊ မဇ္ဈိမ ပုလဲ၊ ခေါ်မြဲး သဖြန်၊ အောက်ပြန် ပဉ္စမ၊ လေးပေါက်မျှလျက်၊ နိသာဒ ညှင်းလုံး၊ ပေါင်းရုံး ညှိးညံ၊ ခုနစ်သံတွင်၊ တသံ ခုနစ်မျိုး၊ လေးဆဲ့ကိုးနှိုက်၊ တီးရိုးမယွင်း၊ နောက်တစ်သွင်း၍၊ တီးခြင်းငါးဆယ်၊ နတ်ပြည် ငယ်တည့်၊ တသွယ်မှတ်ရာ၊ နားမှာ ကြားသင့်၊ သံမြင့် သံသာ၊ နက်စွာ သိမ်မွေ့၊ ဟူ၍မည်ယို၊ လေး သုတိဖြင့်၊ သာဘိ လွန်ခြင်း၊ ဉဒေါင်းမင်းနှင့်၊ မြင်းမင်းတွန်ဟီ၊ သံ နှစ်လီတွင်၊ လေးစီအမျှ၊ အညီရလျက်၊ နောက်ကတပါး၊ ချန်လွတ်ထား၍၊ နွားလားဆိတ်သံ၊ ဉဩသံနှိုက်၊ ကြားသံ သုတိ၊ သုံးစီယှိ၏၊ အာဒိ နှစ်ဖြာ၊ သုတိ မှာကား၊ ကြိုးကြာသံဝယ်၊ အလယ် နှစ်ချင်း၊ ဆင်နှိုက်သွင်းလျက်၊ ကြားခြင်း ဟူဘိ၊ သုတိပေါင်းညီ၊ ဧကဝီတည့်၊ကျူးချီမငြီး၊ တကြိမ်တီးက၊ အံ့ခြီးလူ့ဘော်၊ လေးလကျော်မှ၊ နာပျော်မရဲး၊ အသံစဲးသား၊ နတ်ပွဲလွန်စည်၊ နတ်ပြည်မိုးမြင့်၊ ဘုံခြောက်ဆင့်က၊ မာရ်မင့်း စောင့်ရင်း၊ ဉသျှစ်ဆင်းကို၊ ဝင်းဝင်းပိုက်ကာ၊ ငြိမ့်ဧးစာလျှင်၊ ဂါထာ ဆဲ့ငါး၊ မြတ်စွာကြားအောင်၊ ဘုရားလူ့ဘ၊ သမ္ဗုဒ္ဓ၏၊ ဣန္ဒသာလာ၊ ဂုဟာ နီးကပ်၊ သာတင့်ရပ်က၊ ဂန္ဓဗ်သနင်း၊ သျှောင် ငါးကွင်းနှင့်၊ နတ်မင်း ပဉ္စသီ၊ ဒေဝီရောင်ပ၊ သူရိယဝစ်၊ မ မာန်ယစ်လျက်၊ လက်ရစ်သံစုံ၊ ဉဿုံမချို့၊ ငွေညှို့ ခုနစ်ချောင်း၊ သံမောင်း သံညင်း၊ မတင်းမလျော့၊ လက်ကုန်ဆော့၍၊ ရှင်တော်ထံမှောက်၊ ကျူးသီလျှောက်သို့၊ နှိုင်းထောက်ပမာ၊ နည်းစုံစွာလျှင်၊ သာယာလေးနက်၊ ဂုဏ်ဆယ်ချက်က၊ ဘာဝငါးမျိုး၊ ရသ ကိုးဖြင့်၊ ဉာဏ်နှိုးဆော်ညောင်း၊ ကုံးစီပေါင်းသား၊ နတ်စောင်း လင်္ကာ၊ ဤကျမ်းစာသည်။ ။ ကြားနာ မဝ၊ သုတပွားရန်၊ ဧကန် ဖြစ်စိမ့်၊ အကျိုးတည်း။