မတူပီခရိုင် (အင်္ဂလိပ်: Matupi District) သည် ချင်းပြည်နယ်တွင် ပါဝင်သောခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မတူပီမြို့ဖြစ်သည်။[၁][၂]

မတူပီခရိုင်
ခရိုင်
မတူပီမြို့နယ်မြင်ကွင်း
မတူပီမြို့နယ်မြင်ကွင်း
ချင်းပြည်နယ်အတွင်းတည်နေရာ
ချင်းပြည်နယ်အတွင်းတည်နေရာ
မတူပီခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မတူပီခရိုင်
မတူပီခရိုင်
ချင်းပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 21°35′00″N 93°26′00″E / 21.58333°N 93.43333°E / 21.58333; 93.43333ကိုဩဒိနိတ်: 21°35′00″N 93°26′00″E / 21.58333°N 93.43333°E / 21.58333; 93.43333
နိုင်ငံ မြန်မာ
ပြည်နယ် ချင်း
မြို့နယ်ပေါင်း
ရုံးစိုက်ရာမြို့မတူပီမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်သောမြို့နယ်များ ပြင်ဆင်ရန်

 
မတူပီခရိုင်မြို့နယ်များ
  မတူပီမြို့နယ်

မတူပီခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပလက်ဝမြို့နယ်သည် ၂၀၂၂ခုနှစ် ဧပြီလတွင် ပလက်ဝခရိုင်အဖြစ် အဆင့်တိုးသွားခဲ့သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ယခင်က မင်းတပ်ခရိုင်တွင် မင်းတပ်မြို့နယ်ကန်ပက်လက်မြို့နယ်မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ပြည်သူ့လွှတ်​တော် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ ထို့​ကြောင့် ချင်းပြည်နယ်တွင် ခရိုင် (၄)ခုအထိ ရှိလာခဲ့သည်။ သို့သော် တစ်နှစ်အကြာ ၂၀၁၈ ခုနှစ်အထိ မြေနေရာအခက်အခဲကြောင့် ခရိုင်အဆင့်ရုံးနှင့်ဝန်ထမ်းများ ခန့်အပ်ထားနိုင်ခြင်းမရှိသေးဘဲ မြို့နယ်ရုံးများတွင်သာ ယာယီဖွင့်လှစ်ထားခဲ့ရသည်။[၃][၄][၅]

၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်​​နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခရိုင်များ တိုးချဲ့ဖွဲ့စည်းရာ မတူပီခရိုင်မှ ပလက်ဝမြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်ပြီး ပလက်ဝခရိုင် ဟု ဖွဲ့စည်းခဲ့သည်။[၆]

ပထဝီဝင်အနေအထား ပြင်ဆင်ရန်

နယ်နိမိတ် ပြင်ဆင်ရန်

မြောက်ဘက်တွင် ဟားခါးခရိုင်နှင့် အိန္ဒိယနိုင်ငံမှ မီဇိုရမ်ပြည်နယ်၊ အရှေ့ဘက်တွင် မကွေးတိုင်းမှ ဂန့်ဂေါခရိုင်၊ တောင်ဘက်တွင် ရခိုင်ပြည်နယ်မှ မောင်တောခရိုင်နှင့် မြောက်ဦးခရိုင်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်းဒေသတို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

မတူပီနယ်တွင် မြင့်မားသောတောင်တန်းများတည်ရှိကာ အမြင့်ဆုံးတောင်မှာ (၈၉၆၁)ပေရှိ လုံထိန်းတောင်ဖြစ်သည်။ ပလက်ဝနယ်အတွင်းတွင် တောင်ကုန်း၊ တောင်စွယ်များ တည်ရှိကာ မတ်စောက်ပြီး အောက်ခြေတွင် မြေပြန့်လွင်ပြင်ငယ်များရှိသည်။ ကီမိုတောင်၊ ကားတောင်တို့မှာ ထင်ရှားကာ ပျှမ်းမျှအမြင့်ပေ ၃၇၀၀ရှိသည်။

ရေဆင်း ပြင်ဆင်ရန်

ခရိုင်အတွင်း မြစ်ချောင်းများ ပေါများပြီး လေးမြို့မြစ်နှင့် ကုလားတန်မြစ် (ကစ္ဆပနဒီမြစ်)တို့မှာ ထင်ရှားသည်။ ပီချောင်း၊ ကုလက်ချောင်း၊ ရှင်းလက်ချောင်း၊ မီးချောင်း၊ ပလက်ချောင်း၊ ရူးချောင်းများလည်း တည်ရှိသည်။ ကုလားတန်မြစ်မှာ ဟားခါးမြို့အနီး မြစ်ဖျားခံ၍ သီးမြစ်၊ ဘွေနူးမြစ် စသည့်အမည်များဖြင့် စီးဆင်းခဲ့ကာ အိန္ဒိယနိုင်ငံတွင် သီးပီးမြစ်အမည်ဖြင့် စီးဆင်းသည်။ ထို့နောက် မြန်မာပြည်အတွင်း ပြန်လည်စီးဆင်းပြီး ရခိုင်ပြည်နယ်မှနေ၍ ဘင်္ဂလားပင်လယ်အော်အတွင်း စီးဝင်းသည်။

