မန္တလေးယဉ်ကျေးမှုပြတိုက်
မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ ယဉ်ကျေးမှုပြတိုက်
မန္တလေးယဉ်ကျေးမှုပြတိုက်သည် မန္တလေး နန်းတော်၏အနောက်ဖက် လမ်း ၈၀ နှင့် ၂၄ လမ်းထောင့်တွင် တည်ရှိသော ပြတိုက်တစ်ခု ဖြစ်သည်။
မန္တလေး ယဉ်ကျေးမှု ပြတိုက် | |
---|---|
![]() | |
တည်နေရာ | မန္တလေးမြို့၊ မြန်မာနိုင်ငံ |
အမျိုးအစား | ယဉ်ကျေးမှုပြတိုက် |
အသိအမှတ်ပြုမှု | သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန |
ရတနာပုံနေပြည်တော်ကို စိုးစံခဲ့သည့် မင်း ၂ ပါးဖြစ်သော မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ အသုံးအဆောင်များနှင့် အခြားဝန်ကြီးများ၏ပစ္စည်းများ၊ ဆရာချုံ၏လက်ရာ ပန်ချီကားများ ခင်းကျင်းပြသထားသည်။[၁]
ပြတိုက်ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားများအတွက် ၂ ဒေါ်လာနှင့် နိုင်ငံသားများအတွက် လူကြီး ၅၀၀ ကျပ်၊ ကလေး ၂၅၀ ကျပ် ကောက်ခံသည်။
တနင်္လာနေ့မှအပ ကျန်နေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ ဖွင့်လှစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ New Page 1 Archived 2008-12-09 at the Wayback Machine.
ဤ မြန်မာနိုင်ငံရှိ ပြတိုက်များနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |