မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော် (ပါဠိ: Mahādhammakathikabahujanahitadhara; Maha Dhamma Kathika Bahujanahitadhara Title)

ဂုဏ်အင်္ဂါအရည်အချင်းများ ပြင်ဆင်ရန်

  1. ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း။
  2. အနည်းဆုံး သိက္ခာဝါ(၃၀)ရှိခြင်း။
  3. သီလဝန္တဖြစ်ခြင်း။
  4. ဓမ္မာစရိယစာချတန်း အောင်မြင်ပြီးဖြစ်ခြင်း။
  5. အနည်းဆုံး နှစ်(၂၀) နယ်လှည့်တရားဟောကြားခဲ့ခြင်း။
  6. နိုင်ငံတစ်ဝန်း တရားဟောကြားမှု ထင်ရှားကျော်ကြားခြင်း။
  7. ထေရဝါဒပိဋကကျမ်းစာများနှင့် လျော်ညီစွာ နယ်လှည့်ဟောကြားနေခြင်း။
  8. ဗုဒ္ဓဂိုဏ်း၊ ဓမ္မဂိုဏ်း၊ သံဃာ့ဂိုဏ်း၊ ရာဇဂိုဏ်း ကင်းလွတ်စွာ ဟောကြားခြင်း။
  9. သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက် မပြုသူဖြစ်ခြင်း။
  10. ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခဲ့သော ဆရာတော်များ ပြင်ဆင်ရန်

  1. ဘဒ္ဒန္တသာဂရာဘိဝံသ အဘိဓမ္မနယူပဒေသကျောင်း၊ မစိုးရိမ်ကျောင်းတိုက်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  2. ဘဒ္ဒန္တသူရိယာဘိဝံသ မိုးတားကျောင်း၊ အနောက်ခင်မကန်ကျောင်းတိုက်၊ သီရိဟေမာအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  3. ဘဒ္ဒန္တတိက္ခ ဘာဝနာဌာန၊ တောင်စလင်းတိုက်သစ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  4. ဘဒ္ဒန္တဣန္ဒက မဟာစည်ဩဝါဒခံညောင်ကန်အေးသာသနာ့ရိပ်သာ၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
  5. ဘဒ္ဒန္တဉာဏိဿရ သဒ္ဓမ္မသီတဂူချောင်၊ သောတာပန်ရပ်ကွက်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
  6. ဘဒ္ဒန္တဥတ္တရ မြင်းတဲအရှေ့ကျောင်းတိုက်၊ မြင်းတဲကျေးရွာ၊ တောင်သာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  7. ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ မဟာဂန္ဓာရုံကျောင်းတိုက်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ အမရပူရမြို့၊ မန္တလေးတိုင်းဒေသကြီး။
  8. ဘဒ္ဒန္တဇဋိလ ရန်ကုန်ကျောင်းတိုက်၊ အမှတ်(၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
  9. ဘဒ္ဒန္တလက္ခဏ မြစကြာကျောင်းတိုက်၊ သောတာပန်ရပ်ကွက်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ (နောင် တောရဆောက်တည်)
  10. ဘဒ္ဒန္တနာရဒ စည်သာကျောင်း၊ အနောက်ခင်မကန်ကျောင်းတိုက်၊ သီရိဟေမာအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  11. ဘဒ္ဒန္တခေမာသိရီလင်္ကာရ ရွှေကျောင်း၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
  12. ဘဒ္ဒန္တစန္ဒသူရိယ အောင်စကြာကျောင်း၊ သရက်တောကျောင်းတိုက်၊ အမှတ်(၁၂)ရပ်ကွက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
  13. ဘဒ္ဒန္တသုန္ဒရ စတုဘုမ္မိကမဂ္ဂင်ကျောင်းတိုက်၊ အမှတ်(၁၃)ရပ်ကွက်၊ တောင်ငူမြို့၊ ပဲခူးတိုင်းဒေသကြီး။
  14. ဘဒ္ဒန္တပညာဝံသ ရွှေပရိယတ္တိစာသင်တိုက်၊ ပန်းဘဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
  15. ဘဒ္ဒန္တသာသန မဟာမြိုင်ကျောင်းတိုက်၊ မဟာမြိုင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  16. ဘဒ္ဒန္တစန္ဒိမာ သီရိမင်္ဂလာရန်အောင်ကျောင်းတိုက်၊ ဆီဆုံလေးကျေးရွာ၊ ခင်ဦးမြို့နယ်၊ မကွေးတိုင်းဒေသကြီး
  17. ဘဒ္ဒန္တဆေကိန္ဒ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ အမှတ်(၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
  18. ဘဒ္ဒန္တသောဘဏ ရွှေမြင့်မိုရ်ကျောင်းတိုက်၊ အမှတ်(၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
  19. ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ဓမ္မသမိဒ္ဓိကျောင်း၊ မစိုးရိမ်တိုက်သစ်၊ စိန်ပန်း(သဗြူး)ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  20. ဘဒ္ဒန္တသုနန္ဒ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်၊ ကုန်းမြင့်သာယာရပ်ကွက်၊ မိုးကုတ်မြို့၊ မန္တလေးတိုင်းဒေသကြီး။
  21. ဘဒ္ဒန္တဝိဇ္ဇောဘာသာလင်္ကာရ ရွာဦးကျောင်းတိုက်၊ ပေါင်းလောင်းလေးကျေးရွာ၊ ကျောက်ဆည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  22. ဘဒ္ဒန္တဒေဝိန္ဒ ဘော်ကြိုဘုရားကြီးကျောင်းတိုက်ဘော်ကြိုကျေးရွာ၊ သီပေါမြို့နယ်၊ ရှမ်းပြည်နယ်
  23. ဘဒ္ဒန္တဉာဏသိရီ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့၊ ရှမ်းပြည်နယ်။
  24. ဘဒ္ဒန္တဓမ္မသာမိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၊ ပန်းတင်ကျေးရွာအုပ်စု၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်
  25. ဘဒ္ဒန္တစိန္တိတာလင်္ကာရ ပစ္ဆိမာရုံစာသင်တိုက်၊ အမှတ်(၉)ရပ်ကွက်၊ မော်လမြိုင်ကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီး။
  26. ဘဒ္ဒန္တဣန္ဒက ဓမ္မမာမကကျောင်း၊ ညောင်ကန်ကျောင်းတိုက်၊ ချမ်း/တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  27. ဘဒ္ဒန္တတေဇာစာရ ရတနာလင်္ကာရကျောင်း၊ ဥသျှစ်ကုန်းကျောင်းတိုက်၊ ရွှေလှေစုရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
  28. ဘဒ္ဒန္တကောသလ္လ ဓမ္မစေတီထေရဝါဒသာသနာပြုစာသင်တိုက်၊ အမှတ်(၄၂)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
  29. ဘဒ္ဒန္တနာရဒါဘိဝံသ အောင်ချမ်းသာ မြန်မာဗုဒ္ဓဘာသာကျောင်း၊ Maple-grove လမ်း၊ La Puente မြို့၊ ကယ်လီဖိုးနီးယားပြည်နယ်အမေရိကန်ပြည်ထောင်စု
  30. ဘဒ္ဒန္တ​ဝေပုလ္လဇောတိ သာသန​ဝေပုလ္လခိုနားရာပင်မဓမ္မရိပ်သာ​ကျောင်းတိုက်၊ လင်းလွန်း​(​တောင်)ရပ်ကွက်၊ စမ်း​ချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
  31. ဘဒ္ဒန္တတေဇောသာရ ဇေတဝန်တောရစာသင်တိုက်နှင့်တရားဓမ္မရိပ်သာကျောင်းတိုက်၊ ဈေးဟောင်းရပ်ကွက်၊ ဟားခါးမြို့၊ ချင်းပြည်နယ်။
  32. ဘဒ္ဒန္တစန္ဒသိရီ ဓမ္မဒီပကျောင်းတိုက်၊ ရပ်ကွက်ကြီး(၇)၊ ပြင်ဦးလွင်မြို့၊ မန္တလေးတိုင်းဒေသကြီး။

ကိုးကား ပြင်ဆင်ရန်