လူဦးရေ ပြင်ဆင်ရန်

၂၀၁၄သန်းခေါင်စာရင်းကောက်ယူချိန်တွင် မတူပီခရိုင်ကို ဖွဲ့စည်းထားခြင်းမရှိသေးဘဲ မင်းတပ်ခရိုင်လက်အောက်တွင်သာ ရေတွက်ထားသည်။ လက်ရှိမတူပီခရိုင်တွင်ပါဝင်သည့် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်များ (ထိုစဉ်ကမြို့နယ်ခွဲများအပါအဝင်) ၏၂၀၁၄ခုနှစ် လူဦးရေမှာ (၁၄၈,၄၀၄)ဦး ဖြစ်သည်။ ပလက်ဝမြို့နယ်သည် မတူပီမြို့နယ်ထက် လူနေပိုထူထပ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်စဉ်အစီရင်ခံစာများအရ ၂၀၁၉ခုနှစ်တွင် မတူပီမြို့နယ်တွင် ၆၂,၉၆၂ဦး၊ ပလက်ဝမြို့နယ်တွင် ၁၀၈,၇၂၈ဦးရှိရာ မတူပီခရိုင်၏ ခန့်မှန်းလူဦးရေမှာ (၁၇၁,၆၉၀)ဦးဖြစ်သည်။ချင်းလူမျိုးများအများဆုံးနေထိုင်ပြီး ခရစ်ယာန်ဘာသာ အများဆုံးကိုးကွယ်ကြသည်။ ပလက်ဝနယ်ဘက်တွင် ရခိုင်လူမျိုးများပါ နေထိုင်ကြပြီး ဗုဒ္ဓဘာသာကို ဒုတိယအများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး ပြင်ဆင်ရန်

မတူပီခရိုင်သည် ချင်းပြည်နယ်အတွင်း စီးပွားရေးနှေးကွေးသော ခရိုင်ဖြစ်သည်။ ခရိုင်နေလူထုသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည်။ နှမ်း၊ မြေပဲ၊ ချင်း၊ ဝဥနှင့် ဂမုန်းတို့ကို ရခိုင်ပြည်နယ်မှနေ၍ မန္တလေးတိုင်းဒေသကြီးသို့ တင်သွင်းကြသည်။

ပို့ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

ချင်းပြည်နယ်သည် တောင်ကုန်း၊ တောင်တန်း ထူထပ်များပြားသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သည်။ ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေးများ တိုးတက်လာသော်လည်း ခက်ခဲနေဆဲဖြစ်သည်။ မတူပီခရိုင်တွင် မတူပီမြို့နယ်မှ ချင်းပြည်နယ်ရှိ အခြားမြို့များနှင့် မကွေးတိုင်းရှိမြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်သွားလာနိုင်သော်လည်း ခရိုင်အတွင်းရှိ ပလက်ဝမြို့နယ်နှင့် ဆက်သွယ်ရန် ခက်ခဲသည်။ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မော်တော်ကားလမ်းရှိကာ ထိုလမ်းသည် မြို့နယ်အတွင်းရှိ ပလက်ဝဆမီးလိုင်လင်းပီမြို့များသို့ တစ်ဆက်တည်းသွားလာနိုင်သည်။ လိုင်လင်းပီမြို့မှ မတူပီမြို့နယ်ရှိ ရေဇွာမြို့သို့ မြို့နယ်ချင်းဆက်လမ်းရှိသော်လည်း လမ်းခရီးခက်ခဲသည်။

၂၀၁၈ခုနှစ်တွင် လိုင်လင်းပီမြို့၌ ဒေါက်တာဆာဆာဦးဆောင်သော Health and Hope အဖွဲ့က နိုင်ငံတကာအကူအညီဖြင့် လေယာဉ်ကွင်းငယ် တည်ဆောက်ခဲ့သည်။ ထိုလေယာဉ်ကွင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လေယာဉ်ကွင်း ဖြစ်လာခဲ့သည်။[၇]

ပညာရေး ပြင်ဆင်ရန်

၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်သူ ၇၀ရာခိုင်နှုန်းကျော်ရှိသည်။ ပလက်ဝဒေသရှိ ကလေးငယ်များသည် နိုင်ငံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးခြင်း၊ ခက်ခဲခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။[၈][၇]

ကျန်းမာရေး ပြင်ဆင်ရန်

မတူပီမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ပလက်ဝမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တည်ရှိသည်။ ပလက်ဝနယ်တွင် နေထိုင်သူများသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ကလေးငယ်များ ဝမ်းရေဂါဖြင့် သေဆုံးခြင်း၊ အမျိုးသမီးများ မီးဖွားချိန်သေဆုံးခြင်းများ ရှိတတ်သည်။ လိုင်လင်းပီမြို့တွင် ယခင်က အိန္ဒိယနိုင်ငံဘက်သို့သွား၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူရသည် များလည်း ရှိခဲ့သည်။[၇]လိုင်လင်းပီမြို့ရှိ ​လေယာဉ်ကွင်းကို အသုံးပြုလာနိုင်ပါက ကျန်းမာ​ရေး​စောင့်​ရှောက်မှု မြင့်တက်လာနိုင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 19 May 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၃၁.၃.၂၀၁၆)အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 5 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင် ခရိုင်ရုံး တည်ဆောက်ရန် လျာထားမှုကို သဘောမတူဘဲ မြို့၏ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌သာ ဆောက်လုပ်ရန် လိုလားကြောင်း ဒေသခံများက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း။ အီလဲဗင်း သတင်းစာ။
  4. ပလက်ဝမြို့နယ်အား မတူပီခရိုင်အတွင်း ထည့်သွင်းမဖွဲ့စည်းရန် ချင်းပါတီတောင်းဆို။ ဒီဗွီဘီ]။
  5. မတူပီခရိုင်ဖွဲ့စည်းရေး မြေနေရာအခက်အခဲကြောင့်ကြန့်ကြာ။ 28 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. ချင်းပြည်နယ်အတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း
  7. ၇.၀ ၇.၁ ၇.၂ ချင်းတောင်တန်းတွေဆီက မြင့်မားသော မျှော်မှန်းချက်
  8. ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့