မဟာသမ္မတ
မဟာသမ္မတသည် မြောက်ဦးနေပြည်တော်ကို ၁၇၈၂ ခုနှစ်မှ ၁၇၈၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်သည်။ မဟာသမ္မတသည် ရခိုင်ဘုရင်နိုင်ငံ၏ နောက်ဆုံးဘုရင် ဖြစ်သည်။ အမည်အရင်း သတိုးအောင် ဖြစ်သည်။
မဟာသမ္မတရာဇာ | |||||
---|---|---|---|---|---|
ရခိုင်ဘုရင် | |||||
နန်းသက် | ၂ ဒီဇင်ဘာ ၁၇၈၂ - ၉ ဇန်နဝါရီ ၁၇၈၅ | ||||
နန်းတက်ချိန် | ၁၁၄၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၄ ရက်၊ တနင်္လာနေ့ | ||||
ရှေ့မင်းဆက် | စန္ဒသတိဿရာဇာ | ||||
မွေးဖွား | ၁၇၄၂ ခုနှစ် မြန်မာသက္ကရာဇ် ၁၁၀၆ ခုနှစ် ရမ်းဗြဲကျွန်း | ||||
ကွယ်လွန် | ၁၇၈၆ ခုနှစ် မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ် အမရပူရ | ||||
ထာဝရ အိပ်စက်ရာ နေရာ | အမရပူရ | ||||
အိမ်ထောင်ဖက် | စောမယ်ပုံ၊ တန်ဆောင်းမိဖုရား မြသန္တာ | ||||
သားသမီးများ | မောင်ဝက်တောင်း၊ မောင်ရဲဘော်၊ မှောက်တော်ကြီး၊ မှောက်တော်လတ် | ||||
| |||||
ခမည်းတော် | မသိရှိရပါ | ||||
မယ်တော် | မသိရှိရပါ | ||||
ကိုးကွယ်မှု | ထေရဝါဒဗုဒ္ဓဘာသာ |
အစောပိုင်းဘဝ ပြင်ဆင်
မဟာသမ္မတကို ၁၇၄၂ ခုနှစ် မြန်မာသက္ကရာဇ် ၁၁၀၆ ခုနှစ် ရမ်းဗြဲကျွန်း၌ မွေးဖွားခဲသည်။ အမည်အရင်း သတိုးအောင် ဖြစ်သည်။ စန္ဒသတိဿရာဇာ၏ တူမကိုလက်ထက်ခဲသည်။
အမွေဆက်ခံသူ သက်စံရွှေပင်က ရမ်းဗြဲကျွန်းတွင် ဖခင် စန္ဒသတိဿရာဇာမင်းကို ပုန်ကန်ခဲ့သည်။ ထိုကြောင် ၁၇၈၂ ခုနှစ် စန္ဒသတိဿရာဇာ ကွယ်လွန်သောအခါ မှူးမတ်များ စုရုံးကာ ရမ်းဗြဲမြို့စား သတိုးအောင် လက်ဝဲမြန်အမတ် ရာထူး နှင် ဘုရင် ဖြစ်ခံအပ်ခဲသည်။ သူ၏ မိဖုရားမှာ စောမယ်ပုံ ဖြစ်သည်။ ညီဖြစ်သူ ကျော်ပုံကို ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ညီတော် ချစ်လှရွှေကို အိမ်ရှေ့မင်းအဖြစ် ခန့်အပ်ခဲ့သည်။
ဘုရင်ဘဝ ပြင်ဆင်
မဟာသမ္မတရာဇာမင်း လက်ထက်တွင် မြောက်ဦးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများကိုသာ အုပ်ချုပ်နိုင်ခဲ့သည်။ နိုင်ငံ၏ ဒေသအများအပြားကို သူပုန်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ ထိုသူပုန်များထဲတွင် ကျော်ထွေးသည့် အင်အား အကောင်ဆုံးဖြစ်ပြီး ရခိုင်တောင်ပိုင်းဒေသကို ချုပ်ကိုင်ထားသည်။
မဟာသမ္မတရာဇာသည့် ဗိုလ်ချုပ်ကျော်ပုံ အကူအညီဖြင့် ပုန်ကန်မှုကို နှိမ်နင်းရန် ကြိုးစားခဲ့သည်။ ကျော်ထွေးအပါအဝင် သူပုန်အများ မကြာမီ ငြိမ်းချမ်းရေးဖွဲ့ကာ မဟာသမ္မတရာဇာမင်း၏ အာဏာကို အသိအမှတ်ပြုခဲ့ကြသည်။ သို့သော မိမိတို့၏မြေများကို ဆက်လက် ချုပ်ကိုင်ထားသည်။
၁၇၈၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် မဟာသမ္မတရာဇာမင်းသည့် မဟာမုနိဘုရာ သွားရောက်လည်ပတ်ခဲ့သည်။ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဒုတိယမြောက် နန်းတက်ပွဲ အခမ်းအနား ကျင်းပပြီး အဂ္ဂေါပုညာဇောရာဇာ (အဂ္ဂေါပုညာဇောရာဇာ) ဘွဲ့ကို ခံယူခဲ့သည်။
ဗမာကျူးကျော်စစ် ပြင်ဆင်
ကျမ်းပြုစာစုစာရင်း ပြင်ဆင်
- Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
- မြတ်စိုး, ed. (၁၉၆၄)။ မြန်မာ့စွယ်စုံကျမ်း (မြန်မာဘာသာစကားဖြင့်)။ ၉ (၁ ed.)။ ရန်ကုန်မြို့: စာပေဗိမာန်။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
- မြင့်ဦး၊ သန့် (၂၀၀၆)။ The River of Lost Footsteps—Histories of Burma။ Farrar, Straus and Giroux။ ISBN 978-0-374-16342-6။
- စန္ဒမာလာလင်္ကာရ၊ အရှင် (၁၉၃၁)။ ရခိုင်ရာဇဝင်သစ်ကျမ်း (မြန်မာဘာသာစကားဖြင့်)။ ၁–၂ (၁၉၉၇ ed.)။ ရန်ကုန်မြို့: တက်လမ်းစာပေ။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
ဤ မြန်မာမင်းမျိုးမင်းနွယ် အတ္ထုပ္ပတ္တိမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |