မတူပီမြို့နယ်

မတူပီမြို့

မတူပီမြို့နယ် သည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီခရိုင်တွင် တည်ရှိပြီး၊ ချင်းပြည်နယ်၏ ဒုတိယ မြို့တော်အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က သတ်မှတ်ခြင်း ခံခဲ့ရသည်။ မတူပီမြို့နယ်တွင် မတူပီမြို့ရေဇွာမြို့နှင့် လိုင်လင်းပီမြို့ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမှာာ မတူပီမြို့ ဖြစ်သည်။ မတူပီတွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃၉,၀၈၆ ယောက်[၁] ဖြစ်သည်။

မတူပီမြို့နယ်
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်
မတူပီခရိုင်အတွင်းတည်နေရာ (အနီ)
မတူပီခရိုင်အတွင်းတည်နေရာ (အနီ)
မတူပီမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မတူပီမြို့နယ်
မတူပီမြို့နယ်
မတူပီခရိုင်အတွင်းတည်နေရာ (အနီ)
ကိုဩဒိနိတ်: [//geohack.toolforge.org/geohack.php?pagename=%E1%80%99%E1%80%90%E1%80%B0%E1%80%95%E1%80%AE%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA&params=21.604751_N_93.440863_E_type:city_region:

အင်္ဂါဂြိုဟ်သို့ဒုတိယ‌ေ့ခလှမ်းပြင်ဆင်

1971 မေလ ၁၉ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စုမှ ပထမဆုံးအကြိမ်လွှတ်တင်ခဲ့သောMars2 landerသည်သဂြိုဟ်မျက်နှာပြင်သို့ဆင်းသက်နေခစဉ်တွင် ထိခိုက်ပြီးပျက်ကျခဲ့သည်။ သို့သော် ဒူတိယအကြိမ်လွှတ်တင်မှုဖြစ်သည့် 1971 မေလ28ရက်နေ့တွင် လွှတ်တင်ခဲ့ သည့်Mars3landerသည်1971ဒီဇင်ဘာလ2ရက်နေ့တွင်အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ပထမဆူံးဆင်းသက်ခဲ့သည့် လူမဲ့အာကာသယာဉ်ဖြစ်လာခဲ့သည်။NASA ရဲ့လက်ရှိအစီအစဉ်အရ 2030-40ခုနှစ်အတွင်း ပထမဆုံးသော လူသားပါဝင်မည့်အဂ်ါဂြိုဟ်မစ်ရှင်ကိုလုပ်ဆောင်မည် ဟုသိရသည်။ ထိုတာဝန်တွင် အာကာသယာဉ်မှူးများအား ဂြိုဟ်ပေါ်သို့စေလွှတ်လေ့လာစေခြင်း၊ ဂြိုဟ်ပတ်လမ်းကြောင်းတွင်လည်ပတ်ပျံသန်းခြင်းနှင့် ကမ္ဘာသို့ပြန်ပို့ပေးခြင်း လုပ်ငန်းစဉ်များ ပါဝင်မည်ဖြစ်သည်။ ပထမဆုံးလူလိုက်ပါစူးစမ်းမည့်တာဝန် အတွက် အခြေခံလုပ်ငန်းများလည်းစတင်ပြီး လုပ်ကိုင်နေကြပြီဖြစ်သည်။ အဂ်ါဂြိုဟ်ပေါ်တွင် စေလွှတ်ထားပြီးဖြစ်သည့် အာကာသစူးစမ်းရေးယာဉ်သည် ရေဒီယိုသတ္တိကြွမှုနှုန်းများကိုစောင့်ကြည့်လေ့လာနေပြီး ထိုအချက်အလက်များပေါ်မူတည်၍ အာကာသအေဂျင်စီများအနေဖြင့် အဂ်ါဂြိုဟ်ပေါ်သိုလွှတ်တင်မည့် အာသာယာဉ်များ၏ခံနိုင်ရည်နှင့် လူသားများ ထိုဂြိုဟ်အသစ်တွင်သင့်တင့်လျောက်ပတ်စွာ အသက်ရှင်နေရန် လုပ်ဆောင်ကြရသည်။နိုင်ငံတကာအာကာသစခန်း(ISS)ရှိ အာကာသယာဉ်မှူးများသည် အာကာသအလွန်အတွင်းဆက်သွယ်ရေးလုပ်ငန်းများပြုလုပ်နိုင်ရင် စမ်းသပ်နေကြပြီး ဇီဝဗေဒပညာရှင်များက အာကာသအတွင်းအချိန်ကြာမြင့်စွာနေထိုင်မှုကြောင့်ပြောင်းလဲနိုင်သည့် ထိုအာကာသယာဉ်မူးများ၏ ကျန်းမာရေးအခြေအနေများကို စောင့်ကြည့်လေ့လာနေကြရသည်။ လက်ရှိနည်းပညာအရ အဂ်ါဂြိုဟ်ပေါ်သို့သွားရန် ၈လခန့် ၊အပြန် ၈လခန့်ကြာမြင့်မည်ဖြစ်ပါသည်။ ထို့အချိန်ကြာမြင့်မှုကိုလျော့ချနိုင်ရန်အတွက် ၂၀၁၄ခုနှစ်တွင် အာကာသအေဂျင်စီတခုမှ ခရီးတွင်ပို့ဆောင်မည့်လူများအား အချိန်တခုထိအိပ်ပျော်စေမည့် (the state of deep sleep ) နည်းလမ်းတခုကိုလေ့လာခဲ့ပါသည်။ ထိုနည်းလမ်းစိတ်ကူးသည် အာတိတ်ဒေသရှိ ဆောင်းခိုသတ္တဝါများ၏ခန္ဓဖြစ်စဉ်မှ တွေ့ရှိခဲ့ခြင်းပင်ဖြစ်သည်။ လိုက်ပါမည့်သူများအား ဆောင်းခိုခြင်းနည်းဖြင့်အချိန်တခုထိဆွဲ့ဆန့်ကာ ပို့ဆောင်မည့်နည်းလမ်းပင်ဖြစ်သည်။ သို့သော် NASA က ထိုနည်းလမ်းကိုဆက်လက်လေ့လာခြင်းမရှိပဲ ၂၀၁၅ ၌ တွန်းကန်မူနည်းပညာအသစ်ဖြင့် ခရီးကာလ တဝက်ထိလျော့ချနိုင်မည့်နည်းအား အသိပေးချပြခဲ့ပါသည်။ လိုက်ပါသူများသည်ပုံမှန်ဒုံးပျံ၏တွန်းအားဖြင့်ကမ္ဘာပတ်လမ်းအပြင်ထိတွန်းပို့ပေးပြီးနောက် ပတ်လမ်းအပြင်ဘက်ရှိနျူကလီးယားစွမ်းအင်သုံးအာကာသယာဉ်နှင့်ချိတ်ဆက်၍ဆက်လက်ခရီးသွားမည်ဖြစ်သည်။ ထိုသို့ခရီးတိုသွားသည့်အတွက်ကြောင့် ယာဉ်ပေါ်တွင်ယူဆောင်သွားရမည့် ရေနှင့် ရိက္ခာပမာဏကိုလဲလျော့ချနိုင်မည်ဖြစ်သည်။ ခရီးကာလသည်လမ်းကြောင်းတခုကို၄လကြာဖြစ်နေသေးသည်။ ဆိုလိုသည်မှာ ကျဉ်းကျုတ်၍ခြေဆန့်လက်ဆန့်ရန်ပင်ခက်ခဲ့သည့်ယာဉ်ငယ်တခုအတွင်း ထိုမျှနေနိုင်ရန်ခက်ခဲလှသည်၊မဖြစ်နိုင်ဟု ထင်ကြေပေးမှုများရှိလာသည်။ထို့ကြောင့် ၂၀၁၀ခုနှစ်က မော်စကိုမြို့တွင် လူခြောက်ယောက်ပါသည့်အဖွဲ့သည် ရက်ပေါင်း၅၂၀ကြာမည့် ပုံစံတူအဂ်ါဂြိုဟ်ပုံစံတူပြုလုပ်ကာ မစ်ရှင်တခုကို စတင်ခဲ့ပြီးဖြစ်သည်။ သူတို့သည့် အင်္ဂါဂြိုဟ်သွားသကဲ့သို့ပင် ပုံစံတူအာကာသယာဉ်ထဲတွင်အသွား၈လကြာနေပြီးနောက် ဂြိုဟ်ပေါ်ဆင်းသက်သည့်ပုံစံတူပြုလုပ်ခြင်းရှာဖွေစူးစမ်းခြင်းများလုပ်ခဲ့ပါသည်။ ထို့နောက် ကမ္ဘာပေါ်သိူအပြန်ခရီး ၈လကြာ ထိုယာဉ်ငယ်အတွင်းနေခဲ့ကြပါသည်။ ဤသို့အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည့် ပုံစံတူခရီးစဉ်များ လေ့ကျင့်ခဲ့ပြီးဖြစ်ပါသည်။ ထို့သိုပျင်းရိဖွယ်ကောင်းပြီး စိတ်ကျဉ်းကျပ်မှုများသည့် နေရာငယ် အတွင်းရက်ပေါင်းများစွာနေခဲ့ရသော်လည်း ပုံစံတူခရီးစဉ်တွင်ပါဝင်သူများသည် အလွန်အန္တရာယ်ကင်းပြီး ၎င်းတို့စိတ်ထဲတွင်အချိန်မရွေးမစ်ရှင်မှ နှုတ်ထွက်နိုင်သည့်စိတ်သက်သာရာရနိုင်သောအခြေနေတခုရှိနေသေးကြောင်း၊ တကယ့်လက်တွေ့မစ်ရှင်တွင်မှုပိုမိုခက်ခဲကြမ်းတမ်းသော လေဟာနယ်ပတ်ဝန်းကျင်နဲ့ စိတ်အခြေနေမတည်ငြိမ်မှုများ နှုတ်ထွက်မရနိုင်သည့်အခြေနေများရှိကြောင်း ဝေဖန်မှုများဆက်လက်ရှိခဲ့သည်။ ထိုသိူ့ အားနည်းချက်များ လစ်ဟာမှုများရှိနေခဲ့သည့်အတွက်ကြောင့် NASAသည် ပိုမိုခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တခုတွင်ဆက်လက်လေ့ကျင်စေခဲ့သည်။ အန္တာတိတ်နဲ့အတ္တလန္တိတ်သမုဒ္ဒရာအောက်ဘက်တို့တွင် လက်ရှိလေ့ကျင့်မှုများပြုလုပ်နေပြီဖြစ်သည်။ ထိုနေရာရှိလေ့ကျင့်မှုများပေါ်မူတည်၍ လိုအပ်ချက်များကိုမှတ်သားပြီး လက်တွေ့ခရီးစဉ်နှင့်ကွာခြားမှုအနည်းဆုံးဖြစ်အောင်ကြိုးစား၍ ပထမဆုံး လူလိုက်ပါမည့်အဂ်ါဂြိုဟ်မစ်ရှင်အား မြင်တွေ့ရတော့မည်ဖြစ်သည်။ 21°36′17″N 93°26′27″E / 21.604751°N 93.440863°E / 21.604751; 93.440863]
နိုင်ငံ မြန်မာ
ပြည်နယ်Flag of Chin State.svg ချင်း
ခရိုင်မတူပီ
အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မတူပီမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၃၉,၀၈၆[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်းပြင်ဆင်

လွတ်လပ်​ရေးရအပြီး ပါလီမန်​ရွေး​ကောက်ပွဲတွင် အနိုင်ရ​သော အနိုင်ရပါတီမှ အမတ် သီရိပျံချီ ဦးဆန်နိမ်းသည် မတူပီအား မြို့နယ်ရရှိ​အောင်ကြိုးပမ်းရာမှ ၂၂.၃.၁၉၄၉​နေ့တွင် မတူပီမြို့နယ်ဖြစ်လာခဲ့ပြီး နယ်ပိုင်ရုံးစိုက်ခဲ့သည်။၂၅.၅.၁၉၇၃တွင် ပြည်ထဲ​ရေးနှင့်သာသနာ​ရေးဝန်ကြီးဌာနမှ မတူပီမြို့ကိုလည်း​ကောင်း၊၁၇.၉.၁၉၇၃တွင် ရပ်ကွက်၊​ကျေးရွာအုပ်စုများဖြင့်လည်း​ကောင်း ဖွဲ့စည်းခဲ့သည်။[၂]မတူပီမြို့နယ်သည် မင်းတပ်ခရိုင်​လေးမြို့နယ်တွင် ပါဝင်ခဲ့ရာမှ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပလက်ဝမြို့နယ်အား ခရိုင်အဆင့်တိုးမြှင့်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ ထိုအကြောင်းကို ပြည်ထောင်စုလွှတ်တော်မှ ပြည်နယ်အစိုးရအား သဘောထားတောင်းခံသည်။ သို့သော် ပြည်နယ်လွှတ်တော်တွင် ပလက်ဝကို ခရိုင်အဆင့်မြှင့်ရန် သင့်မသင့် မဆွေးနွေးဘဲ မတူပီနှင့် ပလက်ဝမြို့နယ်များအနက် မည်သည့်မြို့နယ်ကို ခရိုင်အဆင့်မြှင့်ရန် မဲခွဲဆုံးဖြတ်ရာ မတူပီမှ ၁၁ မဲ၊ ပလက်ဝမှ ၉ မဲရရှိခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၇ ခုနှစ် ဇွန်လတွင် မင်းတပ်ခရိုင်ကို မူလ ၄ မြို့နယ်မှ မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ ပါဝင်သော မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ပါဝင်သော မတူပီခရိုင်အဖြစ် ခရိုင်(၂)ခုပြောင်းလဲဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ရန် ပြည်ထောင်စုလွှတ်တော်ထံသို့ အကြောင်းကြားခဲ့သည်။ထို့​ကြောင့် မတူပီမြို့နယ်မှာ မင်းတပ်ခရိုင်မှ မတူပီခရိုင်အတွင်း ပါဝင်လာခဲ့သည်။[၃][၄][၅]

ပထဝီဝင်အနေအထားပြင်ဆင်

မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၅ မိနစ်နှင့် ၂၂ ဒီဂရီ ၁၅ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၄မိနစ်နှင့် ၉၅ ဒီဂရီ ၁၅ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄၇၊ တောင်မှမြောက်သို့ ၆၈ မိုင်ရှိပြီး ၂၃၁၆.၈၁ စတုရန်းမိုင် ကျယ်ဝန်းသည်။[၆]

နယ်နိမိတ်ပြင်ဆင်

မတူပီမြို့နယ်၏ အရှေ့ဘက်တွင် မ​ကွေးတိုင်းရှိ ဂန့်​ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်၊ အ​ရှေ့တောင်ဘက်တွင် မင်းတပ်မြို့နယ်၊ အနောက်ဘက်တွင် ပလက်ဝမြို့နယ်၊အ​နောက်​မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ထန်တလန်မြို့နယ်များ တည်ရှိသည်။

လူဦးရေပြင်ဆင်

မတူပီမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မတူပီမြို့နယ် အတွင်း၌ နေထိုင်ကြသော ဌာ​နေလူမျိုးစုများမှာ

  1. ဒိုင်လူမျိုး
  2. မတူလူမျိုး
  3. မရာလူမျိုး
  4. ဒိုးမ်လူမျိုး
  5. စင်တလန်လူမျိုး
  6. ကောင်လောင်လူမျိုး
  7. တွီဖုန်းလူမျိုး စသည်တို့ ဖြစ်သည်။[ကိုးကားချက်လိုသည်]

ပညာ​ရေးပြင်ဆင်

အခြေခံပညာပြင်ဆင်

အထကပြင်ဆင်

အထက်တန်းကျောင်း ၈ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ​ရေဇာ
  • အထက လိုင်လင်းပီ
  • အထက လုံငိုး
  • အထက ဆ​ဘောင်းတယ်
  • အထက စာလ်​ထောင်
  • အထက မားဒူ

အထက(ခွဲ)/အလကပြင်ဆင်

  • အလက (ထ(ခွဲ)) ဖနိုင်
  • အလက (ထ(ခွဲ)) ဆ​ဘောင်းပီ
  • အလက (ထ(ခွဲ)) ​လေဆင်း
  • အလက (ထ(ခွဲ)) ​ရှာတလိုင်း
  • အလက (ထ(ခွဲ)) ​တိန်ဆီး
  • အလက (ထ(ခွဲ)) ​တန်ကူ
  • အလက (ထ(ခွဲ)) ​စခိုင်း
  • အလက ငလိုင်
  • အလက စန်တပ်
  • အလက ဒါရ်လင်း
  • အလက ရန်စီ
  • အလက ရုန်း
  • အလက လာလွီး
  • အလက ​လေကန်း
  • အလက အိုက္ကား
  • အလက တီးဆီး
  • အလက ဆတူး
  • အလက ဆုံဆင်း(ခ)

​*အလက တောင်ဘူ

  • အလက အာရူ
  • အလက ဟရင်ပီ(က)
  • အလက ဟရင်ပီ(ခ)
  • အလက လိုင်လင်းတဲ(ခ)
  • အလက ပါဆင်း(က)
  • အလက ပန်တွီး
  • အလက ​ထောင်လန်

အမကပြင်ဆင်

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၇ကျောင်းရှိသည်။

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၂။
  2. မတူပီမြို့နယ်၏ ​ဒေသဆိုင်ရာအချက်အလက်များအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန
  3. မတူပီမြို့နှင့် ရှစ်မိုင်ခန့်အကွာတွင် ခရိုင်ရုံး တည်ဆောက်ရန် လျာထားမှုကို သဘောမတူဘဲ မြို့၏ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌သာ ဆောက်လုပ်ရန် လိုလားကြောင်း ဒေသခံများက ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်း။ အီလဲဗင်း သတင်းစာ။
  4. ပလက်ဝမြို့နယ်အား မတူပီခရိုင်အတွင်း ထည့်သွင်းမဖွဲ့စည်းရန် ချင်းပါတီတောင်းဆို။ ဒီဗွီဘီ]။
  5. မတူပီခရိုင်ဖွဲ့စည်းရေး မြေနေရာအခက်အခဲကြောင့်ကြန့်ကြာ
  6. မတူပီမြို့နယ်ချင်းပြည်နယ် အစိုးရအဖွဲ့